bih.button.backtotop.text

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှု

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှု

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှုဆိုသည်မှာ ဦးနှောက်၊ ဦးခေါင်းခွံနှင့် မျက်နှာ၏ဖွဲ့စည်းမှုအစိတ်အပိုင်းများအားလုံးစုဝေးရာ အရေးကြီးဆုံမှတ်နေရာတွင် ဖြစ်ပွားတတ်သောပြဿနာများကို ဖော်ထုတ်ကုသပေးနိုင်မည့် အထူးပြုပညာရပ်တစ်ခုဖြစ်သည်။ ဆန်းသစ်သောနည်းပညာ နှင့် ဖြတ်တောက်ထိုးဖောက်မှုနည်းပါးသောနည်းလမ်းများကြောင့် ခွဲစိတ်မှုလုပ်ဆောင်ရာတွင် ဤနယ်ပယ်အတွင်းရှိခေတ်အမီဆုံးသောတီထွင်မှုများကိုတွေ့မြင်နိုင်သည်။ ထိုခေတ်မီတိုးတက်မှုများသည် ခွဲစိတ်ရာတွင်တိကျမှန်ကန်မှုရှိစေရုံသာမက ခွဲစိတ်မှုရလဒ်နှင့်လူနာများ၏ဘဝအရည်အသွေးကို သိသိသာသာတိုးတက်ကောင်းမွန်စေသည်။



ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှုဆိုတာဘာလဲ?

ဦးခေါင်းခွံအောက်ပိုင်းဆိုသည်မှာ ဦးခေါင်းခွံအခေါင်းပေါက်ကြီးတစ်ခုလုံး၏ကြမ်းခင်းဖြစ်ပြီး ဖွဲ့စည်းပုံကြံ့ခိုင်မှုရှိစေရန်နှင့် လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန် အလွန်အရေးပါသည့်အရိုးများစွာဖြင့်ဖွဲ့စည်းထားသည်။ ၄င်းသည် -
  • မျက်လုံးအိမ်
  • နှာခေါင်းတွင်းရှိလေလမ်းကြောင်းများ
  • အတွင်းနားအစိတ်အပိုင်းများ
  • နှာခေါင်းအတွင်းပိုင်းရှိအစိတ်အပိုင်းများ ကိုကာရံပေးထားသည်။

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှုသည် ကင်ဆာနှင့်ကင်ဆာမဟုတ်သောဦးနှောက်အကြိတ်များ၊ ဦးနှောက်အောက်ခြေ သို့မဟုတ် ကျောရိုးမကြီး၏ထိပ်ပိုင်းတွင်ဖြစ်ပေါ်တတ်သော ပုံမှန်မဟုတ်သည့်အခြေအနေအမျိုးမျိုးကို ခွဲထုတ်ဖယ်ရှားရာတွင်အလွန်အရေးပါသည်။

 

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှုတွင်အသုံးပြုသောခေတ်မီနည်းပညာများ

သမားရိုးကျကုသမှုလမ်းစဉ်များတွင် ဦးခေါင်းခွံကိုဖွင့်၍ခွဲစိတ်ရန်လိုအပ်သော်လည်း ယနေ့ခေတ်ခွဲစိတ်မှုနည်းလမ်းအတော်များများတွင် ဖြတ်တောက်ထိုးဖောက်မှုအလွန်နည်းပါးပြီး သဘာဝအတိုင်းဖြစ်တည်နေသောနှာခေါင်း သို့မဟုတ် ပါးစပ်ပေါက်များမှတဆင့် ထည့်သွင်းဝင်ရောက်နိုင်သည့်မှန်ပြောင်းများကိုအသုံးပြုသည်။ ဤခွဲစိတ်မှုများအတွက် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်များ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ ပါးရိုးနှင့်မျက်နှာခွဲစိတ်အထူးကုများ၊ ဓာတ်မှန်ဆရာဝန်များစုပေါင်းပါဝင်သော အဖွဲ့တစ်ဖွဲ့ထားရှိရန်လိုအပ်သည်။

 

