bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

လိုလျှင်ကြံဆ နည်းလမ်းရ : သင်၏လိုအင်ဆန္ဒဖြင့် ကင်ဆာတိုက်ဖျက်ခြင်း

ဆရာဝန်၏ ကူညီပေးသောလက်များအပြင် ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ ဆန္ဒပြင်းပြမှု၊ အခက်အခဲကျော်လွှားမှုနှင့်အတူ မျှော်လင့်ချက်ထားရှိခြင်းသည် ပြန်လည်ကောင်းမွန်မှုဆီသို့ အောင်မြင်စွာရောက်ရှိရန် အထောက်အကူ ပြုနိုင်သည်။ ယခုနှစ် ကမ္ဘာ့ကင်ဆာနေ့တွင် ဘမ်ရွန်ဂရက်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ကင်ဆာလူနာများ ကုသရန်၊ “ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်ပါမည်” ဆိုသည့် ဆောင်ပုဒ်နှင့် အံဝင်ခွင်ကျရှိစေရန် ဆန္ဒစွမ်းအား မြှင့်တင်ရေးတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ကြေညာပါသည်။ ဆန္ဒပြင်းပြမှုနှင့်အတူ မျှော်လင့်ချက်သည် အခြားနှင့်မတူသော အင်အားတစ်ခု ဖြစ်သည်။

ဆက်ဖတ်ရန်

တစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း : မျှော်လင့်ချက်နှစ်ဆ၊ စောင့်ဆိုင်းချိန်တစ်ဝက်၊ အပြည့်အဝပြန်ကောင်းမှု

ဆောင်းပါးတို : သာမန်တူညီသော ပင်မဆဲလ်(Stem Cell) အစားထိုးကုသခြင်း (လူအများခေါ်ဆိုသည့် “တစ်ဝက်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း”) သည် Horizon ဒေသဆိုင်ရာကင်ဆာဌာနတွင် ရရှိနိုင်သည့် ထိရောက်မှုအမြင့်မားဆုံး ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်သည်။ “ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းက သွေးကင်ဆာရောဂါအတွက် ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေမှာ ကင်ဆာရောဂါ ကုသမှု လုံးဝ ပျောက်ကင်းဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ တူညီတဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းသူ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အလန်းက အလွန်နဲပါတယ်။ သို့သော်လည်း ယခုအခါ အောင်မြင်မှုနှုန်းမြင့်မားတဲ့ ကုသမှုအတွက် ၅၀% သာ တူညီဖို့ လိုအပ်ပါတယ်” ဟု သွေးပညာနှင့် ကင်ဆာရောဂါအထူးကုဆရာဝန် တွဲဖက်ပါမောက္ခ Dr. Wichean Mongkonsritragoon မှ ပြောပြသည်။

ဆက်ဖတ်ရန်

ခေါင်းစဉ် : မစဉ်းစားမိခြင်းမှကာကွယ်ရေး း ကူးစက်တတ်သောမျှော်လင့်ချက်ဖြင့် နာမကျန်းမှု ရင်ဆိုင်ခြင်း

“ကျနော့်ဇနီး ခွဲစိတ်မှု အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိကိုယ်မိမိ နှစ်သိမ့်မှုအပေးဆုံး စကားလုံး ဖြစ်ပါတယ်။ ကျနော်တို့ အကောင်းဆုံးအတွက် မျှော်လင့်နေပါတယ်။” များပြားသော ဤစကားလုံးများသည် ကမ္ဘာ့ကုလသမဂ္ဂ သံတမန် ရင်သားကင်ဆာရောဂါကုသနေသည့် Sameer Sharma ၏ ချစ်လှစွာသောဇနီးဘဝအတွက် ဖွင့်ဟချက် ဖြစ်သည်။

ဆက်ဖတ်ရန်

စက်ရုပ်နှင့်ဓာတ်ရောင်ခြည် : ခေတ်မီသိပ္ပံပညာဖြင့် ဆီးကျိတ်ကင်ဆာ မည်သို့ဖြတ်ထုတ်သနည်း

