bih.button.backtotop.text

လူနာလမ်းညွှန် : ဆေးကုသစောင့်ရှောက်မှု ရှေ့တန်းဆောင်ရွက်မှု

“စောင့်ဆိုင်းချိန်ဟာ လူနာများအတွက် အလွန်သိမ်မွေ့တဲ့အရာတစ်ခုဖြစ်ကြောင်း ကျမတို့ သိပါတယ်။ လူနာတွေကို အချိန်အလွန်ကြာမြင့်စွာ အစောင့်ခိုင်းရင် သူတို့မှာ စိုးရိမ်ပူပန်မှု ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့မှာ သင့်တော်တဲ့ ကုသစောင့်ရှောက်မှုအဆင့် မရရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် စောင့်ဆိုင်းချိန် စီမံခန့်ခွဲရေးကဏ္ဍက ကျမတို့ရဲ့ ထိပ်ဆုံးဦးစားပေးအရာတစ်ခု ဖြစ်ရခြင်း ဖြစ်ပါတယ်။” ဤပြောကြားချက်များသည် Horizon ဒေသဆိုင်ရာကင်ဆာဌာနမှ လူနာလမ်းညွှန်ဝန်ထမ်း Panitta Suvannapaph ၏ စကားများ ဖြစ်ပါသည်။ 
 
Horizon ဒေသဆိုင်ရာကင်ဆာဌာနရှိ ကင်ဆာလူနာတိုင်း၏ ကုသရေးခရီးကို လူနာကြိုဆိုရေးနှင့်အကူအညီပေးရေး အဓိကတာဝန်ရှိသူ Panitta နှင့် တွေ့ဆုံခြင်းဖြင့် စတင်သည်။ “ကျမရဲ့အလုပ်က Horizon ဒေသဆိုင်ရာကင်ဆာဌာနကို လမ်းလျှောက်ဝင်ရောက်လာတဲ့ လူနာတိုင်းကို ကြည့်ရှုစောင့်ရှောက်ရေး ပါဝင်ပါတယ်။ ပထမဆုံးအမြင်ကောင်းဖို့က အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့က လူနာရဲ့လက်တွေ့ လိုအပ်ချက်ကို တာဝန်ယူစောင့်ရှောက်ပေးရုံသာမက သူတို့ရဲ့ စိတ်လှုပ်ရှားမှုလိုအပ်ချက်တွေကိုလည်း စဉ်းစားရပါတယ်။ ယုံကြည်မှုက ထိရောက်တဲ့ကုသမှုအတွက် လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျမတို့က လူနာကို အစကတည်းကပင် သက်တောင့်သက်သာရှိစေဖို့ လိုအပ်ပါတယ်။ သူတို့ ဘာလိုအပ်နေသည်ဖြစ်ပါစေ လိုအပ်ချက်တွေကို မပျက်မကွက် ဖြည့်ဆည်းပေးနိုင်အောင် ကူညီဆက်သွယ်လုပ်ဆောင် ကျမတို့ ပေးပါတယ်။”


သာမန်ထက်ထူးခြားသောတာဝန်များရှိသည့် သာမန်အလုပ်တစ်ခု 

 
“တခါတရံမှာ ကျမတို့ အထူးကြည့်ရှုစောင့်ရှောက် ဂရုစိုက်ဖို့ လိုအပ်တဲ့ အထူးလူနာတွေ ရှိတတ်ပါတယ်။ ဥပမာ အချိန်ကြာမြင့်စွာ မထိုင်နိုင်သူတွေ ဒါမှမဟုတ် စောင့်ဆိုင်းရာမှာ အလွန်စိတ်မရှည်တဲ့အကျင့်ရှိသူတွေ ရှိတတ်ပါတယ်” ဟု Panitta မှ ရှင်းပြသည်။ “ကျမက ကျမဆီကို ရောက်လာတဲ့ လူနာတစ်ယောက်ချင်းစီကို အမြဲမှတ်မိသော်လည်းဘဲ အဲဒီလူနာတွေကို အပြင်ပန်းပုံသဏ္ဍန်အားဖြင့် အမြဲအလွတ်မှတ်ထားပါတယ်။ ဒါမှသာ သူတို့ရဲ့လိုအပ်ချက်တွေကို ဘယ်လိုအကောင်းဆုံး ဖြည့်ဆည်းနိုင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို စိတ်ထဲမှာ စီစဉ်နိုင်မှာဖြစ်ပါတယ်။”
 
