Dr. Maytinee Sirimaharaj သည် မျက်လုံးဆိုင်ရာစောင့်ရှောက်ကုသမှုအပိုင်းတွင် ဆယ်စုနှစ်သုံးစုမကသောအတွေ့အကြုံများစွာရရှိထားပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည်။ Siriraj ဆေးရုံ၊ Mahidol တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး Ramathibodi ဆေးရုံကြီးတွင်မျက်လုံးနှင့်အမြင်ဗေဒဆိုင်ရာမဟာဘွဲ့ကိုလည်း ထပ်မံတတ်မြောက်ပြီးစီးခဲ့သည်။ သူမသည်မြင်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ အတွင်းတိမ်ကုသမှုများနှင့် အထွေထွေမျက်လုံးကျန်းမာရေး စသောနယ်ပယ်များတွင်အထူးပြုကုသပေးလျှက်ရှိသည်။ Australia နိုင်ငံ Sydney Eye Hospital ၏မြင်လွှာဆိုင်ရာသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်းကြောင့် သူမ၏ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးများကိုပိုမိုတိုးမြှင့်ခိုင်မာစေခဲ့သည်။
ဆက်ဖတ်ရန်