အမျိုးသမီးရောဂါကုဌာန တွင် သီးသန့်စမ်းသပ်ခန်းများ၊ လူနာများအသုံးပြုရန် အိမ်သာများနှင့်အတူ ရည်ရွယ်ထားရှိသော သီးသန့်တိုင်ပင်ဆွေးနွေးခန်း ၁၀ ခန်းရှိပါသည်။ အောက်ပါစင်တာများ ပါဝင်ပါသည်။
အမျိုးသမီးများအတွက် ပြည့်စုံသောရောဂါရှာဖွေရေးစင်တာ
- အာလ်ထရာဆောင်းဖြင့် ရောဂါရှာဖွေခြင်း
- ဓာတ်မှန်အထောက်အကူဖြင့် အသားစယူခြင်းအပါအဝင် ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်ရိုက်ခြင်း
- ပိုမိုတိကျပြီး ကင်ဆာကိုစောစီးစွာတွေ့ရှိနိုင်သည့် အထူးသားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
- အရိုးသိပ်သည်းဆနှင့် အရိုးပွရောဂါ စစ်ဆေးခြင်း
- မှန်ပြောင်းသုံး ခွဲစိတ်ကုသခြင်း
- မျိုးပွားအင်္ဂါတွင်းမှန်ပြောင်းကြည့်ခြင်း
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ သန္ဓေသားစင်တာ
သန္ဓေတည်ရန် အကူအညီလိုအပ်သော စုံတွဲများအတွက် ခေတ်အမှီဆုံး နည်းပညာများနှင့် ကျွမ်းကျင်မှုများကို အသုံးပြုကုသရန် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။
- သမားတော်များ၊ ခွဲစိတ်ဆရာဝန်များနှင့် သန္ဓေတည်ခြင်းအထူးပြု သန္ဓေသားဗေဒပညာရှင်များ
- သန္ဓေသား ဓာတ်ခွဲခန်း
သားဖွားစင်တာ
သားဖွားခန်း ၆ ခန်းရှိပြီး မိခင်များမွေးဖွားသည့်အခါတွင် တည်တည်ငြိမ်ငြိမ်၊ သက်တောင့်သက်သာရှိသော အတွေ့အကြုံကိုပေးစွမ်းနိုင်ရန် ထားရှိထားခြင်းဖြစ်သည်။
- မိခင်များ မွေးဖွားခြင်းအတွေ့အကြုံကို မိသားစုနှင့်မျှဝေနိုင်ရန် အထူးထားရှိထားသော သားဖွားခန်း၊ သားဖွားရေကန်နှင့် သားဖွားကုတင်များရှိသော သဘာဝသားဖွားစင်တာ
- ခွဲစိတ်သားဖွားခန်း ၄ ခန်း
- နိုင်ငံတကာအဆင့်မီ သန္ဓေသားစောင့်ရှောက်ခြင်း
- မိခင်နို့တိုက်ကျွေးခြင်းအတွက် အထောက်အပံ့ပေးသည့်အဖွဲ့
- ရင်သွေးကြည့်ရှုစောင့်ရှောက်ခြင်း
မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU)
IIID အဆင့် NICU သည် အထူးကြပ်မတ်စောင့်ရှောက်ရန် လိုအပ်သော ရင်သွေးငယ်များအတွက် ၂၄ နာရီ စောင့်ရှောက်မှုများ ပေးအပ်နေပါသည်။ အမေရိကားတွင် လေ့ကျင့်သင်ကြားထားသော မွေးကင်းစကလေးငယ်အထူးကုများနှင့် သူနာပြုများပါဝင်သောအဖွဲ့မှ စောင့်ရှောက်မှုပေးနေပါသည်။