bih.button.backtotop.text

နှလုံးကျန်းမာရေးဆိုင်ရာကျွမ်းကျင်မှု:  နှလုံးသွေးကြောဆိုင်ရာရောဂါများအတွက်ခေတ်မီဆန်းသစ်သောစောင့်ရှောက်ကုသမှုများ

နာတာရှည်နှလုံးပျက်ယွင်းခြင်းဆိုသည်မှာ ကမ္ဘာနှင့်ချီကာပျံ့နှံ့ဖြစ်ပွားနေသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ၄င်း၏ရှုပ်ထွေးသောရောဂါသဘာဝနှင့် ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝကိုကြီးမားစွာထိခိုက်စေနိုင်မှုတို့ကြောင့် ကုသရာတွင်လည်းစိန်ခေါ်မှုအမြောက်အမြားရှိသည်။ ဤအခြေအနေများကိုစီမံကုသရာတွင် နှလုံး​သွေးကြောဆိုင်ရာရောဂါများအတွက် အထူးကုသမှုများကိုပေးစွမ်းနေသည့် ကျွန်ုပ်တို့ဘမ်ရွန်ဂရက်ဆေးရုံကြီးက ထိပ်ဆုံးမှဉီးဆောင်လျှက်ရှိသည်။ နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း နှင့် သွေးကြောခွဲစိတ်မှုကဲ့သို့သော ခေတ်မီရောဂါရှာဖွေရေးနှင့်ကုသရေးနည်းလမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုလုပ်ဆောင်နိုင်စွမ်းက အဆင့်အတန်းမြင့်မားသော နှလုံးစောင့်ရှောက်မှုများကိုရရှိစေရန် ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ နှလုံးသွေးကြောခွဲစိတ်ကုသအောင်မြင်မှုရာခိုင်နှုန်းမှာ 99.1℅ အထိရှိပြီး အမေရိကန်နိုင်ငံ၏အောင်မြင်မှုရာခိုင်နှုန်း 95% နှင့်ယှဉ်လျှင် သိသိသာသာကျော်လွန်သွားခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားစွာဖော်ပြအပ်ပါသည်။

နာတာရှည်နှလုံးပျက်ယွင်းခြင်းသည် နှလုံး၏လုပ်ငန်းဆောင်တာများ တဖြည်းဖြည်းပျက်စီးလာခြင်းကြောင့်ဖြစ်သည်။ တနည်းအားဖြင့် နှလုံးမှသွေးညှစ်ထုတ်နိုင်စွမ်းကျဆင်းလာခြင်း သို့မဟုတ် သွေးပြန်ဖြည့်နိုင်စွမ်းကျလာခြင်းကြောင့်ဖြစ်သည်။ ဤသို့ပျက်ယွင်းလာခြင်းက အသက်ရှူမဝခြင်း၊ အလွန်အမင်းမောပန်းခြင်း စသောအားအင်ကုန်ခမ်းသည့်လက္ခဏာများကိုဖြစ်လာစေသည်။ ထပ်မံ၍နှလုံးသွေးကြောပြဿနာများကလည်း သွေးကြောအတွင်းအနည်အဖတ်များစုဝေးစေခြင်းကြောင့် သွေးစီးဆင်းမှုလမ်းကြောင်းကိုကျဉ်းမြောင်းသွားစေသည့်အတွက် အခြေအနေများကိုပိုမိုဆိုးရွားသွားစေနိုင်သည်။ ထို့ကြောင့် သွေးလည်ပတ်စီးဆင်းမှုများ လျော့နည်းသွားပြီးနောက် နှလုံးကြွက်သားများကိုအားနည်းလာစေသည်။

နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းက သွေးကြောဆိုင်ရာပြဿနာများကိုရှာဖွေစစ်ဆေးရာတွင် အလွန်အရေးပါသောထောက်တိုင်တစ်ခုပင်ဖြစ်သည်။ ဤကိရိယာသည် ဓာတုဆိုးဆေးတစ်မျိုးကိုအသုံးပြုကာ X-ray ဖြင့်ပုံရိပ်ဖော်ပြီးနှလုံးသွေးကြောများကိုကြည့်ရှုလေ့လာခြင်းဖြစ်သည်။  ထိုသို့လေ့လာခြင်းမှရရှိလာသောအချက်အလက်များက သင့်တော်တိကျသောကုသမှုနည်းလမ်းများကို အဆုံးအဖြတ်ပေးနိုင်ရန်ကူညီပေးသည်။ နှလုံးသွေးကြောရောဂါဟုကောက်ချက်ချလိုက်သည်နှင့် သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းများကိုပြန်လည်ဖွင့်ပေးနိုင်မည့် အသင့်တော်ဆုံးသောရွေးချယ်စရာကုသနည်းလမ်းမှာ  သွေးကြောခွဲစိတ်မှုတစ်ခုဖြစ်သည့် PCI ပင်ဖြစ်သည်။         
                                                                                                                        ဘမ်ရွန်ဂရက်ဆေးရုံကြီး၏နှလုံးအထူးကုဠာနတွင် နောက်ဆုံးပေါ်နည်းပညာများ၊ စက်ကိရိယာများကိုအသုံးပြုရုံသာမက သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးစုပေါင်းလုပ်ဆောင်ပီး ဆွေးနွေးတိုင်ပင်ကုသပေးနေပါသည်။ ၎င်းအဖွဲ့အစည်းတွင် နိုင်ငံတကာတွင်လေ့ကျင့်သင်ကြားခဲ့သောနှလုံးအထူးကုသမားတော်များ၊ နှလုံးခွဲစိတ်ဆရာဝန်များ၊ အထူးတန်းသူနာပြုများ၊ နည်းပညာပညာရှင်များနှင့် ပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာအထူးကုများပါဝင်ပြီး ပြီးပြည့်စုံသောစောင့်ရှောက်ကုသမှုများကို ပေးစွမ်းနိုင်ရန်ကြိုးပမ်းလျှက်ရှိသည်။ ထိုသို့စုပေါင်းဆောင်ရွက်ခြင်းဖြင့် ခွဲစိတ်ကုသမှုများနှင့် ရောဂါရှာဖွေစစ်ဆေးမှုမှသည် ပြန်လည်ကောင်းမွန်ကျန်းမာလာသည်အထိ ရှုထောင့်ပေါင်းစုံတွင် ချွင်းချက်မရှိတိကျသေချာသောလုပ်ဆောင်မှုများကိုရရှိစေသည်။

ဤသို့အရည်အသွေးပြည့်ဝသောကျွမ်းကျင်မှုများသည် လူနာများ၏ကုသမှုရလာဒ်များကို သိသိသာသာပိုမိုကောင်းမွန်စေသည့်အချက်ဖြစ်ပြီး ခေတ်မီဆန်းသစ်သောနှလုံးစောင့်ရှောက်ကုသမှုများကိုပေးစွမ်းနေသည့် ထိပ်တန်းဆေးရုံဆိုသောဂုဏ်သတင်းကိုပိုမိုခိုင်မာစေခဲ့ပါသည်။


အသေးစိတ်သိရှိလိုပါက 02 0668888 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
connect through LINE @biheartcenter 
or email [email protected]



 
For more information please contact:
  • Medical Clinic
    Tel: +66 2011 2222

Last modify: նոյեմբերի 29, 2024

Related Packages

Related Health Blogs