bih.button.backtotop.text

သားအိမ်ထုတ်ခြင်း

 

မည်သည့်အတွက်ကြောင့်ပြုလုပ်ရသနည်း။

သားအိမ်ထုတ်ခြင်းကို အောက်ဖာ်ပြပါခြေအနေများကို ကုသရန်အတွက်ပြုလုပ်ပါသည်။

  • အခြားနည်းလမ်းများဖြင့် ကုသမရတော့သည့် ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်း
  • သားအိမ်အတွင်းသားသည် သားအိမ်အပြင်ဖက်သို့မတရားကြီးထွားလာခြင်း
  • သားအိမ်ကြွက်သားများမှ အလုံးအကျိတ် (ကင်ဆာမဟုတ်) များထပ်မံကြီးထွားလာခြင်း၊ နာကျင်ခြင်း (သို့) သွေးထွက်ခြင်း
  • အခြားနည်းလမ်းများဖြင့် ကုသမရတော့သည့် သားအိမ်နှင့်ပတ်သက်၍ နာကျင်ခြင်း
  • သားအိမ်ကျွံခြင်း (သားအိမ်သည် ကြွက်သားထောက်ပံ့မှုအားနည်းခြင်းကြောင့် မအင်္ဂါလမ်းကြောင်းတွင်းသို့ ကျဆင်းခြင်း) ဖြစ်ပြီး ဆီးမခိုင်ခြင်း (သို့) ဝမ်းသွားရန်ခက်ခဲခြင်း
  • သားအိမ်ခေါင်းကင်ဆာ (သို့) သားအိမ်ကင်ဆာဖြစ်ခြင်း
  • ကလေးမွေးစဉ် နောက်ဆက်တွဲပြဿနာဖြစ်ပွားခြင်း (သွေးအလွန်အကျွံထွက်ခြင်း)

သားအိမ်ထုတ်နည်း ၄ မျိုး ရှိပါသည်။ လူနာ၏အခြေအနေနှင့် ရောဂါပြင်းထန်မှုအပေါ်မူတည်၍ ရွေးချယ်ကုသသွားပါမည်။ ထိုအမျိုးအစားများမှာ -

  • မွေးလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်း
  • မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်း
  • အသေးစားဝမ်းဗိုက်ခွဲစိတ်ပြီး ( ခွဲစိတ်ဒဏ်ရာအသေးစားဖြင့် ) သားအိမ်ထုတ်ခြင်း
  • ဝမ်းဗိုက်ခွဲ၍ သားအိမ်ထုတ်ခြင်း

အထက်ပါနည်းလမ်းများသည် လူကြိုက်များခြင်းနှင့် အမာရွတ်ကျန်မှု၊ ပြန်ကောင်းနိုင်သည့်အချိန် စသည်တို့အပေါ်မူတည်၍ အစဉ်လိုက်ဖော်ပြထားခြင်းဖြစ်သည်။

ဤနည်းလမ်းဖြင့် ဆရာဝန်သည် သားအိမ်ကို မွေးလမ်းကြောင်းမှ တဆင့်ခွဲထုတ်ပါသည်။ ဤလမ်းကြောင်းကို လူနာများ ပိုမိုနှစ်သက်ကြပါသည်။ အဘယ်ကြောင့်ဆိုသော်

  • မြင်သာသော အမာရွတ်မရှိခြင်း - အတွင်းရှိချုပ်ရိုးများသည် အခြားနည်းလမ်းများနှင့် တူညီပါသည်။ သို့သော် ခွဲစိတ်ထုတ်ယူသည့်နေရာ မတူညီသည့်အတွက် အရေပြားပေါ်တွင် အမာရွတ် (သို့) ဒဏ်ရာများ မကျန်ပါ။
  • ခွဲစိတ်ပြီးနောက် ပုံမှန်အတိုင်းလှုပ်ရှားနိုင်ရန် လိုအပ်သောအချိန် သိသာစွာလျော့နည်းခြင်း
  • နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုနည်းပါးခြင်း
  • ခွဲစိတ်သည့်နေရာတွင် ရောဂါပိုးဝင်နိုင်ခြေနည်းပါးခြင်း
  • အခြားအင်္ဂါများကို ထိခိုက်နိုင်ခြေနည်းပါးခြင်း

ယခင်က ဤနည်းလမ်းအား ခွဲစိတ်မှုအတွက် အကောင်းဆုံးအခြေအနေရှိသည့်အခါတွင်သာ အသုံးပြုပါသည်။ ယခုအခါတွင်မူ ခွဲစိတ်ဆရာဝန်များ၏ကျွမ်းကျင်မှုသည် ပိုမိုတိုးတက်လာသဖြင့် ရှုပ်ထွေးသော အခြေအနေများတွင်ပင် မွေးလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်းကို အသုံးပြုကုသနိုင်ပြီ ဖြစ်သည်။ သင်ဗိုက်ခွဲ၍ ကလေးမွေးဖူးလျှင်ပင် ဤနည်းလမ်းကို အသုံးပြုခွဲစိတ်နိုင်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။

