bih.button.backtotop.text

ခေတ်မီဆန်းသစ်သောနှလုံးစောင့်ရှောက်ကုသမှုများ၊ နှလုံးခုန်စည်းချက်မမှန်ခြင်းအတွက် CardioInsight နည်းပညာဖြင့်ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်း

մայիսի 14, 2024

ခေတ်မီဆန်းသစ်သောနှလုံးစောင့်ရှောက်ကုသမှုများ၊ နှလုံးခုန်စည်းချက်မမှန်ခြင်းအတွက် CardioInsight နည်းပညာဖြင့်ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်း


နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုသောရောဂါတွင်  ပုံမှန်မဟုတ်သောနှလုံးစည်းချက်များဖြစ်ပေါ်နေပြီး နေထိုင်မကောင်းခြင်းမှသည် ဦးနှောက်သွေးကြောပိတ်ခြင်း နှင့် ရုတ်တရက်နှလုံးရပ်သွားခြင်းစသော အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများအထိ ဆိုးရွားသောပြဿနာများကိုဖြစ်လာစေနိုင်သည်။ ဤအခြေအနေများကိုထိရောက်စွာကိုင်တွယ်ဖြေရှင်းရန်မှာ တိကျသောရောဂါရှာဖွေစစ်ဆေးမှုများအချိန်မီရရှိနိုင်မှုအပေါ်မူတည်ပြီး ကျွနု်ပ်တို့ဘမ်ရွန်ဂရက်ဆေးရုံကြီး၏နှလုံးအထူးကုဠာနတွင် ထိုသို့တိကျကောင်းမွန်သော၊ ခေတ်မီဆန်းသစ်သောနှလုံးစောင့်ရှောက်ကုသမှုများကိုပေးစွမ်းလျက်ရှိပါသည်။

CardioInsight စစ်ဆေးမှုဆိုတာဘာလဲ?
CardioInsight ဆိုသည်မှာ ခွဲစိတ်ဖြတ်တောက်မှုမရှိသော၊ နာကျင်မှုမရှိသောနည်းပညာတစ်ခုဖြစ်ပြီး လျှပ်စီးတိုင် 252  ခုကိုအသုံးပြုကာ နှလုံး၏လျှပ်စစ်စီးဆင်းမှုအချက်အလက်ပေးပို့မှုလုပ်ဆောင်ချက်များကို အသေးစိတ် 3D ပုံရိပ်များဖော်ကာ လေ့လာစစ်ဆေးခြင်းဖြစ်သည်။ ထိုသို့လေ့လာခြင်းဖြင့် နှလုံးအတွင်းမှစည်းချက်မမှန်သောနေရာနှင့် ဖြစ်ပွားမှုအမျိုးအစားကို တိကျစွာထောက်ပြနိုင်သောကြောင့် လူနာတစ်ဦးခြင်းစီအတွက်မိမိခံစားနေရသောအခြေအနေနှင့်ကိုက်ညီသည့်ကုသမှုအစီအစဉ်များကိုဆုံးဖြတ်နိုင်သည်။

CardioInsight ပြုလုပ်ရန် ဘမ်ရွန်ဂရက်ဆေးရုံကြီးကိုရွေးချယ်ခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

ခေတ်မီဆန်းသစ်​သောနောက်ဆုံးပေါ်နည်းပညာများ - CardioInsight စစ်ဆေးမှုကိုအသုံးပြုခြင်းကြောင့် လူနာများအတွက် အကောင်းဆုံးဆိုသော၊ တိကျသော ရောဂါရှာဖွေစစ်ဆေးမှုအတွေ့အကြုံများကိုပေးစွမ်းနိုင်သည်။


ကျွမ်းကျင်သောဆေးပညာအဖွဲ့
ကျွန်ုပ်တို့ဠာနတွင် အရည်အချင်းပြည့်ဝသောနှလုံးအထူးကုသမားတော်များသာမက အထူးတန်းသူနာပြုများ၊ နည်းပညာဆိုင်ရာပညာရှင်များ၊ ဝန်ထမ်းများပါဝင်သည့်အဖွဲ့အစည်းတစ်ခုရှိပြီး အတူတကွပူးပေါင်းလုပ်ဆောင်ကာ ပြီးပြည့်စုံသော၊ ထိရောက်သောစောင့်ရှောက်ကုသမှုများကိုပေးစွမ်းနိုင်ရန်အသင့်ရှိပါသည်။


