ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ နား၊ နှာခေါင်းနှင့်လည်ချောင်းအထူးကုစင်တာတွင် နှာခေါင်းတွင်းလေလမ်းကြောင်းဆိုင်ရာရောဂါအခြေအနေအမျိုးမျိုးအတွက် အဓိကကုသမှုနည်းလမ်းမှာ Sinus ခွဲစိတ်မှုပင်ဖြစ်သည်။ ဤခွဲစိတ်မှုသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်ကပြန်လည်ဆန်းသစ်ထားသော မှန်ပြောင်းအသုံးပြုခွဲစိတ်မှုနည်းလမ်းကိုအခြေခံထားသည်။ ဤသို့ခွဲစိတ်ဖြတ်တောက်မှုနည်းပါးသောနည်းလမ်းသည် သမားရိုးကျကုသမှုများနှင့်ကုသသော်လည်း မပျောက်ကင်းနိုင်ပဲကျန်ရှိနေသည့် ဆိုးရွားသော Sinus ပြဿနာများကိုကုသရာတွင်အဓိကအသုံးပြုပြီး နှစ်ရှည်နှာခေါင်းတွင်းလေလမ်းကြောင်းရောင်ရမ်းခြင်း၊ နှာခေါင်းတွင်းအသားပိုဖြစ်ပွားခြင်းမှသည် မျက်လုံးနှင့်နှာခေါင်းတို့ကိုဆက်သွယ်ထားသောမျက်ရည်ပြွန်ပိတ်ဆို့ခြင်း၊ နှာခေါင်းနှင့်နှာခေါင်းပတ်လည်ရှိ လေလမ်းကြောင်းဧရိယာအတွင်းကင်ဆာဖြစ်ပွားခြင်း စသော ရှုပ်ထွေးခက်ခဲသည့်ရောဂါအခြေအနေများအထိဖြေရှင်းကုသနိုင်သည်။
Sinus ခွဲစိတ်မှုကိုဘယ်အချိန်မှာလိုအပ်သလဲ?
Sinus ခွဲစိတ်မှုကို ကုသရန်အရေးပေါ်လိုအပ်သောအခြေအနေ နှင့် နှစ်ရှည်ရောဂါ (၂) မျိုးလုံးအတွက်လိုအပ်နိုင်သည်။
- ကုသမှုချက်ချင်းစတင်ရန်လိုအပ်သောအခြေအနေများ
- နောက်ဆက်တွဲဆိုးကျိုးအဖြစ် မျက်လုံး သို့မဟုတ် ဦးနှောက်အထိပျံ့နှံ့ထိခိုက်စေသော နှာခေါင်းတွင်းလေလမ်းကြောင်းရောင်ရမ်းခြင်း
- Sinus ကင်ဆာများ
- မှိုရောဂါများ
- နှာခေါင်းတွင်းလေလမ်းကြောင်းပိတ်ဆို့ခြင်း
- နှစ်ရှည်ရောဂါအခြေအနေများ
- ကုသ၍မပျောက်ကင်းသော သို့မဟုတ် ပြန်လည်ဖြစ်ပွားလာသော နှာခေါင်းတွင်းလေလမ်းကြောင်းရောင်ရမ်းခြင်း
- ၁ လမှ ၃ လခန့်အထိဆေးဝါးကုသမှုပေးသော်လည်း ပျောက်ကင်းမှု၊ တုံ့ပြန်မှုမရှိသော နှာခေါင်းတွင်းအသားပိုများ
ရရှိနိုင်သော Sinus ခွဲစိတ်မှုအမျိုးအစားများ
ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဠာနမှ လူနာတစ်ဦးစီ၏လိုအပ်ချက်များနှင့်ကိုက်ညီမည့် အမျိုးမျိုးသောခွဲစိတ်မှုနည်းလမ်းများဖြင့် ကုသမှုများပေးစွမ်းလျှက်ရှိသည်။
- Functional Endoscopic Sinus Surgery (FESS): နှာခေါင်းတွင်းမှချွဲနှင့်နှာရည်များအလွယ်တကူရှင်းထုတ်နိုင်ရန် လေလမ်းကြောင်းထွက်ပေါက်များကိုချဲ့ခြင်း
- Balloon Sinuplasty: ပူဖောင်းငယ်တစ်ခုကိုအသုံးပြု၍ လေလမ်းကြောင်းထွက်ပေါက်များကိုတဖြည်းဖြည်းချဲ့ခြင်း
- ခွဲစိတ်ဖြတ်တောက်မှုနည်းသော Sinus ကုသမှုနည်းလမ်းများ : အနာပြန်လည်ကုစားချိန်လျှော့နည်းစေရန် နှင့် ကောင်းမွန်သောကုသမှုရလဒ်များရရှိစေရန်အဓိကရည်ရွယ်သည်။
လုပ်ငန်းစဉ်အသေးစိတ်
- ခွဲစိတ်မှုမစတင်မီ : လူနာများအနေဖြင့် ခွဲစိတ်မှုမစတင်မီ လိုအပ်သည်များစစ်ဆေးခြင်းကိုခံယူရမည်ဖြစ်ပြီး မေ့ဆေးအသုံးပြုခွဲစိတ်ရမည်ဆိုလျှင် အစာရှောင်ရပါမည်။
- ခွဲစိတ်နေစဉ်အတွင်း : ခွဲစိတ်ဆရာဝန်မှ နှာခေါင်းအတွင်းကြည့်ရှုရန်နှင့်ခွဲစိတ်မှုများပြုလုပ်ရန် မှန်ပြောင်းတစ်ခုကိုအသုံးပြုမည်။ ထို့နောက် ပိတ်ဆို့နေသောအရာများကို သေးငယ်သောခွဲစိတ်ရာများပေး၍ခွဲထုတ်ပြီး လမ်းကြောင်းအသစ်များဖြစ်ပေါ်လာစေရန်ပြုလုပ်ပေးမည်။ ဤနည်းလမ်းသည် သွေးထွက်ခြင်းနှင့်နာကျင်မှုအလွန်နည်းပါးပြီး သမားရိုးကျနှာခေါင်းဖွင့်၍ခွဲသောနည်းလမ်းနှင့်ယှဉ်လျှင် ကုသမှုရလဒ်ပိုမိုကောင်းမွန်သည်။