မွေးလမ်းကြောင်းမှ သားအိမ်ထုတ်သည့်နည်းလမ်းကို အထူးလေ့ကျင့်ထားသည့် ခွဲစိတ်ဆရာဝန်သာလျှင် ပြုလုပ်ရမည်ဖြစ်ပါသည်။

ဤနည်းလမ်းကို မွေးလမ်းကြောင်းမှ သားအိမ်ထုတ်၍မရသည့်အခါ၊ များသောအားဖြင့် နောက်ဆက်တွဲ ပြဿနာအချို့ရှိနိုင်သည့်အခါတွင် အသုံးပြုသည်။ မှန်ပြောင်းဖြင့် သားအိမ်ထုတ်သောအခါတွင် ခွဲကြောင်းသုံးကြောင်း ပြုလုပ်ပါသည် - ချက်တွင်တစ်ကြောင်းနှင့် ဆီးစပ်တွင်နှစ်ကြောင်း ပြုလုပ်ခွဲစိတ်ပါသည်။

ဤနည်းလမ်းဖြင့်ခွဲစိတ်ခြင်းတွင် အမာရွတ်ရရှိနိုင်သော်လည်း ခွွဲစိတ်ဒဏ်ရာသည် ခန့်မှန်းခြေ ၈ မီလီမီတာ မှ ၁၂ မီလီမီတာသာ ရှိသည့်အတွက် အမာရွတ်သည်သေးငယ်ပါသည်။

အချို့သောလူနာများတွင် မွေးလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်းနှင့် မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်းတို့ကို ပြုလုပ်ရန် မဖြစ်နိုင်ပါ။ ထိုအခါတွင် အသေးစားဝမ်းဗိုက်ခွဲစိတ်ပြီး သားအိမ်ထုတ်ခြင်းကိုပြုလုပ်ရန် လိုအပ်လာပါသည်။

ဤနည်းလမ်းတွင် သားအိမ်ခွဲထုတ်ရန် ခွဲကြောင်း ၅ စင်တီမီတာခန့် ပြုလုပ်ပါသည်။ ဤနည်းလမ်းသည် ခွဲစိတ်သည့်နေရာ ကျယ်ကျယ်ဝန်းဝန်းပေးနိုင်သည့်အတွက် ခွဲစိတ်ဆရာဝန်အတွက် မြန်ဆန်စွာပြီးမြောက်စေပါသည်။ ခွဲစိတ်ကုသမှုစရိတ်သည် အခြားနည်းလမ်းများနှင့်ယှဉ်လျှင် ပိုမိုနည်းပါးနိုင်သည့်အတွက် လူနာများသည် ကုန်ကျစရိတ်နှင့် အကျိုးရလဒ်ကို ချိန်ဆနိုင်ပါသည် (သို့သော် ကုန်ကျစရိတ်သည် လူနာတစ်ဦးချင်း၏ အနေအထားပေါ် မူတည်စဉ်းစားရမည်ဖြစ်သဖြင့် အခြားနည်းလမ်းများနှင့်ယှဉ်လျှင် သက်သာချင်မှသက်သာပါမည်)။

အသေးစားဝမ်းဗိုက်ခွဲစိတ်ပြီး သားအိမ်ထုတ်ခြင်းသည် မွေးလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်းနှင့် မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်းတို့ထက် နာလန်ထူချိန် ပိုမိုကြာမြင့်ပါသည်။ ထို့အပြင် ဝမ်းဗိုက်နေရာတွင် အမာရွတ်ဖြစ်နိုင်ခြေများပါသည်။ သို့သော်လည်း ခွဲကြောင်းသည် ဘီကီနီအောက်တွင်ဖုံးနေမည်ဖြစ်သည်။

ဝမ်းဗိုက်ခွဲ၍ သားအိမ်ထုတ်ခြင်းသည် လိုအပ်သောအခါမှ ခွဲစိတ်ကုသသည့်နည်းလမ်းဖြစ်သည်။ ဤကဲ့သို့ နည်းလမ်းများသည် ပုံမှန်အားဖြင့် ၁၅ စင်တီမီတာခန့်ရှိသော ခွဲစိတ်ကြောင်းလိုအပ်ပါသည်။ ဝမ်းဗိုက်ခွဲ၍ သားအိမ်ထုတ်ခြင်းသည် ဘေးကင်းစိတ်ချရသော်လည်း နလန်ထူချိန်ပိုမိုကြာမြင့်ခြင်းနှင့် အမာရွတ် ဖြစ်နိုင်သည့်အန္တရာယ် ပိုမိုများပြားပါသည်။ ထို့ကြောင့် ပိုမိုခေတ်မှီသော ဆေးရုံကြီးများတွင် အခြေအနေပေးပါက အခြားသားအိမ်ထုတ်သည့်နည်းလမ်းများကို အသုံးပြုခွဲစိတ်ကြပါသည်။

