bih.button.backtotop.text

ကမ္ဘာ့ကင်ဆာနေ့ : ကင်ဆာကင်းစင်သောကမ္ဘာသို့ အတူတကွချီတက်ခြင်း

հունվարի 31, 2020
ကင်ဆာရောဂါသည် ၂၁ ရာစုတွင် ကျွန်ုပ်တို့၏ကျန်းမာရေးနှင့် သုခချမ်းသာအပေါ် အကြီးမားဆုံး ရန်သူတစ်မျိုး ဖြစ်သည်။ လက်ရှိနှုန်းအားဖြင့် ၄င်းသည် သေဆုံးရသည့် နံပါတ်တစ်အကြောင်းရင်းအဖြစ် နှလုံးရောဂါထက် မကြာမီ ပိုများလာလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးနီးပါး မည်သူမျှ ကင်ဆာရောဂါဖြင့် မကင်းကွာနိုင်ပါ။ အနဲဆုံး တစ်ဦးတယောက်သည် ကင်ဆာဖြစ်ဘူးကြောင်း သို့မဟုတ် မသိမသာကပ်လွဲကြောင်း ကျွန်ုပ်တို့အားလုံး သိရှိကောင်း သိရှိကြမည် ဖြစ်သည်။ ၂၀ဝ၀ ခုနှစ်တွင် ပဲရစ်မြို့၌ ကျင်းပသော ကင်ဆာတားဆီးရေးကမ္ဘာ့ထိပ်သီးညီလာခံတွင် ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံ့ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ကမ္ဘာ့ကင်ဆာနေ့အဖြစ် ကြေညာခဲ့သည်။ ကမ္ဘာ့ကင်ဆာနေ့၏ရည်ရွယ်ချက်မှာ ကင်ဆာရောဂါကို သတိထားမှုမြှင့်တင်ပေးရန်၊ ဘက်ပေါင်းစုံ နားလည်မှု မြှင့်တင်ပေးရန်၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ ကမ္ဘာတဝှမ်းလုံးရှိ အစိုးရများကို သတိပေးရန် ဖြစ်သည်။

 

ကင်ဆာရောဂါ မည်မျှ နီးစပ်ပါသလဲ? 

၁၉၉၀ ခုနှစ်မှစ၍ စာရင်းအင်းများအရ နှစ်စဉ် လူနာသစ် ၈.၁ သန်းကျော်ရှိကြောင်း ဖော်ပြသည်။ ၂၀၁၈ ခုနှစ်တွင် ကင်ဆာလူနာသစ် ၁၈.၁ သန်းကျော် နှစ်စဉ် ဖြစ်ပွားနေသည်။ အဖြစ်အများဆုံး ကင်ဆာရောဂါ ၃ မျိုးမှာ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာရောဂါတို့ဖြစ်ကြသည်။ ဤအကြောင်းကို ကမ္ဘာမှ ပိုမိုအလေးအနက်မထားပါက ၂၀၃၀ ခုနှစ်တွင် ကင်ဆာရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁၃.၁ သန်း အသေအပျောက်ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
 
မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် ကင်ဆာရောဂါဖြစ်ပွားနေသူများ၏ ၄၀% သည် ကုသပျောက်ကင်းနိုင်ပြီး ရောဂါပျောက်ကင်းသူဦးရေသည် တဖြည်းဖြည်း တိုးလာသည်။ ၄င်းသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကင်ဆာရောဂါကို အသေးစိတ်လေ့လာ၍ နားလည်မှုရှိအောင်၊ ကင်ဆာရောဂါတိုက်ဖျက်ရေးရှုထောင့်အားလုံးတွင် တီထွင်ဆန်းသစ်မှုမြင့်မားလာအောင် တွန်းအားပေးလုပ်ဆောင်မှု၏ ရလာဒ် ဖြစ်သည်။ ကင်ဆာရောဂါစစ်ဆေးချက်၊ ကုသမှုနှင့် ပြုစုပျိုးထောင်မှုတို့သည် အဖက်ဖက်တွင် အဆင့်မြင့်မားလာပြီး ကင်ဆာရောဂါသည် ကုသပျောက်ကင်းနိုင်ကြောင်း ယနေ့လူနာများသို့ ယုံကြည်မှု အလွန်မြင့်မားစွာပေးနိုင်သည်။


