bih.button.backtotop.text

Dr. Maytinee Sirimaharaj မှဆွေးနွေးအကြံပြုထားသောအမြင်အာရုံကာကွယ်ထိန်းသိမ်းခြင်း

Dr. Maytinee Sirimaharaj သည် မျက်လုံးဆိုင်ရာစောင့်ရှောက်ကုသမှုအပိုင်းတွင် ဆယ်စုနှစ်သုံးစုမကသောအတွေ့အကြုံများစွာရရှိထားပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည်။ Siriraj ဆေးရုံ၊ Mahidol တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး Ramathibodi ဆေးရုံကြီးတွင်မျက်လုံးနှင့်အမြင်ဗေဒဆိုင်ရာမဟာဘွဲ့ကိုလည်း ထပ်မံတတ်မြောက်ပြီးစီးခဲ့သည်။ သူမသည်မြင်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ အတွင်းတိမ်ကုသမှုများနှင့် အထွေထွေမျက်လုံးကျန်းမာရေး စသောနယ်ပယ်များတွင်အထူးပြုကုသပေးလျှက်ရှိသည်။ Australia နိုင်ငံ Sydney Eye Hospital ၏မြင်လွှာဆိုင်ရာသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်းကြောင့် သူမ၏ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးများကိုပိုမိုတိုးမြှင့်ခိုင်မာစေခဲ့သည်။
 

ကျွန်ုပ်တို့ဘယ်သောအခါမှလျစ်လျူမရှုသင့်သည့် မြင်လွှာဆိုင်ရာပြဿနာများ၏ ကနဦးလက္ခဏာတွေကဘာတွေဖြစ်မလဲ?

လက္ခဏာပြင်းထန်သည်ဖြစ်စေ မပြင်းထန်သည်ဖြစ်စေ၊ ယာယီ သို့မဟုတ် အမြဲတစေဖြစ်ပေါ်နေသောအမြင်ပြောင်းလဲမှုတစ်ခုခုရှိခဲ့လျှင် မြင်လွှာပိုင်းဆိုင်ရာပြဿနာများဖြစ်နေသည်ဟုအချက်ပြနေပြီး ၎င်းတို့ကိုမည်သည့်အခါမှလျစ်လျူမရှုသင့်ပါ။ မသိသာသောလက္ခဏာများသည်ပင် ပြဿနာ၏အခြေခံအကြောင်းရင်းများကိုညွှန်ပြနိုင်ပြီး အမြင်အာရုံထိခိုက်ပျက်စီးခြင်းမှကာကွယ်နိုင်ရန် နှင့် ထိရောက်သောကုသမှုများကိုအချိန်မီပေးစွမ်းနိုင်ရန် စောစီးစွာရောဂါရှာဖွေစစ်ဆေးခြင်းကအလွန်အရေးပါသည်။

 

တစ်စုံတစ်ဦးတွင် အတွင်းတိမ်ဖြစ်ပွားခြင်းကိုခံစားနေရကြောင်း ဘယ်လိုသိရှိနိုင်မလဲ?

မျက်လုံးတိမ်စွဲခြင်းသည် များသောအားဖြင့် အမြင်အာရုံကိုတိမ်များဖုံးအုပ်နေသကဲ့သို့ဝေဝါးစေပြီး မိမိအနီးနှင့်ခပ်လှမ်းလှမ်းအကွာအဝေးရှိအရာများကိုသဲကွဲစွာမြင်နိုင်ရန်ခက်ခဲလာခြင်းတို့ကိုဖြစ်စေသည်။ လူအတော်များများတွင်အထူးသဖြင့် ညအချိန်တောက်ပသောအလင်းရောင်များကိုကြည့်သည့်အခါ စူးရှသောအလင်းတန်းစက်ဝန်းများကိုမြင်တွေ့ရလေ့ရှိသည်။ ထပ်မံ၍ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အရောင်များမှိန်ဖျော့နေခြင်း နှင့် မကြာခဏပါဝါချိန်ညှိနေရခြင်းမှသည် မျက်မှန်တပ်ရန်လိုအပ်လာသည်အထိ မျက်လုံးအမြင်စွမ်းရည်များ ရုတ်တရက်ပြောင်းလဲသွားသောပြဿနာများလည်းဖြစ်လေ့ရှိသည်။ ဤလက္ခဏာများကိုစောစီးစွာသတိပြုမိခြင်းဖြင့် သိသာသောအမြင်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးမှုများမှ ကြိုတင်ကာကွယ်နိုင်သည်။

 

မျက်လုံးဆိုင်ရာရောဂါများအတွက် ကျွန်ုပ်တို့ပေးစွမ်းနေသောကုသမှုလမ်းစဉ်များကို ပြောင်းလဲတိုးမြှင့်ပေးနေသည့်စိတ်ဝင်စားဖွယ်ရာဆန်းသစ်တီထွင်မှုတွေကဘာတွေလဲ?