ဖြစ်နိုင်ချေအန္တရာယ်နှင့်အကျိုးကျေးဇူးများ
- လုံခြုံစိတ်ချရမှု : ဦးနှောက်၊ မျက်လုံးနှင့် နှာခေါင်းအရင်းဖက်အတွင်းရှိနေရာများကို ထိခိုက်စေမည့်အန္တရာယ်လျှော့ချနိုင်ရန် ခေတ်မီခွဲစိတ်မှုလမ်းကြောင်းပြနည်းစနစ်များကိုအသုံးပြုထားသည်။
- ဖြစ်နိုင်ချေရှိသောနောက်ဆက်တွဲဆိုးကျိုးများ : ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးများမှာ မရှိသလောက်နည်းပါးသော်လည်း (မျက်လုံးနှင့်ဦးနှောက်အတွင်းရှိအရည်များနှင့်ပတ်သက်သောပြဿနာဖြစ်နိုင်ချေ ၁ ရာခိုင်နှုန်း၊ အမြင်အာရုံကြောမကြီးနှင့်သွေးကြောများထိခိုက်ပျက်စီးမှုဖြစ်နိုင်ချေအန္တရာယ် ၀.၁ ရာခိုင်နှုန်း) ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အကျိုးသက်ရောက်မှုပိုမိုရရှိစေရန် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများဖြင့် အထူးဂရုပြုစီမံလုပ်ဆောင်လျှက်ရှိသည်။
ပြန်လည်ကုစားခြင်းနှင့်အလားအလာများ
- ခွဲစိတ်မှုပြီးဆုံးပြီးနောက် : လူနာများအနေဖြင့် နာကျင်မှုအနည်းငယ်မှသည် အတန်အသင့်နာကျင်မှုအထိခံစားရနိုင်ပြီး နလန်ထချိန်ပိုမိုမြန်ဆန်စေရန် ပုံမှန်စောင့်ရှောက်ကုသမှုများကိုခံယူသင့်သည်ဟု အကြံပြုပါသည်။
- ရေရှည်အလားအလာများ : လူနာတော်တော်များများတွင် လက္ခဏာများသိသိသာသာသက်သာကောင်းမွန်လာသည်ကိုတွေ့နိုင်သော်လည်း အချို့လူနာများတွင်ရောဂါပြန်လည်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးဝါးကုသမှုများကိုဆက်လက်ပြုလုပ်ရန်လိုအပ်နိုင်သည်။
ဘယ်အချိန်မှာဆရာဝန်နဲ့ဆက်သွယ်ပြသသင့်သလဲ?
အကယ်၍လူနာများအနေဖြင့် ဆက်တိုက်နာကျင်မှု သို့မဟုတ် ပိုးဝင်ခြင်းလက္ခဏာများခံစားနေရလျှင် နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများနှင့် ဆက်သွယ်ပြသသင့်သည်။
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးမှ ခေတ်မီ Sinus ခွဲစိတ်မှု
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီး၏ Sinus ခွဲစိတ်မှုသည် ကုသရန်အရေးပေါ်လိုအပ်သောရောဂါများနှင့် နှစ်ရှည်ရောဂါအခြေအနေများအားလုံးအတွက် ခွဲစိတ်ဖြတ်တောက်မှုနည်းပါးသည့် ခေတ်မီဆန်းသစ်သောကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကုစင်တာတွင် ခွဲစိတ်ပညာရပ်နယ်ပယ်အတွင်းခေတ်ရှေ့အပြေးဆုံးသောနည်းပညာ နှင့် ခွဲစိတ်မှုနည်းလမ်းအမျိုးမျိုးကိုပေးစွမ်းကာ နှာခေါင်းတွင်းလေလမ်းကြောင်းပြဿနာများဆက်တိုက်ရင်ဆိုင်ခံစားနေရသောလူနာများ၏ဘဝအရည်အသွေးကိုတိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်သည်။ မိမိတို့လိုအပ်ချက်နှင့် လက်ရှိအခြေအနေများအရအကောင်းဆုံးဖြစ်နိုင်မည့် ကုသမှုလမ်းစဉ်တစ်ခုကိုဆုံးဖြတ်နိုင်ရန် အထူးကုသမားတော်များနှင့်ဆွေးနွေးတိုင်ပင်ခြင်းကအလွန်အရေးပါသည်။
For more information please contact:
- Ear, Nose and Throat Center
Tel: +66 2011 2222
Last modify: մարտի 26, 2025