“အလုပ်ပြီးဆုံးပြီးနောက် နေ့စဉ်နေ့တိုင်း နောက်တစ်ရက်အတွက် စီစဉ်ရမဲ့လူနာတွေကို သုံးသပ်စစ်ဆေးပါတယ်။ ဘယ်လိုလူနာမျိုးတွေလဲ၊ သူတို့ရဲ့ ဦးစားပေးအရာတွေကဘာလဲ၊ အထူးသီးသန့်လိုအပ်ချက်တွေကဘာလဲဆိုတာ သုံးသပ်စစ်ဆေးပါတယ်။ ကျမ ပင်ပန်းနွမ်းနယ်ပါသလား ဒါမှမဟုတ် စိတ်ပျက်လက်ပျက်ရှိပါလား? ရှိ်ပါတယ်လို့ ကျမ အမှန်အတိုင်းဝန်ခံရပါလိမ့်မယ်။ တခါတရံပေါ့။ ဒါပေမဲ့ ကျမ အဲဒီအချိန်တွေအပေါ် တွေးမနေပါဘူး။ ဘာလို့လဲဆိုတော့ ကျမ လူနာတိုင်းကို တန်းတူညီမျှ ဂရုစိုက်မှုရရှိရန် သေချာဖို့ လူနာတိုင်းကို ရာနှုန်းပြည့် ဝန်ဆောင်မှုပေးရလို့ ကျမကိုယ်ကျမ ဂုဏ်ယူပါတယ်။ လူနာရဲ့လိုအပ်ချက်ဖြစ်စေ လူနာမိသားစုရဲ့လိုအပ်ချက်တွေဖြစ်စေ ဒါမှမဟုတ် ဖြစ်လာတဲ့ ဘယ်အရာမဆို အားလုံးတပြိုင်တည်း ရုန်းကန်လှုပ်ရှားရမဲ့ အရာများစွာ ရှိပါတယ်။” Panitta ၏အဓိကတာဝန်တစ်ခုမှာ သူမ၏လူနာအားလုံးကို အထူးဂရုစိုက် စောင့်ရှောက်ရန်ပြီး လူနာတစ်ဦးချင်းစီကို ပုံမှန်လေ့လာဆန်းစစ်ရန် ဖြစ်သည်။ Panitta သည် ပြသနာမဖြစ်ပွားမီ ဥပမာ ပဋိပက္ခများစီစဉ်ဖြေရှင်းခြင်း ကြိုတင်မျှော်မှန်း၍ ပြင်ဆင်ပြီး လူနာအတွက် အကောင်းဆုံးအတွေ့အကြုံ ရရှိစေရန် အမြဲတမ်း အဖြေရှာပေးသည်။ 


 စိတ်ဓာတ်မြင့်မားရေးအချိန်စီမံခန့်ခွဲရေး 

 
“အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းက လူနာအတွက် စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုဖြစ်စေကြောင်း ကျမ တခါတရံ သတိထားမိပါတယ်။ ကုသမှု အတွေ့အကြုံများ ဖြစ်သင့်သလောက် ချောမွေ့ခြင်း မရှိစေပါဘူး။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ဥပမာ သွေးစစ်ပြီးတဲ့လူနာတွေ အတွက်  သူတို့ရဲ့ ဖုန်းနံပါတ်ကို ကျမတောင်းပါတယ်။ ဒါမှ စောင့်နေရမဲ့အစား သူတို့ သွားချင်တဲ့နေရာ လုပ်ချင်တဲ့အရာတစ်ခုခုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့အလှည့်ရောက်ရင် အသိပေးဖို့ ကျမ သူတို့ကို ဖုန်းခေါ်နိုင်ပါမယ်။

