bih.button.backtotop.text

နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း (A-Fib)

နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း (AF သို့မဟုတ် A-Fib ဟုလည်းခေါ်ဝေါ်သည်) သည် အဖြစ်အများဆုံး ပုံမှန်မဟုတ်သည့် နှလုံးခုန်ခြင်း အမျိုးအစားတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် ၁% မှ ၂% ခန့်သောလူများတွင်သာ ဖြစ်ပွားသည်။ သို့သော် ၎င်းသည် အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားနှုန်းမြင့်လာပြီး အသက် ၈၀ မှ ၉၀ အရွယ်ရှိသောသူများတွင် ၅% မှ ၁၅% ခန့်၌ ဖြစ်ပွားမှုရှိသည်။ နှလုံးအမြှေးပါးရောင်ခြင်း၊ နှလုံးကြွက်သားဆိုင်ရာရောဂါ၊ ပုံမှန်မဟုတ်သော နှလုံးအဆို့ရှင်များ သို့မဟုတ် မွေးရာပါနှလုံးရောဂါ စသည်တို့ရှိသောသူများတွင် နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းအန္တရာယ် ပိုများပါသည်။

နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း ဆိုသည်မှာအဘယ်နည်း။
နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းသည် နှလုံး၏အပေါ်အခန်းများ (သွေးဝင်ခန်းများ) မှ အချက်ပြလျှပ်စီးကြောင်းများသည် သွေးဝင်ခန်းများအား မြန်ဆန်စွာနှင့် ပုံမှန်မဟုတ်သည့်နှလုံးစည်းချက်ကို ဖြစ်ပွားစေသည့်အခါတွင် ဖြစ်ပေါ်လေ့ရှိသည်။ အကျိုးဆက်အနေဖြင့် နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလုံလောက်စွာ မညှစ်ထုတ်နိုင်ခြင်း သို့မဟုတ် နှလုံးခုန်သည့်အကြိမ်တစ်ခုစီတိုင်းအတွက် သွေးဝင်ခန်းများမှလုံးဝပါဝင်အလုပ်မလုပ်ပဲ ဖြစ်နေတတ်သည်။ အကယ်၍ မှန်ကန်စွာမကုသပါက ဤရောဂါသည် နှလုံးမှလုံလောက်စွာသွေးလွှတ်ခြင်းမရှိတော့သည်အထိ ဖြစ်စေနိုင်သည်။ ဤရောဂါရှိသူများသည် အသက်အန္တရာယ်ရှိနိုင်သည့် လေဖြတ်ခြင်းဖြစ်နိုင်ချေ သာမာန်လူထက် ၅ ဆ ပိုများပါသည်။ အကြောင်းမှာ ဤနှလုံးခုန်မူမမှန်ခြင်းကြောင့် သွေးခဲခြင်းဖြစ်ပေါ်စေကာ ထိုသွေးခဲသည် ဦးနှောက်သို့သွားသော သွေးလွှတ်ကြောတွင် ပိတ်ဆို့ခြင်းဖြစ်နိုင်သဖြင့် ဖြစ်ပါသည်။
  • နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်သော နှလုံးဖောက်ပြန်ခြင်းအပါအဝင် နှလုံးရောဂါများ (နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် နှလုံးကြွက်သားပုပ်ခြင်း)၊ ပုံမှန်မဟုတ်သော နှလုံးအဆို့ရှင်များ၊ နှလုံးကြွက်သားဆိုင်ရာရောဂါ (နှလုံးကြွက်သားရောဂါနှင့် နှလုံးကြွက်သားရောင်ခြင်း)၊ သွေးပေါင်ချိန်မြင့်တက်ခြင်း (သွေးတိုးရောဂါ) နှင့် နှလုံးအမြှေးပါးရောင်ခြင်း စသည့်နှလုံးရောဂါများ
  • သိုင်းရွိုက်ဂလင်း အလုပ်လုပ်ဆောင်မှုမြင့်တက်ခြင်း (သိုင်းရွိုက်ဟောမုန်းအဆမတန်ထုတ်ခြင်း) နှင့် လေအိတ်ငယ်များပျက်စီခြင်း စသည့်အဆုတ်ရောဂါများ၊ ပိုးဝင်ခြင်းအတွက် ခန္ဓာကိုယ်တုံ့ပြန်မှုလွန်ကဲခြင်း၊ ခွဲစိတ်ပြီးနောက်ဖြစ်ပွားသော နောက်ဆက်တွဲပြဿနာများ၊ ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်းနှင့် လေဖြတ်ခြင်းတို့အပါအဝင် အခြားအခြေအနေများ
