bih.button.backtotop.text

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်း (Spinal Stenosis)

ရိုးဆက်ချပ်ပြားဝိုင်းကျွံသကဲ့သို့ပင် ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်းကြောင့် ခါးနှင့်ခြေထောက်နာခြင်းဖြစ်တတ်သည်။ လက္ခဏာများသည် နှစ်၊ လအတော်ကြာပြီးမှ တဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာသည်။

ခါးတွင်ဖြစ်သောလက္ခဏာများ။ လူနာသည် နာတာရှည်ခါးနာဝေဒနာခံစားရတတ်သည်။ ခါးပတ်ပတ်သည့်နေရာတွင် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ထသည့်အချိန်၊ လမ်းလျှောက်သည့်အချိန် သို့မဟုတ် နောက်သို့လှန်သည့်အချိန်တို့တွင် ဖြစ်သည်

ရောဂါလက္ခဏာများ

ရိုးဆက်ချပ်ပြားဝိုင်းကျွံသကဲ့သို့ပင် ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်းကြောင့် ခါးနှင့်ခြေထောက်နာခြင်းဖြစ်တတ်သည်။ လက္ခဏာများသည် နှစ်၊ လအတော်ကြာပြီးမှ တဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာသည်။

ခါးတွင်ဖြစ်သောလက္ခဏာများ။ လူနာသည် နာတာရှည်ခါးနာဝေဒနာခံစားရတတ်သည်။ ခါးပတ်ပတ်သည့်နေရာတွင် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ထသည့်အချိန်၊ လမ်းလျှောက်သည့်အချိန် သို့မဟုတ် နောက်သို့လှန်သည့်အချိန်တို့တွင် ဖြစ်သည်။

ခြေထောက်တွင်ဖြစ်သောလက္ခဏာများ။ လူနာသည် ခြေထောက်တွင် နာခြင်း၊ ထုံကျင်ခြင်း၊ သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ ခံစားရနိုင်သည်။ အဖြစ်အများဆုံးလက္ခဏာမှာ ခြေထောက်များတွင် ထုံကျင်မှုနှင့်အတူ နာကျင်လေးလံနေပြီး ပုရွက်ဆိတ်များခြေထောက်ပေါ်တက်လာသကဲ့သို့ ခံစားရတတ်သည်။ ဤခံစားမှုသည် ကြာရှည်စွာ လမ်းလျှောက်ပြီး သို့မဟုတ် မတ်တပ်ရပ်ပြီးသည့်အခါတွင် ဖြစ်တတ်ပြီး ထိုင်လိုက်သည့်အခါ သို့မဟုတ် ရှေ့သို့ကုန်းလိုက်သည့်အခါ တဖြည်းဖြည်းချင်းပျောက်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောရိုးသည် နောက်ဘက်သို့ဆန့်လိုက်ပါက အာရုံကြောအားပိုမိုဖိမိသောကြောင့် ဖြစ်ပါသည်။ ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းနေသောလူနာသည် အကြာကြီးလမ်းမလျှောက်နိုင်ပါ (ဥပမာ - ဈေးဝယ်ထွက်ခြင်း) ။ ခဏခဏထိုင်နေရပါသည်။ အလွန်ဆိုးဝါးသောအခြေအနေများတွင် လူနာသည် ရေချိုး၊ သွားတိုက်သလောက်အချိန်ကိုပင် မတ်တပ်မရပ်နိုင်သည်ကို တွေ့ရပါသည်။

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်းသည် ရိုးဆက်ချပ်ပြားဝိုင်းများ၊ ကျောရိုးတိုင်အတွင်းပေါက်ဘေးရှိ အရွတ်များနှင့် ခါးအကွေး၊ အဆန့်လုပ်ပေးသောကျောရိုးဆစ်များ ယိုယွင်းပျက်စီးလာခြင်းကြောင့် ဖြစ်သည်။ ကျောရိုးဆစ်အစိတ်အပိုင်းများ ပြုန်းတီးလာသောအခါ ရိုးဆက်ချပ်ပြားဝိုင်းဖောင်းထွက်ခြင်း၊ အရွတ်များထူလာခြင်းနှင့် အဆစ်များကြီးလာခြင်းတို့ဖြစ်တတ်ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်မှ ခါးအားငြိမ်စေရန်ကြိုးစားထိန်းနေသည့်အတွက် ဖြစ်ပါသည်။ အဆိုပါပြောင်းလဲမှုများကြောင့် ကျောရိုးတိုင်အတွင်းပေါက်ကိုကျဉ်းသွားစေပြီး အာရုံကြောများကိုပို၍ဖိသလိုဖြစ်စေကာ ကြွက်သားအားနည်းခြင်းဖြစ်လာရပါသည်။
  • နာကျင်မှုသက်သာစေရန် အရောင်ကျဆေးများ သို့မဟုတ် ကြွက်သားပြေလျော့စေသည့်ဆေးများ
  • လေ့ကျင့်ခန်းကုထုံး
  • ကျောရိုးဆေးထိုးခြင်း
  • မှန်ပြောင်းဖြင့် အာရုံကြောပိနေခြင်းအားလွတ်အောင်လုပ်ခြင်း
  • အဏုကြည့်မှန်ပြောင်းဖြင့် အာရုံကြောပိနေခြင်းအားလွတ်အောင်လုပ်ခြင်း

Related Treatments

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 10.00 of 10, based on 2 vote(s)

Related Health Blogs