စက်ရုပ်အကူအညီဖြင့် da Vinci ခွဲစိတ်ခြင်း သို့မဟုတ် Da Vinci® Prostatectomy သို့မဟုတ် စက်ရုပ်ဖြင့်ဆီးကျိတ်ဂလင်း ခွဲစိတ်ခြင်း (Robotic Prostatectomy) သည် ထိုးဖောက်မှုအနည်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်သည်။ အလွန်အနုစိတ်ကင်မရာများဖြင့် ခွဲစိတ်ကုသသည့်နေရာမှ ရှင်းလင်းပြတ်သားသောအနီးကပ်ပုံကို ဆရာဝန်များအတွက် ရရှိနိုင်သည်။ လူသား၏ လက်နှင့် လက်ကောက်ဝတ်လှုပ်ရှားမှုကို တုပထားသည့် စက်ရုပ်လက်တံများသည် ဆရာဝန်အတွက် တိကျပြီး အသုံးပြုရလွယ်ကူမှု ရှိစေသည်။ အခြားအလားတူ အရေးပါသော ခွဲစိတ်ကုသမှုမှာ ဓာတ်ရော င်ခြည်ကုထုံး (brachytherapy) ဖြစ်ပြီး သေးငယ်သောဖန်ပြွန်မှတဆင့် ကင်ဆာအသားပိုသို့ ဓာတ်ရောင်ခြည် တိုက်ရိုက်ထုတ်လွှတ်ပေးမှုထဲ့သွင်းခြင်း ပါဝင်သည်။ ကင်ဆာဖြစ်ပွားသောအသားပိုသို့ မြင့်မားသော ဓာတ်ရောင်ခြည် တိုက်ရိုက်ကျရောက်ပြီး ဘေးပါတ်ဝန်းကျင်သို့ ဓာတ်ရောင်ခြည်ကျရောက်မှု နည်းပါးစေသည်။

ဆက်ဖတ်ရန်

ခွဲစိတ်မှုရောဂါဗေဒ : ကုသမှုရှေ့ဆောင်လမ်းပြ

“ကျမကိုယ်တိုင် တချိန်က Horizontal ဒေသဆိုင်ရာကင်ဆာဌာနမှာ ကင်ဆာလူနာတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ၆ နှစ်ကျော်ခဲ့ပါပြီ။ ယခုတိုင် ကျမ ပုံမှန် ဆေးစစ်နေပါတယ်။ ကျမရဲ့ဆရာဝန် အကြံပြုချက်အတိုင်း ကျမ လိုက်နာပြီး ဟော်မုန်းဆေးဝါး မလွဲမသွေ မှီဝဲပါတယ်။ ကျမကိုယ်ကျမ ကိုယ်ခန္ဓာကျစ်လစ်အောင် ကြံ့ခိုင်အောင် နေပါတယ်။ ကျမ မပြောရင် ကျမမှာ ကင်ဆာရှိဘူးတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကျမ အခြားကင်ဆာလူနာတွေကို ပြောချင်တာက မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်။ ကင်ဆာရောဂါက သေဒဏ်ကျခြင်း မဟုတ်ပါဘူး။ ကျမတောင် နောက်ဆုံးမှာ ကျမဘဝကို ဒီမှာ ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ ကင်ဆာလူနာ ဘယ်နှစ်ယောက် ဒါကိုကျော်လွှားခဲ့တယ် ဘဝကို ပျော်ရွှင်စွာနဲ့ဆက်လက်နေထိုင်ကြတယ်ဆိုတာ ကျမ မျက်မြင်ကိုယ်တွေ့ပါ။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့မျှော်လင့်ချက်တွေကို ဘယ်တော့မျှ အလျှော့မပေးဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါတယ်”

ဆက်ဖတ်ရန်

သီချင်းချစ်သောသူမအတွက် : ကင်ဆာကို ရိုက်ခတ်သော သီချင်း

Nguyen Thi Man သည် စဉ်ဆက်မပြတ် အမြဲကြိုးစားလုပ်ရမည့်အရာတစ်ခုကို ရွေးချယ်ရမည်ဆိုပါက ၄င်းအရာသည် သီချင်းဆိုခြင်း ဖြစ်လိမ့်မည်။ ဗီယက်နမ်နိုင်ငံမှ အသက် ၅၃ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်သည် အဆုတ်ကင်ဆာမှ ပျော်ရွှင်မှုကို ခြိမ်းခြောက်နေသော်လည်း စင်မြင့်ပေါ်သို့ တက်သည့်အချိန်တိုင်း ပြုံးရွှင်ရယ်မောခြင်း မရှိဘဲ မနေနိုင်ပါ။

