You're been inactive for a while. For security reason, we'll automatically sign you out from our website. Please Click "Login" to extend your session
Access your patient history, lab results, future appointments and more.
Login via mobile number is currently unavailable. Our apologies for the inconvenience.
New to Bumrungrad? Create Account
Explore the latest news and easily book appointments with our world-class doctors.
Already have an account? Log In
Bumrungrad (ဘမ်ရွန်ဂရတ်)၏ နှလုံးအဆို့ရှင်စင်တာ
ဆရာဝန်ရှာရန်
ကျန်းမာရေးစစ်ဆေးခြင်း
ရက်ချိန်းယူရန်
ဘမ်ရွန်ဂရတ် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ နှလုံးအဆို့ရှင်စင်တာသည် နှလုံးအဆို့ရှင်ရောဂါ အခြေအနေအမျိုးမျိုးအား ကုသမှုပေးရန် တည်ဆောက်ထားပါသည်။ စင်တာတွင် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းကိရိယာများနှင့်အတူ နှလုံးပြန်လည်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သော ဆရာဝန်များ (Cardiac Rehabilitation Specialists)၊ နှလုံး အက်ကိုး (Echo) အာထရာလ်ဆောင်း ကျွမ်းကျင်များ (Echocardiologists)၊ နှလုံးပိုင်းဆိုင်ရာသီးသန့်အတွက် မေ့ဆေးနှင့် ပတ်သက်သော ကျွမ်းကျင်ဆရာဝန်များ (Cardiac Anesthesiologists)၊ နှလုံးခွဲစိတ် ဆရာဝန်များ (Cardiac Surgeons)၊ နှလုံးအထူးကုဆရာဝန်များ (Cardiologists) စသည်ဖြင့် ကျန်းမာရေး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာဖြင့် အထူးဖွဲ့စည်းထားပြီး တာဝန်ပေး ခန့်အပ်ထားပါသည်။
သက်ကြီးပိုင်း လူဦးရေသည် ကမ္ဘာတစ်ဝှမ်းတွင် တိုးပွားလာနေသည်နှင့်အတူ၊ ထိုအသက်အရွယ်သည် နှလုံးအဆို့ရှင်ရောဂါဖြစ်နိုင်ချေအတွက် အဓိကကျသည့် အကြောင်းတစ်ရပ်ဖြစ်လာနေပါသည်။ ရောဂါကို အဓိကအားဖြင့် ကဏ္ဍနှစ်ရပ် ခွဲခြားထားပါသည်။
နှလုံးအဆို့ရှင်ရောဂါသမားများသည် ရောဂါနှင့် ပတ်သက်သည့် စရိုက်လက္ခဏာ (သို့) ဖော်ပြချက်တစုံတရာတွေ့ရမည်မဟုတ်ပါ။ (သို့မဟုတ်) အပျော့စား ရောဂါလက္ခဏာ တစုံတရာကို အစကနဦး အဆင့်တွင်သာ ရံဖန်ရံခါတွေ့နိုင်ပါသည်။ မကုသဘဲထားလိုက်မည် ဆိုလျှင် ရောဂါလက္ခဏာများသည် ပိုမိုဆိုးရွား လာနိုင်ပါသည်။
လက္ခဏာများတွင် -
အချို့သောလူနာများတွင် နှလုံးအဆို့ရှင် မလုံခြင်းနှင့် အဆို့ရှင် ကျဉ်းခြင်း နှစ်မျိုးစလုံး ရှိကောင်းရှိနိုင်ပါသည်။ အချို့တွင် ထိုကဲ့သို့သော အခြေအနေသည် အဆို့ရှင်တစ်ခုတည်း၌ (သို့မဟုတ်) အဆို့ရှင်တစ်ခုထက်ပိုသော နေရာများ၌လည်း တစ်ပြိုင်နက်တည်း ဖြစ်တတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် နှလုံးသည် သွေးညှစ်သည့် လုပ်ဆောင်ချက်အတွက် ပိုမိုခက်ခဲစွာ ကြိုးစားရပါသည်။ ဤအနေအထားသည် လေဖြတ်ခြင်း၊ သွေးခဲများ ဖြစ်ခြင်း၊ နှင့် ရုတ်တရတ် နှလုံးရပ်ခြင်း (Heart Attack - Myocardial Infarction) အန္တရာယ်များ ဖြစ်နိုင်ချေ ပိုရှိပါသည်။ ကုသမှူ ကုသမှုလုပ်ငန်းစဉ်တွင် ပထမဦးစွာ အထူးကုနှင့် ဆွေးနွေးမှု လုပ်ဆောင်ရပါသည်။ ထို့နောက်တွင် ဆရာဝန်သည် နှလုံးစမ်းသပ်မှုပါဝင်သည့် ခန္ဓာကိုယ် စစ်ဆေးခြင်းနှင့် လူနာ၏ ဆေးမှတ်တမ်းများကို စေ့စပ်စွာ လေ့လာခြင်း စသည်တို့ကို လုပ်ဆောင်ပါသည်။ နှလုံးစစ်ဆေးမှုတွင် ECG (EKG) ရိုက်ခြင်းနှင့် Echocardiogram (နှလုံးအာလ်ထရာဆောင်းရိုက်ခြင်း) များပါဝင်လိမ့်မည်။ -အကယ်၍ လူနာသည် နှလုံးအဆို့ရှင်ရောဂါ အမှန်တကယ်ရှိသည်ဟု စမ်းသပ်မှုများမှ တစ်ဆင့် အတည်ပြုနိုင်ခဲ့လျှင် ကုသနိုင်သည့်နည်းလမ်းအချို့မှာ -