bih.button.backtotop.text

အသည်းခြောက်ရောဂါ

အသည်းခြောက်ရောဂါသည် အသည်းတွင် ထာဝရပျက်စီးမှုရှိခြင်း သို့မဟုတ် အမာရွတ်ရှိခြင်းတို့ကြောင့်ဖြစ်သည်။ အသည်းတွင်ဖြစ်ပေါ်သော အမာရွတ်သည် အသည်းမှပရိုတင်းဓာတ်ထုတ်လုပ်ခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ သိုလှောင်ခြင်း၊ အဆိပ်အတောက်များဖယ်ရှားပေးခြင်း စသည့်စွမ်းရည်များကို ထိခိုက်စေကာ အသည်း၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တားဆီးသည်။ အသည်းတွင်း ပုံမှန်သွေးစီးဆင်းမှုကိုလည်း ပိတ်ဆို့စေသည်။ 

အသည်းခြောက်ရောဂါဖြစ်စေသည့်အရာများ

အသည်းခြောက်ရောဂါသည် အကြောင်းများစွာတို့ကြောင့် ဖြစ်သည်။

  • ရေရှည်အရက်သောက်သုံးခြင်း
  • အသည်းရောင်အသားဝါ ဘီ၊ စီ နှင့် ဒီ
  • မိမိကိုယ်ကိုပြန်တိုက်သည့် ခုခံအားကြောင့်ဖြစ်သော အသည်းရောင်ရောဂါ
  • ခန္ဓာကိုယ်အတွင်း သံဓာတ်များစုပုံခြင်း
  • အသည်းအတွင်း ကြေးနီဓာတ်များစုပုံခြင်းကြောင့်ဖြစ်ပေါ်သော ဝီလ်ဆင်ရောဂါ
  • သည်းခြေပြွှန်ပိတ်ခြင်း -  သည်းခြေရည် အသည်းတွင်များလာပြီး အသည်းအမာရွတ်ဖြစ်ကာ အသည်းခြောက်သွားခြင်း
  • အသည်းအဆီဖုံးခြင်း - နာတာရှည် အသည်းရောင်ရမ်းခြင်းကိုဖြစ်စေပြီး အသည်းခြောက်စေသည်။
  • အချို့ဆေးဝါးများကို ရေရှည်သောက်သုံးခြင်း
  • အဆိပ်အတောက်များကို ရေရှည်ထိတွေ့မှုရှိခြင်း
  • မကြာခဏ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း

လူနာအတော်များများတွင် အသည်းခြောက်ရောဂါသည် လက္ခဏာမပြခြင်း သို့မဟုတ် အနည်းငယ်သာပြခြင်းတို့ ဖြစ်တတ်သော်လည်း ရောဂါ၏ပြောင်းလဲဆိုးရွားလာမှုအပေါ်မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါသည်။ ထိုသို့လက္ခဏာများ ပြသသည့်အခါတွင် ဖြစ်နိုင်သည်များမှာ  
 

