bih.button.backtotop.text

အာရုံကြောမကြီး ဒဏ်ရာရခြင်း (ကျောရိုးဆစ်များကျိုးခြင်း)

ကျောရိုးဆစ်များကျိုးခြင်းသည် ခြေ၊ လက်ကျိုးခြင်းနှင့်မတူပါ၊ အဘယ်ကြောင့်ဆိုသော် ကျောရိုးသည် အာရုံကြောမကြီးနှင့် အာရုံကြောငယ်များတည်ရှိရာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အာရုံကြောမကြီး ဒဏ်ရာရခြင်းမှာ အရွတ်များ၊ အာရုံကြောအမှေးပါးများဒဏ်ရာရခြင်း၊ ကျောရိုးဆစ်များကျိုးခြင်း၊ ဖိမိခြင်း၊ နေရာလွဲခြင်းနှင့် အာရုံကြောစနစ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပါသည်။ အချို့သောလူနာများတွင် အကြောသေ သွက်ချာပါဒလိုက်သွားတတ်ပါသည်။

ဖြစ်ရသည့်အကြောင်းရင်းများ
အာရုံကြောမကြီး ဒဏ်ရာရခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည် - ယာဉ်တိုက်မှုကဲ့သို့သောမတော်တဆများ (၄၅%)၊ အမြင့်မှပြုတ်ကျခြင်း (၂၀%)၊ အားကစားကြောင့်ထိခိုက်ဒဏ်ရာရခြင်း (၁၅%)၊ အကြမ်းဖက်ခံရခြင်း (၁၅%)၊ အခြား (၅%)။ အရိုးပွခြင်းနှင့် ကျောရိုးအကျိတ်တို့ကြောင့်လည်း ကျောရိုးကျိုးခြင်းကိုဖြစ်စေတတ်သည်။ ဤအကြောင်းများကြောင့် ကျောရိုးကျိုးခြင်းသည် အသက် ၁၈-၂၅ နှစ်ကြားလူများတွင် ၈၀% ရှိသည်။ အမျိုးသားများသည် အမျိုးသမီးများနှင့်စာလျှင် ကျောရိုးကျိုးခြင်း ၄-ဆ ခန့်ပိုများသည်။
ရောဂါလက္ခဏာများသည် အာရုံကြောမကြီး ဒဏ်ရာရသည့်အတိုင်းအတာနှင့် နေရာပေါ်တွင်မူတည်ပြီး ကွဲပြားတတ်သည်။ အာရုံကြောမကြီး ဒဏ်ရာရသည့်လူနာများတွင် ဇက်နာခြင်း၊ ခါးနာခြင်း၊ သို့မဟုတ် ဖြစ်သည့်နေရာတွင်နာခြင်း၊ ထုံခြင်း၊ ကြွက်သားတင်းခြင်း၊ နွမ်းနယ်ခြင်းနှင့် ဆီးဝမ်းမထိန်းနိုင်ခြင်းတို့ဖြစ်တတ်သည်။ အချို့သူများတွင် အကြောသေခြင်းဖြစ်တတ်ပါသည်၊ အကြောင်းမှာ အာရုံကြောစနစ်နှင့် အာရုံကြောမကြီးနှစ်ခုစလုံး ဒဏ်ရာရသဖြင့် ဖြစ်ပါသည်။
ကြီးမားသောမတော်တဆထိခိုက်ခြင်းကြုံခဲ့ရသည့်လူနာများတွင် အထက်ပါ ရောဂါလက္ခဏာများလည်းရှိနေပါက လှုပ်ရှားမှုအတွက်အထူးသတိထားရပါမည်။ ခါးပတ်ကဲ့သို့သော ခါးရိုးကိုပိုမိုထောက်ကန်ပေးနိုင်မည့် ပစ္စည်းများအသုံးပြုရန်လိုပါမည်။ လူနာအား ဆရာဝန်မှသေချာစွာ စမ်းသပ်စစ်ဆေးပြီးသည့်အခါ ရောဂါအမည်နှင့်သင့်တော်သောကုသမှုအစီအစဉ်တို့ကို ရေးဆွဲပေးပါမည်။ စီတီ သို့မဟုတ် အမ်အာအိုင်ရိုက်ခိုင်းတတ်ပါသည်။ အာရုံကြောစနစ် သို့မဟုတ် အာရုံကြောမကြီးဒဏ်ရာရသည်ဟု သံသယရှိပါက အမ်အာအိုင်ရိုက်ရန် လိုအပ်လေ့ရှိပါသည်။