အဆင့် ၁၊ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဆေး ဖြစ်သည်

သင့်ကျန်းမာရေးကို ကောင်းမွန်စွာစောင့်ရှောက်ခြင်း၊ မှန်ကန်စွာ စားသောက်ခြင်းများကို သင်အနေဖြင့် လုပ်ဆောင်ခြင်းအပြင် ဆေးဘက်ဆိုင်ရာအသိုင်းအဝန်းသည်လည်း ကင်ဆာရောဂါ ကာကွယ်ရေးတွင်လည်း တစိတ်တပိုင်း ပါဝင်သည်။ ယခုအခါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV ကာကွယ်ဆေး) ရှိနေပြီ ဖြစ်ပြီး အသက် ၉ - ၄၄ နှစ် လူနာများအတွက် တစ်ကြိမ်တည်း ထိုးရုံဖြင့် ရာသက်ပန် ကာကွယ်ပေးနိုင်သည်။ (ထိုးဆေးအကြိမ်သည် လူနာ၏အသက်အရွယ်အပေါ် မူတည်သည်။) ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားစေသည့် ဗိုင်းရပ်ပိုး ကာကွယ်ပေးပြီး အမျိုးသားများအတွင်း ကြွက်နို့၊ စအိုကင်ဆာကြီးထွားမှု ကာကွယ်ပေးသည်။
 
စဉ်ဆက်မပြတ် တိုးပွားလာသော ဗဟုသုတများသည် ကင်ဆာရောဂါအတွက် ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်သည်။ ဥပမာ အဆုတ်ကင်ဆာသည် ဆေးလိပ်သောက်ခြင်းမှ ဖြစ်ပွားကြောင်း သိရှိခြင်းသည် ဆေးလိပ်ဖြတ်ရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းသော နေရာ ရှောင်ရှားရန် အကြောင်းပြချက်ကောင်း ဖြစ်သည်။ ဤဗဟုသုတများသည် အချို့သောအခြေအနေတွင် လေထုညစ်ညမ်းမှုမှ ကာကွယ်ရန် Mask တပ်ခြင်း သို့မဟုတ် အရေပြားကင်ဆာမှ ကာကွယ်ရန် အန္တရာယ်ရှိသော နေရောင်ခြည်ကာကွယ်ရေးကိရိယာ ဝတ်ဆင်ခြင်း ပြုလုပ်ရန် ညွှန်ပြနိုင်လိမ့်မည် ဖြစ်သည်။

