bih.button.backtotop.text

အတွင်းကြည့်မှန်ပြောင်းဖြင့် ခါးရိုးဆစ်ရှိ ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်း (Endoscopic Lumbar Discectomy)

ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်းနှင့် ကျောရိုးတိုင်ဘေးလမ်းကြောင်းကျဉ်းခြင်း တို့သည် လူအများအတွက်ဆိုးရွားသောခါးနာခြင်း ဖြစ်စေပါသည်။ တစ်ခါတစ်ရံတွင် နာကျင်မှုသည် တခဏသာဖြစ်ပြီး မခွဲစိတ်ရသောကုသမှုများဖြစ်သည့် အနားယူခြင်း၊ အရောင်ကျဆေးများသုံးစွဲခြင်း၊ စတီးရွိုက်ဆေးထိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ပျောက်သွားတတ်သည်။ သို့သော် အချို့သူများတွင် ဘာပဲလုပ်လုပ်မသက်သာပဲ နာကျင်မှုသည် အလွန်ဆိုးရွားပြီးကြာရှည်တတ်ပါသည်။


ခွဲစိတ်မှုနည်းပညာများနှင့် ဆေးပစ္စည်းကိရိယာများခေတ်မီလာသဖြင့် အဆိုပါကျောရိုးရောဂါများကို ကုသရာတွင် တိုးတက်မှုအများအပြားရှိလာခဲ့သည်။ ဤလမ်းညွှန်သည် ဘမ်ရွန်ဂရက် ကျောရိုးဆစ်ကုဌာနရှိ အသစ်ဖြစ်၍စိတ်လှုပ်ရှားဖွယ်အလွန်ကောင်းမွန်သော ကုသနည်းများအကြောင်း ပြောပြပါလိမ့်မည်။ ကျွံနေသော ခါးရိုးချပ်ပြားဝိုင်းကို ခွဲစိတ်ရန် သို့မဟုတ် ကျောရိုးတိုင်ဘေးလမ်းကြောင်းကျဉ်း၍ ဖိခံထားရသောအာရုံကြောကိုလွတ်ရန် အစရှိသည့် ထိုးထွင်းဝင်ရောက်မှုအနည်းဆုံး ခွဲစိတ်နည်းလမ်းများရှိပါသည်။

အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်ခြင်းဆိုသည်မှာဘာလဲ။
နောက်ကျောသည် တစ်ခုနှင့်တစ်ခုအံဝင်ခွင့်ကျဖြစ်နေသောအရိုးဆစ်များ၊ ရိုးဆက်ချပ်ပြားဝိုင်းများ၊ အမျှင်များ၊ အရွတ်များ၊ အာရုံကြောများဖြင့် ဖွဲ့စည်းထားပြီး တစ်ခါတစ်ရံ ဘယ်အရာကခါးနာခြင်းကို ဖြစ်စေသည်ဆိုသောအဖြေကို ရှာရန်ခက်ခဲလှသည်။ ဖြစ်သည့်နေရာကိုရှာတွေ့သည့်အခါ ထိုအရာသည် အလွန်သေးငယ်လှသည်။ ရှေးရိုးခွဲစိတ်နည်းများအရဆိုလျှင် ကောင်းသောတစ်သျှူးများကိုဖြတ်တောက်ပြီး ပြဿနာဖြစ်နေသည့်နေရာကိုမြင်နိုင်ရေးအတွက် ခွဲစိတ်ရာလည်းအကြီးကြီးလိုအပ်သည်။ အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်ခြင်းတွင် မကောင်းသည့်နေရာကိုပြုပြင်ရာ၌ ဘေးမှကောင်းသည့်တစ်သျှူးများဒဏ်ရာမရစေဘဲ ကောင်းစွာမြင်နိုင်ရန်အတွက် လူ့မျက်လုံးကဲ့သို့အလုပ်လုပ်သော အတွင်းကြည့်မှန်ပြောင်းကိုအသုံးပြုသည်။
အတွင်းကြည့်မှန်ပြောင်းသည် သေးငယ်ပြီး ပိုက်ပုံစံကိရိယာဖြစ်ကာ အပြင်ဘက်မှနေ၍ လူနာ၏အတွင်းရှိကျောရိုးအားမြင်နိုင်ရန် အလင်းရောင်နှင့်ရေကို အသုံးပြုသည်။ အတွင်းကြည့်မှန်ပြောင်းရှိမှန်ဘီလူးအား စောင်းထားသဖြင့် ခွဲစိတ်ဆရာဝန်အား ရောဂါဖြစ်နေသည့်အပိုင်းအား သေချာစွာမြင်စေပါသည်။ ခွဲစိတ်ကိရိယာများအား အဆိုပါအတွင်းကြည့်မှန်ပြောင်းမှတဆင့်ထည့်သဖြင့် ခွဲကြောင်း ၇.၉ မီလီမီတာ သာလိုအပ်ပါသည်။
  • ခွဲစိတ်ရာသေးငယ်ခြင်း
  • နာလန်ထမြန်ပြီး လေ့ကျင့်ခန်းလုပ်ရသည့်အချိန်နည်းခြင်း
  • ခွဲစိတ်မှုကြောင့် နာကျင်ခြင်းအနည်းငယ်သာရှိခြင်း
  • ပိုးဝင်နိုင်ခြေနည်းခြင်း
  • ခွဲစိတ်သည့်နေရာတွင် ဘေးရှိတစ်သျှူးအကောင်းများအား ထိခိုက်မှုနည်းခြင်း
  • စရိတ်သက်သာခြင်း

ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်း မှာ ကျောရိုးဆစ်နှစ်ခုကြားရှိ ရှော့ဘားကဲ့သို့လုပ်ဆောင်ပေးသော ချပ်ပြားဝိုင်းသည် တိုက်စားမှုကြောင့် ပုံမှန်နေရာမှ ဖောင်းထွက်လာခြင်းဖြစ်သည်။ အဆိုပါဖောင်းထွက်လာသောအပိုင်းသည် အာရုံကြောပေါ်သို့ ဖိမိနိုင်သည်။ ရောဂါလက္ခဏာပြင်းထန်မှု အနည်းအများသည် ချပ်ပြားဝိုင်းမည်မျှအတိုင်းအတာအထိ နေရာလွဲနေခြင်းနှင့် ချပ်ပြားဝိုင်းမပျက်စီးပဲရှိနေပါသလား သို့မဟုတ် ပေါက်ပြဲသွားပြီလားဆိုသည့်အပေါ်တွင် မူတည်ပါသည်။

 

ကျောရိုးတိုင်ဘေးလမ်းကြောင်းကျဉ်းခြင်း မှာ ကျောရိုးဆစ်ဘေးဘက်ခြမ်းရှိ အာရုံကြောသွားရာ လမ်းကြောင်း ကျဉ်းခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပါက ကျဉ်းသွားသောလမ်းကြောင်းသည် အာရုံကြောအားညှပ်မိခြင်း သို့မဟုတ် သွားထိခြင်းဖြစ်နိုင်ပါသည်။

အထက်ပါအခြေအနေနှစ်ရပ်လုံးသည် အောက်ပါလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။