ကုသမှုအား နာကျင်မှုကိုသက်သာစေသောဆေးဝါးများ၊ ခါးပတ်ပတ်ခြင်းဖြင့် ဒဏ်ထပ်မဖြစ်စေရန်ကာကွယ်ခြင်း စသည်တို့ဖြင့် စတင်ပါမည်။ လူနာသည် ကျောရိုးအထောက်အပံ့ပြုအင်္ကျ ီကဲ့သို့အရာများ၊ လည်ပင်းပတ်တို့ဝတ်ဆင်ရန် လိုအပ်မည်ဖြစ်ပြီး ဒဏ်ရာအနည်းအများ၊ ထိခိုက်မှုပုံစံတို့အပေါ်မူတည်ပြီး အချို့သူများတွင် ခွဲစိတ်မှုလည်းလိုနိုင်ပါသည်။

  • ခါးပတ်ပတ်ခြင်း

ခါးပတ်ကအောက်ပါတို့အတွက်အကူအညီပေးပါသည် -

    • ထိခိုက်ဒဏ်ရာရသောနေရာတွင် ကျောရိုးအားထောက်ကန်ပေးခြင်း
    • ပြန်ကောင်းနေချိန်တွင် ကျောရိုးလှုပ်ရှားမှုကို နည်းစေခြင်း
    • ကျောရိုးလှုပ်ရှားမှုကြောင့်ဖြစ်သော နာကျင်မှုကိုလျော့နည်းစေခြင်း

ကျောရိုးကျိုးခြင်း သို့မဟုတ် လှုပ်ရှားမရတော့အောင်ဖြစ်သော ထိခိုက်မှုများ သို့မဟုတ် အာရုံကြောစနစ်ဒဏ်ရာရသူများသည် ခါးပတ်ကို ရက်သတ္တပတ် ၈ ပတ်မှ ၁၂ ပတ်ဝတ်ဆင်ရမည်၊ သို့မဟုတ် ကျိုးသွားသောကျောရိုးဆစ်များပြန်ကောင်းသည်အထိ ဝတ်ဆင်ရမည်။ အဆိုပါလူနာများသည် ကာယလေ့ကျင့်ခန်းလုပ်ရန်လည်း လိုအပ်သည်။

  • ရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် သို့မဟုတ် ကျောရိုးဆစ်တွယ်ဆက်ခြင်းခွဲစိတ်မှု 
    ကျောရိုးဆစ်များမငြိမ်တော့ခြင်း သို့မဟုတ် လွဲခြင်းတို့ဖြစ်စေသည့် ကျောရိုးကျိုးခြင်းဖြစ်ပါက ကုသမှုသည် ကျောရိုးကိုငြိမ်အောင်ပြုလုပ်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ကျောရိုးဆစ်များအားပြန်လည်ပြင်ဆင်ခြင်း၊ မူလနေရာပြန်ရရန် နေရာပြန်ချခြင်း၊ သို့မဟုတ် ကျိုးသွားသောအဆစ်များကိုတွဲဆက်ခြင်းတို့ ပါဝင်သည်။ ကျောရိုးပြန်လည်ပြင်ဆင်ခြင်းကြောင့် နာကျင်မှုသက်သာစေပြီး အာရုံကြောစနစ်ကိုလည်း ပိုမိုထိရောက်စွာ ပြန်လည်ကောင်းမွန်စေသည်။ ထို့အပြင် ကျောရိုးကျိုးလူနာများတွင် လည်ပင်းခံခေါင်းအုံးသည် အာရုံကြောများပေါ်တွင်ဖိအားမများစေရန် အထောက်အပံ့ပေးသည်။
  • ကျောရိုးဆစ်အတွင်း ကော်ကဲ့သို့ဆေးထိုးခြင်း (Vertebroplasty) နှင့် လေပူဖောင်းဖြင့် ကျောရိုးဆစ်ပြန်ဖောင်းလာအောင်ပြုလုပ်ခြင်း (Kyphoplasty) 
    Vertebroplasty နှင့် Kyphoplasty တို့သည် အရိုးပွခြင်းကြောင့်သော်လည်းကောင်း၊ အချို့သောအကျိတ်များကြောင့်သော်လည်းကောင်း ကျောရိုးဆစ်များပိပြားသွားပါက ပြန်လည်ကောင်းမွန်ရန်ပြုလုပ်ရာတွင် အသုံးပြုသည်။ Vertebroplasty ဆိုသည်မှာ ပိပြားနေသောကျောရိုးဆစ်အတွင်း ကော်ကဲ့သို့အရာတစ်မျိုးထိုးခြင်းဖြစ်သည်။ Kyphoplasty ဆိုသည်မှာ အဆိုပါကော်ကဲ့သို့အရာမျိုးမထိုးခင် ပိပြားနေသောကျောရိုးဆစ်အား လေပူဖောင်းဖြင့်မြင့်တက်လာအောင် ပြုလုပ်နည်းဖြစ်သည်။

Related Treatments

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 9.23 of 10, based on 62 vote(s)

Related Health Blogs