ကင်ဆာဆရာဝန်မှ ဓာတ်ခွဲခန်းရလာဒ်များ စစ်ဆေးပြီး လူနာအတွက် ဓာတုကုထုံးစီစဉ်ရန် ကောင်းမွန်ကြောင်း အတည်ပြုပါက ကျမက လူနာကို ဆရာဝန်ဆီ ခေါ်မသွားဘဲ ကုသရေးအခန်းကို တိုက်ရိုက်ခေါ်သွားပါမယ်။ လူနာအတွက် စောင့်ဆိုင်းရန် အချိန်ကုန်သက်သာတဲ့အပြင် သူတို့အတွက်လည်း ပိုသက်တောင့်သက်သာ ရှိစေပါတယ်။ ဒါက သူတို့ရဲ့ ကုသရေးရဲ့ အသေးအမွှားတခု ဖြစ်သော်လည်း ကျမတို့က သူတို့အတွက် လုပ်ဆောင်ကြောင်း သူတို့ရဲ့ ယုံကြည်စိတ်ချမှု ဖြစ်ပွားစေပါတယ်။”

တစ်ရက်လျှင် လာရောက်သည့်လူနာ ၈၀ ကျော်ဖြင့် လူနာလမ်းညွှန်အဖွဲ့သည် အခြေအနေမျိုးစုံ ကိုင်တွယ်ရသည်။ ၄င်းသည် ကျွမ်းကျင်မှုမျိုးစုံ ဥပမာ အချက်အလက်အသစ်နှင့် ဂရုစိုက်ရမည့်အချက်အလက် အသေးစိတ်ကို လျှင်မြန်စွာ ရရှိအောင်လုပ်ဆောင်နိုင်မှုစွမ်းရည် လိုအပ်သည်။ “ကျမ ဒီရာထူးကို လက်ခံတဲ့အချိန်မှာ ကျမ အကောင်းဆုံး တကယ်လုပ်ဆောင်ရမယ်လို့ ကျမကိုယ်ကျမ ပြောပါတယ်။ ကျမ ကျွမ်းကျင်မှု အသစ်အဆန်းတွေ အမြဲလေ့လာနေရမယ် ဗဟုသုတတွေ အတွေ့အကြုံတွေ ပိုမိုတိုးချဲ့ရမယ်ဆိုတာ ကျမ သိပါတယ်။ ကျမ ဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းသင်တန်း ၃ လတက်ခြင်းက လူနာတွေနဲ့ ဆရာဝန်တွေအကြောင်း ပိုမိုနားလည်အောင် ကူညီပေးပါတယ်။ ကျမ ကင်ဆာအမျိုးအစား အများအပြားအကြောင်း သင်တန်းများ ပုံမှန် တက်နေပါတယ်။ ဒါမှ လူနာအကြောင်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ရောဂါအကြောင်း ပိုမိုနားလည်ပြီး ကိုင်တွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

“နားထောင်ကောင်းသူတစ်ယောက်ဖြစ်ရင် လူနာအကြောင်း နားလည်ရေးမှာ အလွန်အထောက်အကူဖြစ်တယ်လို့ ကျမ ထင်ပါတယ်။ ဒါမှသာ ကျမက သူတို့အတွက် အကောင်းဆုံးအကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။ တခါတရံ ကျမ အချိန်ပို လုပ်ကိုင်ရတဲ့အခါမှာ ဒါမှမဟုတ် ညဉ့်နက်ပိုင်းမှာ လူနာတွေဆီက ဖုန်းခေါ်တဲ့အခါမှာ သူတို့ ပိုမိုစိတ်အေးအောင် ကျမ လုပ်နိုင်တာထက် ပိုလုပ်ပေးလိုတဲ့ ဆန္ဒရှိပါတယ်။ ကျမရဲ့လုပ်ဆောင်ချက်က သူတို့အတွက် ပိုမိုကောင်းမွန်စေကြောင်း သိရတဲ့အတွက် ကျမ ဂုဏ်ယူပါတယ်။” ဟု Panitta အားပါးတရ ပြုံးပြသည်။ 
 
For more information please contact:

Related Packages

Related Health Blogs