bih.button.backtotop.text

ဆီးချိုနှင့်မြင်လွှာထိခိုက်ပျက်စီးခြင်း : စောစီးစွာရောဂါရှာဖွေစစ်ဆေးခြင်း နှင့် အမြင်အာရုံထိန်းသိမ်းကာကွယ်ခြင်း

Diabetic Retinopathy ဆိုသည်မှာ ဆီးချိုရောဂါ၏ ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပြီး ကုသမှုမခံယူလျှင် အမြင်အာရုံပျက်စီးခြင်း သို့မဟုတ် မျက်စိကွယ်သည်အထိဖြစ်စေနိုင်သည်။ သွေးတွင်းသကြားဓာတ်မြင့်မားလာခြင်းက မြင်လွှာအတွင်းရှိသွေးကြောများကိုဖျက်ဆီးပစ်လိုက်ပြီး ဤအခြေအနေသည်သိသာသောလက္ခဏာပြလေ့မရှိပဲတိတ်တဆိတ်ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားလေ့ရှိသောလက္ခဏာများ၊ ဖြစ်နိုင်ချေအန္တရာယ်များနှင့် ကုသနိုင်သောနည်းလမ်းများကိုသိရှိထားခြင်းဖြင့် ရောဂါအခြေအနေပိုမိုဆိုးရွားလာခြင်းမှကာကွယ်တားဆီးနိုင်သည်။



 
Diabetic-retinopathy-MM-New-1.jpg

 

ဘာတွေက ဆီးချိုကြောင့်မြင်လွှာထိခိုက်ပျက်စီးခြင်းကိုဖြစ်စေသလဲ?

သွေးတွင်းသကြားဓာတ်များမြင့်တက်လာသည့်အခါ မြင်လွှာအတွင်းရှိသွေးကြောများ​ကြံ့ခိုင်မှုလျော့နည်းလာပြီး သွေးကြောများဖောင်းလာခြင်း သို့မဟုတ် အရည်များစိမ့်ထွက်ခြင်းတို့ဖြစ်ပေါ်လာသည်။ ရောဂါအဆင့်ပြင်းထန်လာသည့်အခါ မြင်လွှာပေါ်တွင်ပုံမှန်မဟုတ်သောသွေးကြောလေးများဖြစ်ပေါ်လာပြီး အမြင်အာရုံထိခိုက်ပျက်စီးခြင်းနှင့် မြင်လွှာကွာကျခြင်း သို့မဟုတ် ရေတိမ် စသော ဆိုးရွားသည့်နောက်ဆက်တွဲပြဿနာများကိုဖြစ်စေနိုင်သည်။
 
 

သတိပြုစောင့်ကြည့်ရမည့်လက္ခဏာများ

ရောဂါကနဦးအဆင့်တွင်သိသာသောလက္ခဏာများမရှိပါ။ အခြေအနေတဖြည်းဖြည်းဆိုးရွားလာသည့်အခါ သင့်အနေဖြင့်အောက်ဖော်ပြပါလက္ခဏာများကိုတွေ့ကြုံခံစားရနိုင်သည်။
  • အမြင်ဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံများမတည်မငြိမ်ပြောင်းလဲခြင်း
  • အမည်းစက်များ သို့မဟုတ် အမျှင်စလေးများလေပေါ်လွင့်နေသကဲ့သို့တွေ့မြင်ရခြင်း
  • အရောင်မြင်ကွင်းပုံမမှန်ခြင်း
  • မျက်စိနှစ်ဖက်လုံးတွင်အမြင်အာရုံပျောက်ကွယ်သွားခြင်း
ရောဂါအခြေအနေပြင်းထန်မှုမရှိမခြင်း လက္ခဏာများဖြစ်ပေါ်လေ့မရှိသောကြောင့် မျက်လုံးများကိုပုံမှန်စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။
 
 

ဘယ်သူတွေမှာဖြစ်နိုင်ချေအန္တရာယ်ရှိသလဲ?