  • အခြားမသိရှိနိုင်သော အကြောင်းအရာများ
  • ပထမဆုံးတွေ့ရှိသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း - နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းကို ပထမဆုံးအနေဖြင့် သိရှိရသောအခါ ၎င်းကို ပထမဆုံးတွေ့ရှိသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းရောဂါဟုခေါ်သည်။ အကယ်၍ ဖြစ်စဉ်တစ်ခုသာဖြစ်ပွားပါက ၎င်းကို ရုတ်တရက်ဖြစ်သော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဟုခေါ်သည်။ ထိုအခြေအနေသည် များသောအားဖြင့် နှလုံးခွဲစိတ်ပြီးနောက်တွင် ဖြစ်ပွားတတ်သည့် နှလုံးစည်းချက်နှင့်ပတ်သက်သော ပြဿနာဖြစ်သည်။ အကယ်၍ ဖြစ်စဉ်တစ်ခုထက်မကဖြစ်ပွားပါက ၎င်းကို ရုတ်တရက် ပြန်ပြန်ဖြစ်တတ်သော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဟုသတ်မှတ်ကာ ကုသရန် လိုအပ်လာပါသည်။
  • ရုတ်တရက် ပြန်ပြန်ဖြစ်တတ်သော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း - ဤအခြေအနေတွင် နှလုံးခုန်မူမမှန်ခြင်းသည် ရုတ်တရက်ထဖြစ်ပြီး သူ့အလိုလိုရပ်သွားပါသည်။ လူနာအတော်များများတွင် ထိုကဲ့သို့ဖြစ်ပွားခြင်းသည် ၇ ရက်ခန့်အထိကြာနိုင်သော်လည်း ဖြစ်ပွားမှုသည် ၂၄ နာရီအတွင်း ရပ်သွားနိုင်ပါသည်။
  • ထပ်တလဲလဲ နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း - နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းသည် ၇ ရက်မကဖြစ်သည့်အခါ သို့မဟုတ် အလိုအလျောက် မရပ်တန့်သည့်အခြေအနေကို ထပ်တလဲလဲနှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဟု သတ်မှတ်သည်။
  • ကြာရှည်ဖြစ်နေသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း အကယ်၍ ဤဖြစ်ရပ်သည် ၁ နှစ်ထက်မကကြာကာ ထိုရောဂါအတွက် ကုသမှုယူပြီး နှလုံးခုန်နှုန်းပုံမှန်အတိုင်း ပြန်လည်ရရှိရန် ဆရာဝန်နှင့်လူနာမှ ဆုံးဖြတ်မည်ဆိုလျှင် ဤအခြေအနေကို ကြာရှည်ဖြစ်နေသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဟု သတ်မှတ်သည်။
  • အမြဲတမ်းဖြစ်နေသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း - အကယ်၍ ဤဖြစ်ရပ်သည် ၁ နှစ်ထက်မကကြာကာ ဆရာဝန်နှင့်လူနာမှ မကုသတော့ရန်ဆုံးဖြတ်ပါက ဤအခြေအနေကို အမြဲတမ်းဖြစ်နေသော နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဟုခေါ်သည်။

နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဖြစ်နေသောလူနာများ၏ ထက်ဝက်ကျော်ခန့်တွင် ထင်ရှားသောလက္ခဏာများမပြသပါ။ နောက်ဆက်တွဲပြဿနာများ (အထူးသဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုတုံ့ဆိုင်းပြီး သွက်ချာပါဒဖြစ်ခြင်း) ဖြစ်ပြီး ဆရာဝန်နှင့်ပြသည့်အချိန်မှသာ ဤနှလုံးခုန်မမှန်သည့်ရောဂါကို တွေ့ရှိတတ်ကြသည်။ လက္ခဏာရှိသောသူများတွင် အောက်ပါတို့ကို တွေ့ကြုံခံစားရတတ်သည်။