သားအိမ်ထုတ်ခြင်းသည် ပုံမှန်အားဖြင့် ၁ နာရီ မှ ၃ နာရီခန့် ကြာမြင့်ပါသည်။ ထိုခွဲစိတ်မှုတွင် မေ့ဆေး သို့မဟုတ် ထုံဆေးကို အသုံးပြုပါမည်။ သားအိမ်ခွဲထုတ်သည့်အခါတွင် သားအိမ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ဖယ်ရှားပါမည်။ သားဥပြွန်များကိုပါ ဖယ်ရှားနိုင်ပါသည်။ ခွဲစိတ်ပြီးနောက် ဆီးသွားရာတွင် အထောက်အကူဖြစ်စေရန် ဆီးပိုက်ကို ၁ ရက် မှ ၂ ရက် အထိ တပ်ထားနိုင်ပါသည်။ ပျမ်းမျှဆေးရုံတက်ချိန်သည် ခွဲစိတ်မှုအမျိုးအစားအပေါ်မူတည်သော်လည်း ပုံမှန်အားဖြင့် ၁ ရက် မှ ၃ ရက် အထိ ကြာမြင့်ပါသည်။

အသက်ရှုစနစ် သို့မဟုတ် နှလုံးပိုင်းဆိုင်ရာပြဿနာများအပါအဝင် မေ့ဆေးကြောင့်ဖြစ်ပွားနိုင်သော အန္တရာယ်များနှင့် နောက်ဆက်တွဲပြဿနာများရှိပါသည်။ အခြားနောက်ဆက်တွဲပြဿနာများမှာ -

  • ခွဲစိတ်ဒဏ်ရာနှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာများ (ဥပမာ ပြည်တည်ခြင်း၊ အနာကွဲခြင်း )
  • သွေးအလွန်ထွက်ခြင်း (သို့) သွေးခဲခြင်း
  • ပိုးဝင်ခြင်း
  • ဆီးအိမ်၊ ဆီးပြွန် (သို့) အူ စသည်တို့ ထိခိုက်မှုများ
  • လိင်ဆက်ဆံရာတွင် နာကျင်ခြင်း၊ ဆက်ဆံခြင်စိတ်ကျခြင်း (သို့) ပြီးဆုံးရန် အစွမ်းကျခြင်း
  • ယာယီ အူအလုပ်လုပ်ခြင်းမရှိသောကြောင့် ဝမ်းမသွားပဲ အခိုက်အတန့် ဗိုက်ကယ်ခြင်း

သားအိမ်ထုတ်ပြီးနောက် အချို့အမျိုးသမီးများတွင် တစ်ခုခုဆုံးရှုံးလိုက်ရသည်ဟုခံစားရခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း စသည်တို့ဖြစ်တတ်သည်။ သို့သော် ထိုခံစားချက်များသည် ယာယီသာဖြစ်သည်။

ခွဲစိတ်ဆရာဝန်မှပေးသော ခွဲစိတ်မှုမတိုင်မီနှင့် ခွဲစိတ်ပြီးနောက် လိုက်နာရမည့် ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် အန္တရာယ်များကို လျှော့ချနိုင်သည်။

အခြားအစားထိုးကုသမှုများသည် ပြဿနာ၏ အရင်းအမြစ်အပေါ် လုံးဝမူတည်ပါသည်။ သားအိမ်ထုတ်ခြင်းနှင့် ပတ်သက်၍ အခြားအစားထိုးကုသမှုများအတွက် ခွဲစိတ်ဆရာဝန်မှ တိုင်ပင်ဆွေးနွေးပေးပါမည်။

  • ကြာရှည်စွာသွေးဆင်းခြင်းကို ကုသရန်အတွက် သန္ဓေတားဆေးများ (သို့) အခြားဆေးများသည် အထောက်အကူဖြစ်နိုင်ပါသည်။
  • သားအိမ်၏အတွင်းနံရံကို ဖယ်ထုတ်ပြစ်ခြင်းသည် ဓမ္မတာအလွန်အမင်းလာခြင်းအတွက် အထောက်အကူဖြစ်နိုင်ပါသည်။
  • သားအိမ်ကြွက်သားအလုံးအကျိတ်များကြုံ့စေရန် ဆေးဝါးများကို အသုံးပြုနိုင်ပါသည်။
  • သားအိမ်ကြွက်သားအလုံးအကျိတ်များဖယ်ထုတ်ခြင်းသည် ခွဲစိတ်မှုအကြီးစားဖြစ်ကာ အမျိုးသမီး ၃ ယောက်လျှင် ၁ ယောက်သည် ၅ နှစ်အတွင်း အကျိတ်များ ပြန်လည်ဖြစ်ပွားနိုင်ပါသည်။
  • နာတာရှည်နာကျင်မှုအတွက် အရောင်ကျဆေးများ၊ သန္ဓေတားဆေးများ (သို့) ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကုသနိုင်ပါသည်။
သွေးမဆုံးသေးသော အမျိုးသမီးများတွင် သားအိမ်နှင့်တကွ သားဥအိမ်နှစ်ခုစလုံး ဖယ်ထုတ်ပြစ်လိုက်သဖြင့် ရုတ်တရက် သွေးဆုံးသွားစေပါသည်။ အီစထရိုဂျင်ဟော်မုန်း အစားထိုးကုသမှုပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 3 vote(s)

Related Health Blogs