ဆီးချိုရောဂါရှိသူမည်သူမဆိုဖြစ်ပွားနိုင်သည် - အမျိုးအစား ၁ ဆီးချို၊ အမျိုးအစား ၂ ဆီးချို၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းဖြစ်ပွားတတ်သောဆီးချို။
  • သွေးတွင်းသကြားဓာတ်ပမာဏကိုမထိန်းချုပ်နိုင်ခြင်း
  • သွေးတိုး နှင့် ကိုလက်စထရောပမာဏမြင့်မားခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • ဆီးချိုဖြစ်ပွားမှုသက်တမ်းကြာမြင့်လာခြင်း စသောအခြေအနေများရှိလျှင် ဖြစ်ပွားနိုင်ချေပိုမိုမြင့်မားသည်။
 

ကာကွယ်ခြင်းနှင့် စီမံကုသခြင်း

အကောင်းဆုံးသောကာကွယ်ရေးနည်းလမ်းများမှာ သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်နှင့် ကိုလက်စထရောတို့ကိုထိန်းညှိခြင်းဖြစ်သည်။ အထူးသဖြင့် ဆီးချိုရောဂါကိုနှစ်ပေါင်းများစွာခံစားနေရသူများအနေဖြင့် မျက်လုံးစစ်ဆေးမှုများကိုပုံမှန်လုပ်ဆောင်ခြင်းက ဆီးချိုကြောင့်မြင်လွှာများထိခိုက်ပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများကိုရှာဖွေသိရှိနိုင်သည်။ နေထိုင်မှုအလေ့အထများပြောင်းလဲထိန်းညှိခြင်းနှင့် သင့်တော်သောစားသောက်မှုပုံစံများကိုစီမံပြုပြင်ခြင်းကလည်း ရောဂါအခြေအနေပြင်းထန်လာခြင်းမှကြိုတင်ကာကွယ်ရာတွင်အရေးပါသောသော့ချက်များဖြစ်သည်။
 
 

ရွေးချယ်နိုင်သောကုသမှုနည်းလမ်းများ

ကုသမှုနည်းလမ်းများသည် ရောဂါအခြေအနေပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး ၎င်းတို့တွင်
  • လေဆာဖြင့်ကုသခြင်း : သွေးကြောယိုစိမ့်မှုများကိုဖာထေးရန် သို့မဟုတ် ပုံမှန်မဟုတ်သောသွေးကြောများကိုကျုံ့သွားစေရန်
  • ဆေးသွင်းကုသခြင်း : Anti-VEGF ထိုးဆေးများသည်သွေးကြောများဖောင်းလာခြင်းကိုလျော့ကျစေပြီး ရောဂါဆက်လက်ပြင်းထန်မှုကိုလည်းနှောင့်နှေးစေသည်။
  • ခွဲစိတ်မှုများ : ပြင်းထန်အဆင့်အခြေအနေများတွင် Vitrectomy ခေါ် မျက်အိမ်အတွင်းမှအရည်များကိုဖောက်ထုတ်ခြင်းနည်းလမ်းဖြင့် မြင်လွှာအတွင်းမှအမာရွတ်တစ်သျှူးများ၊ သွေးများကိုဖယ်ရှားရန်လိုအပ်နိုင်သည်။
 
 

သင်၏အမြင်အာရုံကိုကာကွယ်ထိန်းသိမ်းခြင်း

Diabetic Retinopathy ဖြစ်ပွားခြင်းမှရှောင်ရှားနိုင်မည့်အကောင်းဆုံးသောကာကွယ်ရေးလက်နက်တစ်ခုမှာ မျက်လုံးစစ်ဆေးမှုများကိုပုံမှန်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဆီးချိုရောဂါအား ကောင်းမွန်စွာစီမံထိန်းချုပ်ခြင်းက အမြင်အာရုံဆုံးရှုံးမှုအန္တရာယ်များကို သိသိသာသာလျော့ကျစေနိုင်သည်။ နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီး၏ မျက်စိအထူးကုဠာနတွင် အထူးရောဂါရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုအစီအစဉ်များစွာထားရှိပြီး လူနာများ၏အမြင်အာရုံကိုကာကွယ်ထိန်းသိမ်းရန်ကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ သင့်လိုအပ်ချက်များနှင့်အသင့်တော်ဆုံးကိုက်ညီနိုင်မည့် ကုသမှုအစီအစဉ်များကိုရရှိနိုင်ရန် မျက်စိအထူးကုဆရာဝန်များနှင့် အစဉ်အမြဲဆွေးနွေးတိုင်ပင်ပါ။
 

ဤပစ်မှတ်ထားကုသမှုနည်းလမ်းသည် သင့်အမြင်အာရုံထိခိုက်ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပြီး ပိုမိုတောက်ပသောအနာဂတ်ကိုရရှိစေရန်ကူညီပေးနိုင်သည်မှာအသေအချာပင်ဖြစ်သည်။


By Dr. Maytinee Sirimaharaj
 




 
For more information please contact:

Last modify: մարտի 31, 2025

Related Packages

Related Health Blogs