bih.button.backtotop.text

ယခင်ကထက်အဆုတ်ကင်ဆာကိုလျင်မြန်စွာရှာဖွေတွေ့ရှိခြင်း

նոյեմբերի 02, 2020

အဆုတ်ကင်ဆာရောဂါလက္ခဏာများသိသာစွာပြသသောအချိန်တွင် ရောဂါသည် တခြားအင်္ဂါများသို့ပျံ့နှံ့့သွားပြီဖြစ်သောကြောင့်ကုသမှုအများစုသည် အောင်မြင်နှုန်းနည်းပါးပါလိမ့်မည်။ အဆုတ်ကင်ဆာသည် အဆိုးဝါးဆုံးကင်ဆာများထဲမှတခုဖြစ်သည့်အလျောက် ကုသမှုအောင်မြင်ခြင်းနှင့်မအောင်မြင်ခြင်းတို့သည် စောစီးစွာစစ်ဆေးတွေ့ရှိခြင်းအပေါ်များစွာမူတည်နေပါသည်။ 
ကင်ဆာသုတေသနအားလုံးနီးပါးတွင် စောစီးစွာကင်ဆာစစ်ဆေးတွေ့ရှိခြင်းသည် ကင်ဆာရောဂါကိုအောင်မြင်စွာတိုက်ခိုက်ကုသရာ၌လွန်အရေးကြီးသောအပိုင်းအဖြစ်သတ်မှတ်ထားပါသည်။ အထက်ပါအကြောင်းအရာသည်အမှန်တရားကိုပုံကြီးချဲ့ဖေါ်ပြထားခြင်းမရှိပါ။
 


ဘယ်အရာကအဆုတ်ကင်ဆာဖြစ်စေမည်နည်း။

အဆုတ်ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရာအတိအကျမရှိသော်လည်း ဆေးလိပ်သောက်ခြင်းသည် အကြီးမားဆုံးနှင့် အန္တရာယ်အရှိဆုံးအချက်ဖြစ်သည်။ ဆေးလိပ်သောက်သောသူများသည် ၁၀ဆမှ အဆ၃၀ အထိ ဆေးလိပ်မသောက်သောသူများထက် ကင်ဆာဖြစ်နိုင်ခြေနှုန်း ပိုမြင့်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်သူအနေဖြင့် ပထမဆုံးလုပ်ဆောင်ရမည်မှာ ဆေးလိပ်ဖြတ်ရန်ဖြစ်ပြီး ဆေးလိပ်သောက်သောရာဇဝင်နှင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေနှုန်းကို တိုင်းတာရန်အတွက် အဆုတ်အထူးကုဆရာဝန်နှင့် သင့်တော်သော အဆုတ်ကင်ဆာစပ်းသပ်စစ်ဆေးမှုကို မှန်ကန်စွားရွေးချယ်နိုင်ရန် တိုင်ပင်ဆွေးနွေးသင့်ပါသည်။


အဆုတ်ကင်ဆာကိုဖြစ်စေသည့်အခြားအန္တရာယ်ရှိသည့်အကြောင်းရင်းခံများ။:

အဆုတ်ကင်ဆာဖြစ်နိုင်ခြေနှုန်းမြင့်မားသော်လည်း ငယ်ရွယ်သူများတွင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ပါသည်။

၂။ မျိုးရိုဗီဇ- မိဘ (သို့) ညီအစ်ကို မောင်နှမများထဲတွင် အဆုတ်ကင်ဆာဖြစ်သူရှိပါက ဆေးလိပ်မသောက်သော်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်ပါသည်။

၃။ ပတ်ဝန်းကျင်- အဆိပ်သင့်ဓါတုပစ္စည်းများနှင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုများဖြစ်စေသော ဆေးလိပ်ငွေ့များအပါအဝင်၊ Asbestos သတ္တုလောင်ကျွမ်းရာတွင် ထွက်လာသောအငွေ့ ရှိသောနေရာများ၊ ရေဒီယိုသတ္တိကြွ radon ဓါတ်ငွေ့၊ Arsenic ဓါတ်၊ ဓါတ်ရောင်ခြည် နှင့် အခြားဓါတုဗေဒ ပစ္စည်းများ ထိတွေ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။


အဆုတ်ကင်ဆာအတွက်စစ်ဆေးမှုခံယူသင့်ပါသလား။

 

အထက်တွင်ဖော်ပြခဲ့သော အုပ်စုသည် အဆုတ်ကင်ဆာ အဓိက စစ်ဆေးသင့်သူများ ဖြစ်သော်လည်း အခြားသောအကြောင်းအရာများကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေနှုန်း မြင့်သည်ဟု သံသယရှိခဲ့ပါက အဆုတ်ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါသည်။ 
ယေဘုယျအားဖြင့် အဆုတ်ကင်ဆာစစ်ဆေးသင့်သူများမှာ-