  • မောပန်းခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း
  • အမျိုးသမီးများတွင် ရာသီမမှန်ခြင်း၊ အမျိုးသားများတွင် ရင်သားကြီးလာခြင်းနှင့် လိင်စိတ်ပျောက်ခြင်း
  • အယ်လ်ဗျူမင် ပမာဏလျော့ကျမှုကြောင့် ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်တွင်ဖောရောင်ခြင်းနှင့် ရေများစုဝေးခြင်း
  • သွေးတိတ်ခြင်းအတွက်လိုအပ်သော ပရိုတင်းဓာတ်များ လျော့ကျမှုကြောင့် အလွယ်တကူ သွေးခြေဥခြင်း သို့မဟုတ် သွေးထွက်ခြင်း
  • မယ်လနင်ဓာတ်စုဝေးမှုကြောင့် အသားနှင့်မျက်စိများဝါခြင်း
  • အရေပြားတွင်သည်းခြေမှထွက်သောဓာတ်များစုဝေးမှုကြောင့် အရေပြားအလွန်ယားယံခြင်း
  • အသည်းမှ အဆိပ်အတောက်များကို ထိရောက်စွာမစွန့်ထုတ်နိုင်တော့သောကြောင့် သွေးထဲတွင် အဆိပ်အတောက်များ စုပုံစေပြီး အာရုံစူးစိုက်မှုအားနည်းလာခြင်း သို့မဟုတ် မေ့လျော့ခြင်း စသဖြင့် စိတ်မူမမှန်ခြင်းများကို ဖြစ်ပေါ်စေသည်။
  • ဆေးဝါးများကို အသည်းမှပုံမှန်အတိုင်း ကောင်းစွာမစစ်ထုတ်နိုင်တော့သည့်အတွက် ဆေးဒဏ်မခံနိုင်တော့ဘဲ တခါတရံတွင် ခန္ဓာကိုယ်ထဲ၌ဆေးဝါးများစုပုံလာပြီး ဆေးဝါးများ၏ အာနိသင်များပိုလျှံမှုဖြစ်တတ်သည်။ 
  • သွေးစီးဆင်းမှုပုံမမှန်သောကြောင့် အစာအိမ်ထဲတွင် သို့မဟုတ် အစာရေမျိုပြွှန်တွင် အလွန်အမင်းသွေးယိုစိမ့်ခြင်းကိုဖြစ်စေသည်။ ထိုအခါမျိုးတွင် အသက်အန္တရာယ်များကာ ချက်ခြင်းကုသမှုခံယူရန်လိုအပ်ပါသည်။
  • ဖြစ်ပွားနေသောလက္ခဏာများ
  • သွေးစစ်ဆေးချက်များ
  • အခြားစစ်ဆေးမှုများ
    • စီတီစကင်
    • အာလ်ထရာဆောင်း
    • အသည်းမာကျောမှုစစ်ဆေးခြင်း
    • အသည်းအသားစယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း

ကုသမှု၏ရည်ရွယ်ချက်မှာ အသည်းတွင် အမာရွတ်ပိုမိုကြီးထွားလာမှုနှေးကွေးစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို  ကာကွယ်နိုင်ရန် နဂိုရှိနေသော ရောဂါအခြေအနေကို ကုသရေးဖြစ်သည်။ ဆရာဝန်များသည် ဖြစ်ပွားနေသော အခြေအနေကို ကုသပေးပြီး လူနာများသည် မိမိတို့၏အသည်းကို ပျက်စီးစေနိုင်သော ထပ်မံထိခိုက်မှုမရှိစေရန် ဂရုစိုက်ရမည်ဖြစ်သည်။

  • အရက်သောက်သုံးခြင်းမှ ရပ်ပါ။
  • အသည်းကို ပိုမိုထိခိုက်မှုဖြစ်စေသည့် ဆေးဝါးနှင့်အစားအစာများကို ရှောင်ကျဉ်ပါ။
  • ဘတ်တီးရီးယားပိုးကူးစက်စေတတ်သည့်အတွက် အစားအစာအစိမ်းများ အထူးသဖြင့် ပင်လယ်စာအစိမ်းများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
  • သင့်တော်သော ပရိုတင်းပမာဏကို စားသုံးပါ။ ငါးကဲ့သို့ အဆီနည်းပရိုတင်း သို့မဟုတ် ပဲပုပ်ကဲ့သို့သော ပဲမှရသည့်ပရိုတင်းများကို ရွေးချယ်ပါ။
  • ခြေထောက်များနှင့် ဝမ်းဗိုက်တွင် ဖောရောင်မှုရှိပါက အစားအစာများတွင် ဆားထည့်စားသောက်ခြင်းမှ ရှောင်ကျဉ်ပါ။
  • အသည်းရောင်အသားဝါရောဂါ အေနှင့်ဘီ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးပါ။ အဘယ်ကြောင့်ဆိုသော် အသည်းခြောက်ရောဂါရှိသောသူသည် ရောဂါပိုးများကို ပြန်လည်တိုက်ထုတ်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။
  • ရောဂါအခြေအနေကို သုံးသပ်စောင့်ကြည့်ရန်အတွက် ဆရာဝန်နှင့်ပြသပါ။

Related Treatments

Doctors Related

Related Centers

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန

လေ့လာရန်

Related Packages

Rating score 8.90 of 10, based on 20 vote(s)

Related Health Blogs