ဆက်ဖတ်ရန်

မိမိစိတ်တိုင်းကျခွဲစိတ်ကုသခြင်း : သင့်ကျန်းမာရေးအတွက် ကိုယ်တိုင်းချုပ်ဝတ်စုံ

“ကျမ မကျော်လွှားနိုင်တာမှန်သမျှကို ဘယ်တော့မျှ မစဉ်းစားဘူး” ဟု Bumrungrad ဆေးရုံ Horizon ဒေသဆိုင်ရာ ကင်ဆာဌာန အထွေထွေခွဲစိတ်ကုဆရာဝန် ဒေါက်တာ Piyawan Kensakoo မှပြောသည်။ “လူနာတဦးချင်းစီမှာ ကွဲပြားခြားနားကြပါတယ်။ သူတို့ရဲ့အခြေအနေနဲ့ လိုက်ဖက်တဲ့ခွဲစိတ်မှုကို ကျမတို့အတတ်နိုင်ဆုံးလုပ်ဖို့က ကျမတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့က သူတို့အတွက် သင့်လျော်တဲ့ အကောင်းဆုံးကုသမှု ဖြစ်စေချင်လို့ပါ။ အဲဒါမှ သူတို့ရဲ့ ကျန်းမာရေးကေင်းတဲ့ ဘဝကို ပုံမှန်ပြန်ရောက်သွားနိုင်မှာပါ။”

ဆက်ဖတ်ရန်

လူနာလမ်းညွှန် : ဆေးကုသစောင့်ရှောက်မှု ရှေ့တန်းဆောင်ရွက်မှု

“စောင့်ဆိုင်းချိန်ဟာ လူနာများအတွက် အလွန်သိမ်မွေ့တဲ့အရာတစ်ခုဖြစ်ကြောင်း ကျမတို့ သိပါတယ်။ လူနာတွေကို အချိန်အလွန်ကြာမြင့်စွာ အစောင့်ခိုင်းရင် သူတို့မှာ စိုးရိမ်ပူပန်မှု ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့မှာ သင့်တော်တဲ့ ကုသစောင့်ရှောက်မှုအဆင့် မရရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် စောင့်ဆိုင်းချိန် စီမံခန့်ခွဲရေးကဏ္ဍက ကျမတို့ရဲ့ ထိပ်ဆုံးဦးစားပေးအရာတစ်ခု ဖြစ်ရခြင်း ဖြစ်ပါတယ်။” ဤပြောကြားချက်များသည် Horizon ဒေသဆိုင်ရာကင်ဆာဌာနမှ လူနာလမ်းညွှန်ဝန်ထမ်း Panitta Suvannapaph ၏ စကားများ ဖြစ်ပါသည်။

ဆက်ဖတ်ရန်

မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်း : ဓာတ်ခွဲခန်းမှပုံပြင်တစ်ခု

“ကင်ဆာမျိုးရိုးဗီဇပြောင်းလဲမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး တိတိကျကျ သိ်နိုင်ဖို့ ကျမတို့ အတော်ကြိုးပမ်းခဲ့ပါတယ်။ ကျမတို့ရဲ့ လူနာတွေကို အချိန်မီ မှန်ကန်တဲ့ရောဂါကုသမှုက အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကျမတို့ရဲ့ ဓာတ်ခွဲခန်းမှာ အကောင်းဆုံးနဲ့ နောက်ဆုံးပေါ် ပစ္စည်းကိရိယာများရှိအောင် လုပ်ဆောင်ခြင်းက ပြင်ပဓာတ်ခွဲခန်းကို ကျမတို့ ပေးပို့စစ်ဆေးခြင်းထက် ပိုလျှင်မြန်တဲ့စစ်ဆေးချက်အဖြေ ရရှိစေပါတယ်။ မိနစ်တိုင်းက ကင်ဆာလူနာတစ်ယောက်အတွက် တန်ဖိုးရှိပါတယ်။” ဤစကားများသည် Bumrungrad ဆေးရုံ အကြီးတန်းဓာတ်ခွဲခန်းမန်နေဂျာ Wipa Panmontha Ph.D ၏ပြောစကားများ ဖြစ်ပါသည်။

ဆက်ဖတ်ရန်