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှု၏အကျိုးကျေးဇူးများ

  • အနာပြန်လည်ကုစားရန်ကြာမြင့်ချိန်လျော့နည်းခြင်း : ပြင်ပခွဲစိတ်ရာများလုံးဝမရှိခြင်းနှင့် တစ်ရှူးထိခိုက်ပျက်စီးမှုအလွန်နည်းပါးခြင်းတို့ကြောင့် လူနာများအနေဖြင့် နာလန်ထချိန်ပိုမိုမြန်ဆန်သည်ကိုခံစားသိရှိနိုင်သည်။
  • မြင်သာသောအမာရွတ်လုံးဝမရှိခြင်း : ခွဲစိတ်ဖြတ်တောက်မှုနည်းသောခေတ်မီခွဲစိတ်မှုလုပ်ငန်းစဉ်များသည် ခန္ဓာကိုယ်ရှိသဘာဝအတိုင်းဖြစ်တည်နေသောဝင်ပေါက်များကိုအသုံးပြုခြင်းကြောင့် ပြင်ပဒဏ်ရာများလုံးဝမရှိနိုင်ပါ။
  • မြင်ကွင်းပိုမိုကောင်းမွန်ခြင်း : မှန်ပြောင်းတွင်ပါဝင်သောကြည်လင်ပြတ်သားမှုအားကောင်းသည့်ကင်မရာများနှင့် အဏုကြည့်မှန်ဘီလူးများကြောင့် ပြတ်သားသောပုံကြီးချဲ့မြင်ကွင်းများကို ဆရာဝန်မှကောင်းစွာမြင်တွေ့ရပြီး ပိုမိုတိကျသေချာသောခွဲစိတ်မှုများကိုလုပ်ဆောင်နိုင်ရန်ကူညီပေးသည်။
  • စိတ်ကြိုက်ခွဲစိတ်မှုအစီအစဉ်များရေးဆွဲနိုင်ခြင်း : သံလိုက်ဓာတ်မှန် (MRI) နှင့် ကွန်ပျူတာဓာတ်မှန် (CT) စသောခေတ်မီပုံရိပ်ဖော်နည်းပညာများကြောင့် လူနာတစ်ဦးချင်းစီအတွက် မိမိတို့၏ခန္ဓာဗေဒဖွဲ့စည်းပုံအခြေအနေများနှင့် ကိုက်ညီသောခွဲစိတ်မှုအစီအစဉ်များကို သတ်မှတ်ရေးဆွဲနိုင်သည်။
  • ဘက်ပေါင်းစုံမှတွဲဖက်လုပ်ဆောင်သောလမ်းစဉ် : အထူးကုဆရာဝန်များစွာပါဝင်သောကုသရေးအဖွဲ့သည် ရောဂါရှာဖွေစစ်ဆေးခြင်းမှ ပြန်လည်ကျန်းမာသန်စွမ်းရေးအဆင့်အထိ ပြီးပြည့်စုံသောစောင့်ရှောက်ကုသမှုများကိုပေးစွမ်းရန် အတူတကွလက်တွဲလုပ်ဆောင်လျှက်ရှိသည်။
  • ခေတ်မီဆန်းသစ်သောပြန်လည်ထူထောင်ရေးနည်းလမ်းများ : ခွဲစိတ်ပြီးနောက် Vascularized flaps ခေါ် သွေးကြောများပါဝင်သောအစားထိုးတစ်ရှူး နှင့် အစားထိုးပစ္စည်းများကိုအသုံးပြုခြင်းသည် အရေးကြီးသောဦးနှောက်အစိတ်အပိုင်းများကိုကာကွယ်ပေးရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်ကူညီပေးနိုင်သည်။
  • ခေတ်မီလမ်းကြောင်းပြစနစ်နှင့် ပုံရိပ်ဖော်ခြင်း : ခွဲခန်းအတွင်းပုံရိပ်များရိုက်ကူးခြင်းနှင့် အာရုံကြောလမ်းကြောင်းပြစနစ်များက ခွဲစိတ်နေစဉ်အတွင်းအချိန်နှင့်တပြေးညီလမ်းညွှန်မှုများပေးနိုင်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် ခွဲစိတ်မှုလွယ်ကူမြန်ဆန်စေရန်အထောက်အပံ့ပေးနိုင်သည်။
  • လုပ်ငန်းစဉ်များကိုပုံမှန်အတိုင်းထိန်းသိမ်းထားရှိခြင်း : ခွဲစိတ်မှုနည်းလမ်းများသည်ထိခိုက်ဒဏ်ရာများကိုအနည်းဆုံးလျှော့ချပြီး အမြင်အာရုံ၊ အကြားအာရုံ စသောအဓိကလုပ်ငန်းဆောင်တာများ ထိခိုက်မှုမရှိစေရန်ထိန်းသိမ်းထားခြင်းဖြင့် ခွဲစိတ်ပြီးနောက်ပိုင်းအလုံးစုံသောဘဝအရည်အသွေးများပိုမိုကောင်းမွန်စေရန်ရည်ရွယ်သည်။
 
ခွဲစိတ်ဖြတ်တောက်မှုနည်းသောနည်းလမ်းများ၊ ဆန်းသစ်သောနည်းပညာများ နှင့် ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်သောစောင့်ရှောက်ကုသမှုများကြောင့် ယနေ့ခေတ်ဦးခေါင်းခွံခွဲစိတ်မှုခံယူရမည့်လူနာများအနေဖြင့် ပိုမိုကောင်းမွန်သောကုသမှုရလဒ်များ၊ နည်းပါးသောခွဲစိတ်မှုဘေးအန္တရာယ်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကိုလျင်မြန်စွာပြန်လည်လုပ်ဆောင်နိုင်မည့် အကျိုးကျေးဇူးများကိုရရှိခံစားနိုင်ပါသည်။

 

နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးမှပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်ပိုင်နိုင်မှု

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ အတွေ့အကြုံများစွာရှိသော ဝါရင့်နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်များ၊  ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ မျက်စိအထူးကုသမားတော်များပါဝင်သည့်အဖွဲ့ထားရှိခြင်းအတွက် အမြဲပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဤအထူးကုသမားတော်များသည် ဆယ်စုနှစ်မကသောအတွေ့အကြုံများစွာကိုသယ်ဆောင်လာခဲ့ပြီး အရှုပ်ထွေးအခက်ခဲဆုံးသောရောဂါအခြေအနေများအတွက်ပင် ထိပ်တန်းဖြစ်သောအကောင်းဆုံးခွဲစိတ်မှုများကို လုပ်ဆောင်ကုသပေးလျှက်ရှိပါသည်။



 
For more information please contact:
  • Ear, Nose and Throat Center
    Tel: +66 2011 2222

Last modify: մարտի 26, 2025