လူနာကိုအဓိကထားဦးတည်ႈသောစောင့်ရှောက်ကုသမှုများ
ကျွန်ုပ်တို့သည် လူနာများ၏သက်တောင့်သက်သာရှိမှုနှင့် လုံခြုံမှုရှိခြင်းကို ဦးစားပေးအလေးထားသည်။ နှလုံး၏လုပ်ဆောင်ချက်ကို 3D ပုံရိပ်ဖော်ကာစစ်ဆေးသည့် CardioInsight သည် တိကျသောရောဂါအမျိုးအမည်သတ်မှတ်ရန်နှင့် ထိရောက်သောကုသမှုနည်းလမ်းများကိုဆုံးဖြတ်နိုင်ရန်ကူညီပေးနိုင်သည်။


ကုသမှုရလာဒ်များကိုပိုမိုကောင်းမွန်စေခြင်း
CardioInsight သည် ကုသမှုအရည်အသွေးနှင့်အာနိသင်ကိုလည်းသိသိသာသာတိုးတက်ကောင်းမွန်စေသည်။ ဤသို့နှလုံးစည်းချက်ပြုပြင်သောလုပ်ငန်းစဉ်များအတွက်ဆိုလျှင် CardioInsight အသုံးပြုသောကျွန်ုပ်တို့ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် ကုသအောင်မြင်မှုရာခိုင်နှုန်းမှာ 99.1% ရှိပြီး အမေရိကန်နိုင်ငံ၏ရာခိုင်နှုန်း 80% ထက်ပင်သာလွန်နေသည်။

ဤသို့တိကျမှုရှိခြင်းကြောင့် အခြားပစ်မှတ်သတ်မှတ်ကာကုသရသည့် Catheter Ablation ဟုခေါ်သောကုသမှုနည်းလမ်းတွင် ကုသမှုအောင်မြင်မှုရာခိုင်နှုန်းမြင့်မားစေသည့်အပြင် နာလန်ပြန်ထရန်ကြာမြင့်ချိန်ကိုလည်းလျော့နည်းစေသည်။ ရောဂါဖြစ်စေသည့်အခြေခံအကြောင်းရင်းကိုရှာဖွေဖော်ထုတ်ပြီးမှ ထိုအကြောင်းရင်းကိုသာအဓိကထားကုသပေးခြင်းကြောင့် အလွန်ကောင်းမွန်ပြည့်စုံသောကုသမှုရလာဒ်များကိုပေးစွမ်းနိုင်ပြီး လူနာများကိုလည်းကျေနပ်အားရမှုရရှိစေနိုင်သည်။

နှလုံးခုန်စည်းချက်မမှန်ခြင်းရောဂါများအကြောင်းနှင့် ဖြစ်လာနိုင်သောနောက်ဆက်တွဲပြဿနာများကို သေချာနားလည်သိရှိထားရန်အရေးကြီးပါသည်။ CardioInsight ကဲ့သို့သောနည်းပညာအသုံးပြုစစ်ဆေးမှုများဖြင့် စောစီးစွာရောဂါရှာဖွေကုသခြင်းဖြင့် ဆိုးရွားသောနောက်ဆက်တွဲပြဿနာများကိုကြိုတင်ကာကွယ်နိုင်ပြီး ဘဝအရည်အသွေးနှင့် ကုသမှုရလာဒ်များ၊ ကျန်းမာရေးအခြေအနေများပိုမိုကောင်းမွန်လာစေရန်လုပ်ဆောင်နိုင်သည်။



 
For more information please contact:
  • နှလုံးစည်းချက်မမှန်ခြင်းကုဌာန
    Tel. +66 (0) 2011 3405
    Tel. +9595105105

Related Packages

Related Health Blogs