  • ရင်တုန်ခြင်း၊ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း
  • အသက်ရှုမဝခြင်း၊ အားနည်းခြင်း
  • လေ့ကျင့်ခန်းပြုလုပ်စဉ်တွင် အလွယ်တကူမောပန်းခြင်း
  • လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းကျဆင်းခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ခေါင်းလေး၍မူးမော်ခြင်း
  • အသက်ရှုရန်ခက်ခဲခြင်း
  • မေ့မျောခြင်း
  • နှလုံးခုန်နှုန်းနှင့်စည်းချက်ကိုစစ်ဆေးခြင်း
  • အီးစီဂျီရိုက်ခြင်း
  • ဓါတ်ခွဲစစ်ဆေးခြင်းများ
    • သွေးအားနည်းခြင်း သို့မဟုတ် ကျောက်ကပ်လုပ်ဆောင်ချက်စစ်ခြင်း
    • သိုက်ရွိုက်လုပ်ဆောင်ချက်စစ်ခြင်း
    • ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း
    • နှလုံးအဲကိုးရိုက်ခြင်း

နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းအတွက် ကုသမှု၏ရည်ရွယ်ချက်များ တွင် အသက်ဆုံးရှုံးမှုနှုန်းနှင့် ဆေးရုံတက်ရသည့်နှုန်းကို လျှော့ချရန်ရည်ရွယ်ချက်ဖြင့် ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများကို နည်းအောင်ပြုလုပ်ခြင်းတို့ပါဝင်ပါသည်။ ကုသမှုအမျိုးအစားသည် လူနာ၏အသက်အရွယ်၊ ကျန်းမာရေးရာဇဝင်၊ ရောဂါလက္ခဏာများ၊ အခြားကျန်းမာရေးပြဿနာများနှင့် နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းအမျိုးအစားစသည်တို့အပေါ်မူတည်ပါသည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ပါဝင်ပါသည်။

  • ဆေးဝါးများဖြင့်ကုသခြင်း
    • နှလုံးခုန်နှုန်းကိုနှေးစေခြင်း (ခုန်နှုန်းကိုထိန်းချုပ်ရန်)
    • စည်းချက်ထိန်းညှိပေးခြင်း
    • သွေးခဲကာ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ အထူးသဖြင့် ဦးနှောက်သို့သွားသော သွေးကြောအား ပိတ်စေသည့်အန္တရာယ်ကို လျှော့ချပေးခြင်းတို့အား ဆေးဝါးများဖြင့် ကုသပေးနိုင်ပါသည်။
  • လျှပ်စစ်စီးကြောင်းဖြင့် နှလုံးစည်းချက်မှန်စေခြင်း သည် ပုံမှန်နှလုံးစည်းချက်ကို ချက်ခြင်းပြန်လည်ရရှိစေပြီး အရေးပေါ်အခြေအနေများတွင်သာ အသုံးပြုသည်။ ဤကုသနည်းသည် နှလုံးခုန်မမှန်ခြင်းရောဂါ ပြန်လည်ဖြစ်ပွားမှုကို မကာကွယ်နိုင်ပါ။ ပုံမှန်စည်းချက်ရရန်ကို ရေရှည်ဆေးဝါးများဖြင့်သော်လည်းကောင်း၊ စည်းချက်မမှန်ခြင်းကိုဖြစ်စေသည့် နှလုံးတစ်ရှုးအားဖျက်စီးပြစ်ခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်မှသာ ပုံမှန်စည်းချက်ကို ထိန်းထားနိုင်မည်ဖြစ်သည်။
  • အပူဓါတ် သို့မဟုတ် အအေးဓါတ်ဖြင့် စည်းချက်မမှန်ခြင်းကိုဖြစ်စေသည့် နှလုံးတစ်ရှုးအားဖျက်စီးပြစ်ခြင်း အား နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းဖြစ်ပွားစေသည့် ပုံမှန်မဟုတ်သော အချက်ပြလျှပ်စီးကြောင်းရပ်တန့်ရန် အသုံးပြုသည်။ ဤကုသမှုသည် ပုံမှန်နှလုံးစည်းချက်ကို ချက်ခြင်းပြန်လည်ရရှိစေပြီး အနာဂတ်တွင် နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်းပြန်လည်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။

Doctors Related

Related Centers

နှလုံးစည်းချက်မမှန်ခြင်းကုဌာန

လေ့လာရန်

နှလုံးကုဌာန

လေ့လာရန်

Related Packages

Rating score 8.92 of 10, based on 13 vote(s)

Related Health Blogs