 
အဆင့် ၂၊ ရောဂါနုစဉ် လက္ခဏာပြခြင်းသည် ကုသမှုအောင်မြင်နိုင်သည့်သော့ချက် ဖြစ်သည်

ကင်ဆာရောဂါ၏ ခက်ခဲနက်နဲမှုကြောင့် ကျွန်ုပ်တို့သည် ကျန်းမာရေးကို အထူးဂရုစိုက်သော်လည်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်။ ကင်ဆာဖြစ်ပွားနိုင်ခြေသည် အသက်ကြီးလာသည်နှင့်အမျှ များပြားလာသည်။ သို့သော်လည်း ကင်ဆာရောဂါသည် အခြားရောဂါများကဲ့သို့ စစ်ဆေးတွေ့ရှိမှု မြန်ဆန်လေ ကုသမှု ပိုလွယ်ကူလေ ဖြစ်သည်။ လွယ်ကူ၍ ထိရောက်သော စစ်ဆေးနည်းလမ်းများကို တီထွင်ထားပြီး ယခုအခါ တွင်ကျယ်စွာ အသုံးပြုလျှက် ရှိသည်။
  • မင်မိုဂရမ် (Memmogram) သည် ရင်သားကင်ဆာရောဂါ စစ်ဆေးမှုတွင် စံချိန်ကောင်းတစ်ခု ဖြစ်သည်။ အသက် ၄၀ နှစ် အထက် (သို့မဟုတ် မိသားစုတွင် ကင်ဆာရောဂါမျိုးရိုးရှိပါက ၄၀ နှစ်အောက်) အမျိုးသမီးများ စစ်ဆေးရန် အကြံပြုသည်။
  • အဆုတ်ဓာတ်မှတ်ရိုက်ခြင်း - သင်၏ နှစ်စဉ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတခု ဖြစ်နေပြီ ဖြစ်သည် -  အဆုတ်ကင်ဆာ ရောဂါအပြင် တီဘီရောဂါ စစ်ဆေးနည်းတခု ဖြစ်သည်။
  • သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရန် Pap smear စစ်ဆေးခြင်းနှင့် ကင်ဆာရောဂါ ဖြစ်စေသောဗိုင်းရပ်ပိုး စစ်ဆေးရန် HPV DNA စစ်ဆေးခြင်း။ အသက် ၃၀-၆၅ နှစ်ရှိ အမျိုးသမီးများ ၅ နှစ်တစ်ကြိမ် ဤစစ်ဆေးမှု ခံယူသင့်သည်။
  • Colonoscopies သည် အစာအိမ်ကင်ဆာနှင့် စအိုကင်ဆာ စစ်ဆေးနိုင်သည်။ အသက် ၄၅ နှစ်အထက် အမျိုးသားနှင့် အမျိုးသမီးများ စစ်ဆေးရန် အကြံပြုသည်။
  • သွေးရှိ PSA ပမာဏ စစ်ဆေးခြင်းသည် ဆီးကျိတ်ကင်ဆာကို စစ်ဆေးပေးသည်။ အသက် ၅၀ နှစ်အထက် အမျိုးသားများ စစ်ဆေးရန် အကြံပြုသည်။
ထို့အပြင် ၄င်းသည် သင်၏ကိုယ်ခန္ဓာကို သတိပြုရန်နှင့် သတိထားနိုင်ရန်အတွက် ဖြစ်သည်။ သင်သည် မူမမှန်မှုများ ဥပမာ မူမမှန်သောကြီးထွားမှု၊ ပုံမှန်မဟုတ်သောကြီးမားသည့် ကြွက်နို့ သို့မဟုတ် အစက်အပြောက် သို့မဟုတ် သိသာထင်ရှားသော သင့်အစာအိမ်ရွေ့လျားမှုများ တွေ့ရှိရပါက ဆရာဝန်ပြသရန် အကြံပြုသည်။