နည်းပညာများတိုးတက်ပြောင်းလဲလာခြင်းက မျက်လုံးဆိုင်ရာစောင့်ရှောက်ကုသမှုများကို လုံးဝဥဿုံပြောင်းလဲသွားစေသည်။ အတွင်းတိမ်နှင့် အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုတွင်အသုံးပြုလာသော နည်းပညာအသစ်များနှင့်အတူ အရည်အသွေးမြင့်မားသောမှန်ဘီလူးများက နောက်ဆက်တွဲဆိုးကျိုးဖြစ်ပွားမှုအလွန်နည်းပါးစေပြီး စူးရှသောအလင်းစက်ဝန်းများကိုမြင်တွေ့ရခြင်း သို့မဟုတ် အလင်းရောင်များကိုခံနိုင်ရည်မရှိခြင်း စသောလက္ခဏာများကိုလျှော့ချပေးကာ ပိုမိုကောင်းမွန်သောအမြင်နှင့်ကုသမှုရလဒ်များကိုရရှိစေနိုင်သည်။ ဤတိုးတက်ပြောင်းလဲမှုများသည် ရေတိမ်နှင့် အမြင်လွှာဆိုင်ရာရောဂါကဲ့သို့သော ရှုပ်ထွေးခက်ခဲသည့်အခြေအနေများကိုကုသရာတွင်လည်း ထိရောက်သောအကျိုးသက်ရောက်မှုများစွာကိုပေးစွမ်းနိုင်သည်။ ထို့အပြင် Retinitis Pigmentosa ကဲ့သို့သော တစ်ချိန်ကကုသ၍မရနိုင်တော့ပြီဟုယူဆထားသည့်ရောဂါများအတွက်လည်း ယခုအချိန်တွင်ထိရောက်သောကုသမှုပြုလုပ်ပေးနိုင်ရန် အလားအလာများရှိနေပြီဖြစ်သည်။ အသိဉာဏ်တုနည်းပညာအသုံးပြုခြင်းသည်လည်း ​ရောဂါရှာဖွေစစ်ဆေးရာတွင်ပိုမိုတိကျမှန်ကန်စေရန် နှင့် ကုသမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုပြန်လည်တိုးမြှင့်သတ်မှတ်ရာတွင် အရေးပါသောအသွင်ပြောင်းခြင်းဆိုင်ရာအခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး လူနာများအတွက် အကောင်းဆုံးသောအကျိုးရလဒ်များရရှိစေရန်အထောက်အပံ့ပြုနိုင်သည်။

 

အထူးသဖြင့်ကျွန်ုပ်တို့အိုမင်းလာသည့်အခါ မျက်လုံးကျန်းမာရေးစောင့်ရှောက်ကာကွယ်ခြင်းနှင့်ပတ်သက်၍ သင်၏အကောင်းဆုံးသောအကြံပြုချက်ကဘာဖြစ်မလဲ?

မျက်လုံးကျန်းမာရေးကိုစောင့်ရှောက်ကာကွယ်ရာတွင် ကျန်းမာသောနေထိုင်မှုအလေ့အထများဖြင့်စတင်နိုင်သည်။ အလုံးစုံသောကျန်းမာခြင်းကိုအထောက်အပံ့ပြုနိုင်ရန် အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဆောင်ခြင်း နှင့် ဆေးလိပ်မသောက်သုံးရန်လိုအပ်သည်။ သင့်မျက်လုံးများကိုကာကွယ်ရန် အရည်အသွေးမြင့်မားသောနေကာမျက်မှန်နှင့် စိတ်ချရသောပစ္စည်းများကိုသာတပ်ဆင်ပါ။ မျက်ကပ်မှန်များကိုသန့်ရှင်းစွာကိုင်တွယ်ထားရှိခြင်း၊ မိတ်ကပ်ဖျက်ခြင်းစသော တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အထများမှာလည်းအလွန်အရေးပါသည်။ နောက်ဆုံးအနေဖြင့် မျက်လုံးစမ်းသပ်စစ်ဆေးမှုများကိုပုံမှန်ပြုလုပ်ရန်လိုအပ်ပြီး အထူးသဖြင့်ဆီးချိုရောဂါဖြစ်နိုင်ချေရှိသူများ၊ အဝေးမှုန်သူများ သို့မဟုတ် မိသားစုအတွင်းမျက်လုံးနှင့်ပတ်သက်သောပြဿနာဖြစ်ပွားတတ်သည့်ရောဂါရာဇဝင်ရှိသူများက စစ်ဆေးမှုပိုမိုခံယူသင့်သည်။




 
For more information please contact:

Last modify: մարտի 28, 2025