  • တစ်နေရာတည်းတွင်ခါးနာခြင်း
  • ခါးအောက်ပိုင်း သို့မဟုတ် ခြေထောက်တွင် စူးရှစွာနာခြင်း
  • ခြေထောက်အောက်ပိုင်းတစ်လျှောက် အားနည်းခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် တဆစ်ဆစ်ဖြစ်ခြင်း
  • အတွင်းကြည့်မှန်ပြောင်းဖြင့် ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်းသည် လူနာအားနာကျင်ခြင်းကိုဖြစ်စေသော ရိုးဆက်ချပ်ပြားဝိုင်း၏ ကျွံထွက်နေသည့်အစိတ်အပိုင်းကို ဖယ်ထုတ်ရန် ပြုလုပ်ခြင်းဖြစ်သည်။ ခွဲစိတ်မှုတစ်ခုလုံးသည် မိနစ် ၃၀ ခန့်သာကြာပြီး လူနာသည် ခွဲပြီးပြီးချင်း လမ်းလျှောက်နိုင်ပါသည်။
  • အတွင်းကြည့်မှန်ပြောင်းဖြင့် ပိနေသောအာရုံကြောအားလွတ်အောင်ပြုလုပ်ခြင်းသည် ကျောရိုးဆစ်နောက်ဖက်ဘေးရှိ အာရုံကြောလမ်းကြောင်းအတွင်းကျဉ်း၍ ဖိမိနေသောအာရုံကြောအားလွတ်သွားစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ဤခွဲစိတ်မှုတွင် ခွဲစိတ်ဆရာဝန်သည် အာရုံကြောအားဖိနေသော အဆစ်၏အစိတ်အပိုင်းနှင့် အရွတ်တို့အား ခွဲစိတ်ဖယ်ရှားပါသည်။ အတွင်းကြည့်မှန်ပြောင်းဖြင့် ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်းကဲ့သို့ပင် ဤခွဲစိတ်မှုသည်လည်း ၄၅ မိနစ်ခန့်သာကြာပြီး လူနာသည်ခွဲပြီးပြီးချင်း လမ်းလျှောက်နိုင်ပါသည်။

ယေဘုယျအားဖြင့် အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်ခြင်းများအား အောက်ပါအခြေအနေများတွင်သာ စဉ်းစားပါသည်။

  • မခွဲစိတ်ရသောနည်းလမ်းများဖြင့်ကုသပြီး ၆-၁၂ ပတ်ကြာသည့်တိုင် မထူးခြားခြင်း
  • လူနာသည် ခြေထောက်သိသိသာသာအားနည်းလာခြင်း
  • ဆီးဝမ်းမထိန်းနိုင်တော့ခြင်း

ဘမ်ရွန်ဂရက်ရှိ ကျောရိုးဆစ်ကုဌာနမှဆရာဝန်များသည် အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်မှုကို ရှေးဦးစွာတွေ့ရှိခဲ့သည် ဂျာမန်လူမျိုး Dr. Sebastian Rütten မှလေ့ကျင့်သင်ကြားပေးထားသော ဦးနှောက်အာရုံကြောနှင့်အရိုးခွဲစိတ်ဆရာဝန်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် ရှိပါသည်။ ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတွင် ဤအတွင်းကြည့်မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်မှုအား လူနာ ၆၀ဝ ထက်မက ခွဲစိတ်ပေးပြီးဖြစ်ကာ ၉၅% သည် ကောင်းသည်မှအကောင်းဆုံးဆိုသော အောင်မြင်မှုနှုန်းကို တွေ့ရှိထားပြီးဖြစ်ပါသည်။

ကျောရိုးဆစ်ကုဌာနသည် ကျောရိုးဆစ်ရောဂါများနှင့်ကုသမှုများတွင် ဒေသတွင်းအသိအမှတ်ပြုခံရပြီး အာရှ၏ အတွင်းကြည့်မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်နည်းသင်တန်းကျောင်းအဖြစ် ရပ်တည်နေပါသည်။ ဌာနရှိ ဘမ်ရွန်ဂရက်၏ ကျောရိုးအထူးကုများမှ ကမ္ဘာတစ်ဝှမ်းမှ ကျောရိုးခွဲစိတ်ဆရာဝန်များအား နောက်ဆုံးပေါ်အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသနည်းများနှင့်ပတ်သက်ပြီး အလုပ်ရုံဆေးနွေးပွဲများ ပုံမှန်ပြုလုပ်ပေးလျက်ရှိပါသည်။

အောက်ပါဗီဒီယိုတွင် ခွဲစိတ်မှုနှင့်ပတ်သက်သောဓါတ်ပုံများကို တွေ့နိုင်ပါသည်။ 

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 9.67 of 10, based on 6 vote(s)

Related Health Blogs