bih.button.backtotop.text

မွေးကင်းစကလေးများအတွက်အထူးကြပ်မတ်ကုသခြင်း

ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်သည် လမစေ့ပဲမွေးသော   ကလေးများနှင့် မကျန်းမာသော မွေးကင်းစကလေးများအတွက် အထူးပြုစုစောင့်ရှောက်ပေးပါသည်။ ခေတ်အမှီဆုံး နည်းပညာများနှင့်အတူ အထူးလေ့ကျင့်ထားသော ဆေးပညာရှင်များနှင့်သူနာပြုများပါဝင်သည့်အဖွဲ့သည် အထူးကြပ်မတ်ကုသရန်လိုအပ်သော ကလေးငယ်များအတွက် အဆင့်အမြင့်ဆုံး စောင့်ရှောက်မှု၊ ဘေးကင်းလုံခြုံမှုများဖြင့် တစ်ရက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေပါသည်။

အထူစောင့်ရှောက်မှုပေးရန်လိုအပ်သောကလေးများ

မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှ အောက်ဖော်ပြပါခြေအနေများရှိသော မွေးကင်းစကလေးများကို အထူးစောင့်ရှောက်မှုများပေးနေပါသည်။

  • လမစေ့ပဲမွေးခြင်း (၃၆ ပတ်မတိုင်မီမွေးခြင်း)
  • ပေါင်ချိန်မပြည့်သောကလေး (၂၅၀၀ ဂရမ်အောက်)
  • နှစ်မွှာပူး၊ သုံးမွှာပူး (သို့) အခြားအမွှာပူးများ
  • အောက်ဖော်ပြပါအခြေအနေများဖြင့် မွေးဖွားလာသော မွေးကင်းစကလေးများ
  • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
  • နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
  • အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ
  • အာရုံကြောဆိုင်ရာရောဂါများ
  • ဝမ်းနှင့်ပတ်သက်သောပြဿနာများ
  • မွေးရာပါချို့ယွင်းချက်များ
  • ရောဂါပိုးကူးစက်ခြင်း
  • သွေးထဲတွင်သကြားဓာတ်နည်းခြင်း
  • အသက်ဘေးနီးအခြေအနေများ

လမစေ့ပဲမွေးသောကလေးများနှင့် မကျန်းမာသော မွေးကင်းစကလေးများသည် ဘမ်ရွန်ဂရက်ဆေးရုံကြီး မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် အကောင်းဆုံးစောင့်ရှောက်မှုကို လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အထူးလေ့ကျင့်ထားသော ဆေးပညာရှင်များအဖွဲ့တွင် အောက်ပါပညာရှင်များပါဝင်ပါသည်။

  • ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက် ကလေးများကိုစောင့်ရှောက်မှုပေးရန် မွေးကင်းစကလေးအထူးကုများ
  • သားဖွားအထူးကုများ
  • ကလေးအထူးကုများ
  •  မွေးကင်းစကလေး၏ အသက်ဘေးနီးအခြေအနေများစောင့်ရှောက်ခြင်းတွင် အထူးကျွမ်းကျင်သော သူနာပြုများအပါအဝင် ကျွမ်းကျင်သူနာပြုများ
  • မွေးလူနာနှင့်မွေးကင်းစကလေးငယ်စောင့်ရှောက်ရေးဌာန ရှိ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးအကြံပေးများ
  • မိခင်နို့တိုက်ကျွေးပေးသည့်သူနာပြုများ
  • ဆေးဝါးကျွမ်းကျင်များ

မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်ရှိ ဆေးပညာရှင်များအဖွဲ့သည် အကောင်းဆုံး ကုသမှုအစီအစဉ်အတွက် အတူတကွဆောင်ရွက်ကြပါသည်။

မွေးကင်းစကလေးများအတွက် ဘေးကင်းမှုအရှိဆုံးနှင့် အကောင်းဆုံးစောင့်ရှောက်မှုကို ပေးနိုင်ရန်         ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တွင် ခေတ်မှီသော ဆေးဘက်ဆိုင်ရာ နည်းပညာများပံ့ပိုးထားပါသည်။

  • အသက်ရှုစက်
  • အသက်မရှုနိုင်သည့်အခါတွင် အောက်စီဂျင် လဲလှယ်ရန်အတွက် ကြိမ်နှုန်းမြင့် အသက်ရှုစက်
  • နှလုံးစောင့်ကြည့်စစ်ဆေးစက်
  • မွေးကင်းစကလေးများအတွက် ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရန် အပူပေးစက်
  • မွေးကင်းစကလေးများကို အရွှေ့အပြောင်းတွင်သုံးသောတွန်းလှည်း
  • နှလုံးနှင့်အဆုတ်လုပ်ဆောင်ချက်များ စောင့်ကြည့်စစ်ဆေးစက်
  • အကြောဆေးသွင်းစက်
  • မွေးကင်းစကလေးများ အသားဝါသောအခါ အလင်းရောင်ပေးကုသခြင်း
  • မွေးကင်းစကလေးများကို ပြုစုစောင့်ရှောက်ပေးခြင်း
  • အသက် ၁ လ မကျော်သေးသော မွေးကင်းစကလေးများကို အခြားသောဆေးရုံများနှင့် အထူးကြပ်မတ်ကုသဆောင်များမှ လွှဲပြောင်းယူခြင်း
  • ကလေးငယ်အားစောင့်ရှောက်ခြင်းနှင့် မိခင်နို့တိုက်ကျွေးခြင်းတို့အတွက် အကြံပေးခြင်း
Last modify: հունիսի 18, 2019

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 7 vote(s)

Related Health Blogs