  • အသက် ၅၅ မှ ၇၄ နှစ်ကြား 
  • လွန်ခဲ့သော ၁၅ နှစ်အတွင်း  ဆေးလိပ်ဖြတ်ထားခဲ့သောသူများ၊ ထိုသူတို့သည် ယခုအခါတွင်  ဆေးလိပ်မသောက်သော်လည်း အဆုတ်ကင်ဆာအတွက် စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပါသည်။
  • နှစ် ၃၀ အထက် ဆေးလိပ်ကို တနေ့လျှင် အနည်းဆုံး တစ်ဘူးခန့် သောက်သုံးသူများ
  • အဆိပ်သင့်ဓါတုပစ္စည်းများနှင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုများဖြစ်စေသော ဆေးလိပ်ငွေ့များအပါအဝင်၊ Asbestos သတ္တုလောင်ကျွမ်းရာတွင် ထွက်လာသောအငွေ့ ရှိသောနေရာများ၊ ရေဒီယိုသတ္တိကြွ radon ဓါတ်ငွေ့၊ Arsenic ဓါတ်၊ ဓါတ်ရောင်ခြည် နှင့် အခြားဓါတုဗေဒ ပစ္စည်းများ ထိတွေ့သူများ
  • မိဘ (သို့) ညီအစ်ကို မောင်နှမများထဲတွင် အဆုတ်ကင်ဆာရှိသူများ
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများ၊ အကြောင်းပြချက်မရှိပဲ ၃ ပတ် ဆက်တိုက် ချောင်းဆိုးနေသူများ


ဓါတ်ရောင်ခြည်နိမ့် CT scan ၊ အစောဆုံးစစ်ဆေးတွေ့ရှိခြင်းသည် ကုသပျောက်ကင်းရန်အတွက် အခွင့်အရေးပိုမိုမြင့်မားသည်။

သာမန်အဆုတ်ဓါတ်မှန်ရိုက်ခြင်းတွင် အကြိတ်အရွယ်အစားကြီးလာပြီး ကုသရန်ခက်ခဲသော အချိန်ထိတိုင်အောင် အကြိတ်များကို မမြင်နိုင်ပါ။ ဓါတ်ရောင်ခြည်နိမ့် CT scan သည် အသေးစိတ်ကျပြီး အရည်သွေးမြင့်ပုံရိပ်များ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါသည်။ ဤစစ်ဆေးမှုသည် ဆန်စေ့မျှအရွယ်အစားရှိသော အကြိတ်ကို အခြား scan ဖြင့် မတွေ့နိုင်သော အချိန်တွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ LDCT စက်သည် အဆုတ်၏ပုံရိပ်များကို ဆက်တိုက်ဖမ်းယူပြီး အလွန်သေးငယ်သော ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို ရှာဖွေနိုင်စွမ်းရှိပါသည်။ ဤနောက်ဆုံးပေါ်နည်းပညာအကူအညီဖြင့် ရောဂါစောစီးစွာ ရှာဖွေနိုင်ခြင်းသည် အမှန်တကယ် ကွာခြားမှုရလဒ်ကို ပေးနိုင်ပြီး အဆုတ်ကင်ဆာလူနာများ၏ ဘဝ တွင် ကြီးမားသောကွာခြားမှုပေးနိုင်ပါသည်။ 


အဘယ်ကြောင့် ဘမ်ရွမ်ဂရက်၌ ဓါတ်ရောင်ခြည်နိမ့် CT scan စစ်ဆေးခြင်းကိုရွေးချယ်သနည်း။

LDCT ကိုရွေးချယ်ရသည့် အဓိကအကြောင်းရင်းမှာ အချိန်မြန်ဆန်မှုကြောင့်ပင်ဖြစ်ပါသည်။ ဤ scan သည် အဆုတ်အတွင်းရှိ သေးငယ်ဆုံးသော ပုံမမှန်သည့်ပြောင်းလဲမှုများကို မြင်တွေ့နိုင်ရုံသာမက သာမန်ဓါတ်မှန်ဖြင့် မမြင်နိုင်သော အလွန်သေးငယ်သည့်အကြိတ်များကိုလည်း စမ်းသပ်တွေ့ရှိနိုင်ပါသည်။ စတင်စမ်းသပ်တွေ့ရှိသည့်အချိန်တွင် ကင်ဆာအကြိတ်သေးလေလေ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ကင်ဆာဆဲလ်ပျံ့နှံ့မှုနှုန်း လျော့နည်းလေ ဖြစ်သည်။ စောလျှင်စွာတွေ့ရှိခြင်းသည် ကုသမှုနည်းလမ်းများ ပိုမိုရွေးချယ်နိုင်ပြီး အသက်ရှင်သန်မှုနှုန်း မြင့်စေပါသည်။ ထပ်ပေါင်းပြောရလျှင် LDCT သည် ရိုးရိုး CT scan ထက် အချိန်ကုန်သက်သာပြီး ဓါတ်ရောင်ခြည်ပါဝင်မှုနှုန်း နည်းခြင်းကြောင့် လူနာအတွက် အန္တရာယ် နည်းစေပါသည်။
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံရှိ အဆုတ်အထူးကုဌာနသည် အဆုတ်အထူးကုများနှင့် သက်ဆိုင်ရာဆေးပညာရပ်အသီးသီးတွင် ကျွမ်းကျင်သောဆရာဝန်အဖွဲ့တို့ ပူးပေါင်း၍ အဆုတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုံးစုံပြည့်ဝသော ကုသမှုများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ 
ကြိုတင်ကာကွယ်ခြင်းမှစ၍ ကုသမှုတစ်လျှောက် ကျန်းမာသောဘဝကိုရွေးချယ်နိုင်ရန် အသိပညာပေးခြင်းအပြင် ဆေးဘက်ဆိုင်ရာ အထူးကျွမ်းကျင်သူများအဖွဲ့သည် အဆုတ်နှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောဘဝကို ရရှိနိုင်ရန် အသင့်အနေအထားဖြင့်ရှိပါသည်။ 
အဆုတ်ကင်ဆာနှင့် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယခုပင် ရက်ချိန်းရယူလိုက်ပါ။ 

For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

  • Pulmonary (Lung) Center
    +66 2011 2222

Related Packages

Related Health Blogs