အဆင့် ၃၊ ကုသမှုတွင် ကန့်သတ်ချက်ဘောင်ကျယ်ပြန့်လာခြင်း

ကင်ဆာလူနာအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် များပြားလာသော်လည်း ပျောက်ကင်းမှုအရေအတွက်သည်လည်း နှစ်စဉ် တိုးမြှင့်လာလျှက်ရှိသည်။ ၄င်းသည် အများအားဖြင့် ပိုကောင်းမွန်သောစစ်ဆေးမှုတိကျခြင်း၊ လွန်ခဲ့သောနှစ်များနှင့် နှိုင်းယှဉ်ပါက အဆင့်မြင့်ကုသမှုရွေးချယ်စရာများ ရရှိနိုင်မှုတို့ကြောင့် ဖြစ်သည်။ ယခုအခါ ရောဂါနုချိန်စစ်ဆေးတွေ့ရှိပြီးနောက် ချက်ချင်းဆိုသလို အဖုတွင် ကင်ဆာကို အောင်မြင်စွာ ညှစ်ထုတ်နိုင်သည်အထိ စွမ်းဆောင်နိုင်မှု ရှိနေပြီ ဖြစ်သည်။ နားလည်အောင်ရှင်းပြရမည်ဆိုပါက ရက်သားကင်ဆာသည် လွန်ခဲ့သော ၂၀ နှစ်အတွင်း သုံးပုံတစ်ပုံ (၁၉၉၆ ခုနှစ် အမျိုးသမီး ၁၀ဝ,ဝ၀ဝ ယောက်တွင် ၂၉.၄ မှ ၂၀၁၆ ခုနှစ်တွင် အမျိုးသမီး ၁၀ဝ,ဝ၀ဝ ယောက်တွင် ၂၀ သို့) ကျဆင်းလာပြီ ဖြစ်သည်။ ငါးနှစ်ကြာ ရောဂါပျောက်ကင်းမှုနှုန်း ၅% ထက်နဲသော ပြန့်ပွားမှုအဆင့် အဆုတ်ကင်ဆာသည် ကိုယ်ခံစွမ်းအားစစ်ဆေးရေးကုထုံး၏ ကျေးဇူးကြောင့် ယခုအခါ လူနာ ၁၅-၂၀% ပျောက်ကင်းကြောင်း တွေ့ရသည်။

ဓာတုကုထုံး၏ ဘေးထွက်ဆိုးကျိုးများသည် လူနာများ၏ ဘဝအရည်အသွေးကို ကြီးမားစွာ ထိခိုက်နိုင်သောကြောင့် အလွန် ကြောက်ရွံ့မှု စိုးရိမ်မှု ဖြစ်လေ့ရှိသည်။ သို့သော်လည်း ယခုအခါ ဖော်မျူလာအသစ်သည် ဘေးထွက်ဆိုးကျိုး ပိုနဲသည်။ အသုံးပြုများလာသော ပစ်မှတ်ထားကုထုံး၏ဆိုလိုချက်မှာ ပိုမိုထိရောက်မှုရှိခြင်း၊ သိသာထင်ရှားစွာ ပိုနဲသည့် ဘေးထွက်ဆိုးကျိုးဖြင့် ကင်ဆာဆဲလ်များသာ ထိခိုက်မှုရှိခြင်းကို ဆိုလိုသည်။ ပစ်မှတ်ထားကုထုံးသည် အလွန်ရှုပ်ထွေးသော ကင်ဆာအမျိုးအစား ဥပမာ ဆီးကျိတ်ကင်ဆာ သို့မဟုတ် sarcoma ကင်ဆာရောဂါတွင် ထိရောက်မှု ရှိသည်။
သင်သည် ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သင်မည်မျှ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊  သင် အလွန်မြင့်သည့် ရာထူးကြီးသူဖြစ်စေ သို့မဟုတ် ဒုက္ခသည်တစ်ယောက်ဖြစ်စေ ကင်ဆာရောဂါသည် လူတိုင်းအား တန်းတူ ခြိမ်းခြောက်သည်။ ကမ္ဘာ့ကင်ဆာနေ့သည် ကျွန်ုပ်တို့အားလုံးအား မျှော်လင့်ချက်ရှင်သန်နိုင်ကြောင်း၊ ကျွန်ုပ်တို့အားလုံးမှ သတိမူ၍ အမြဲသတိထားခြင်းဖြင့် မိုးကုတ်စက်ဝိုင်းမှ လင်းရောင်ခြည်များသည် ညီတူညီမျှ ရရှိနိုင်ကြောင်း၊ ကင်ဆာရောဂါ တွေ့ရှိရပါက ချက်ချင်း ကုသမှုခံယူသင့်ကြောင်း သတိပေးသည့် သင်္ကေတတစ်ခုဖြစ်သည်။ သင် မည်သူဖြစ်နေပါစေ ကမ္ဘာ့ကင်ဆာနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “I am and I will” ဆောင်ပုဒ်သည် ကင်ဆာရောဂါကင်းစင်သည့်ကမ္ဘာသို့ စုပေါင်းချီတက်ရမည့်ခရီး တစ်စိတ်တပိုင်း ဖြစ်ပါသည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs