“နောက်ဆုံးသုတေသနပြလုပ်ချက်အရ ကိုယ်ခံစွမ်းအားကုထုံးသည် ရောဂါပြန့်ပွားမှုအဆင့် အဆုတ်ကင်ဆာလူများအတွက် ပျောက်ကင်းမှုနှုန်း တိုးပွားနိုင်ကြောင်း ၄င်းသည် လူနာနှင့်ဆရာဝန်များ၏ ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် အဆမတန် အဆင့်မြှင့်တင်ပေးခြင်းတစ်ခု ဖြစ်သည်။”
သင်သည် ဤအကြောင်းအရာကို ဖတ်ရှုနေပါက ကိုယ်ခံစွမ်းအားကုထုံး (immunotherapy) အကြောင်းကို သင်ကြားဘူးသွားမည် ဖြစ်သည်။ သို့သော်လည်း ကိုယ်ခံစွမ်းအားကုထုံး (immunotherapy) ဆိုသည်မှာဘာလဲ ဆိုတာ သင်သိပါသလား?
အတိုချုပ်အားဖြင့် ကိုယ်ခံစွမ်းအားကုထုံး (immunotherapy) သည် ကင်ဆာရောဂါတိုက်ဖျက်ရန် သင်၏ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။ ကိုယ်ခံစွမ်းအားကုထုံးသည် ရောဂါအများအပြားအတွက် အသုံးပြုမှုရှိနေပြီး ဖြစ်၍ နောက်ဆုံးသုတေသနတွေ့ရှိချက်အရ ၄င်းသည် အဆုတ်ရောဂါပြန့်ပွားမှုအဆင့် (ကင်ဆာရောဂါဖြစ်ပွားသည့် အင်္ဂါအစိတ်အပိုင်းမှ အခြားအင်္ဂါအစိတ်ပိုင်းသို့ ကင်ဆာဆဲလ်များ ပြန့်နှံ့သည့် ရောဂါမြင့်မားသည့်အဆင့်) ရောဂါရှိသူလူနာများအတွက် ပျောက်ကင်းမှုနှုန်း သိသာစွာ မြင့်မားစေသည်။
အဆုတ်ကင်ဆာသည် ကမ္ဘာပေါ်ရှိလူနာအများအပြားကို အကျိုးသက်ရောက်မှု ရှိသည်။ သေးငယ်သောဆဲလ်အဆုတ်ကင်ဆာ (SCLC) နှင့် မသေးငယ်သောဆဲလ် အဆုတ်ကင်ဆာ (NSCLC) ဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပြီး ဒုတိယအမျိုးစားသည် အဆုတ်ကင်ဆာလူနာအားလုံး၏ ၈၀% အထိရှိသည်။
ယခင်က ကိုယ်ခံစွမ်းအားကုထုံးသည် လူနာ၏ ကိုယ်ခံစွမ်းအားစနစ်ကို ကင်ဆာဆဲလ်များအား တိုက်ရိုက်တိုက်ဖျက်ရန် တွန်းအားပေးသည့် ကုသနည်းအပေါ် လုံးဝ အခြေခံသည်။ မကြာမီက သုတေသနတွေ့ရှိချက်အရ အဆုတ်ကင်ဆာလူနာများ၏ ကိုယ်ခံစွမ်းအားစနစ်တွင် အချို့ကင်ဆာဆဲလ်များ တိုက်ဖျက်ခံရခြင်းကို ခွင့်ပြုရန် တားဆီးသည့် သို့မဟုတ် “ဟန့်တားပေးသည့်” တာဝန်ယူသော PD-1 ပရိုတိန်းကို တွေ့ရှိခဲ့သည်။
ဤတွေ့ရှိချက်သည် အဆုတ်ကင်ဆာကုသမှုတွင် အသစ်ဖြစ်နိုင်ခြေများသို့ ဦးတည်ပေးသည်။ ကင်ဆာဆဲလ်များကို တိုက်ရိုက် တိုက်ဖျက်သည့် ကိုယ်ခံစွမ်းအား စနစ် တိုးမြှင့်ပေးခြင်းအစား ပရိုတိန်းသည် ကင်ဆာဆဲလ် လုံးဝသတ်ပေးခြင်းအား တားဆီးပေးသည့် ကိုယ်ခံစွမ်းအားစနစ်ပြန်လည် ဖြစ်ထွန်းစေသည်။ ၄င်းသည် ကင်ဆာဆဲလ်များ အတားအဆီးမရှိ ဖြစ်ပွားသည့် ကိုယ်ခံစွမ်းအားကို ရှင်းပေးသည်။
ကိုယ်ခံစွမ်းအားစစ်ဆေးရေးပွိုင့်ကုထုံး (Immune Checkpoint Therapy) ဟုခေါ်ဆိုသည့် ဤကုသနည်းသစ်နောက်ကွယ်ရှိ သိပ္ပံပညာသည် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာကဏ္ဍတွင် ၂၀၁၈ ခုနှစ်၌ ကယ်လီဖိုးနီးယားတက္ကသိုလ်ပါမောက္ခ James Allison နှင့် တိုကျိုတက္ကသိုလ်ပါမောက္ခ Tasuku Honjo တို့ နိုဘယ်ဆု ပူးတွဲရရှိခဲ့သည်။
FDA သည် မသေးငယ်သောဆဲလ်အဆုတ်ကင်ဆာအပါအဝင် ကင်ဆာပုံစံအမျိုးမျိုးကုသရန် ကိုယ်ခံစွမ်းအားစစ်ဆေးရေးပွိုင့်ကုထုံးတွင် အသုံးပြုရန်အတွက် PD-1 နှင့် PD-L1 ကာကွယ်ရေးအမျိုးအစား အများအပြားကို ခွင့်ပြုခဲ့သည်။ ရွေးချယ်စရာများတွင် pembrolizumab, nivolumab, atezolizumab, or durvalumab တို့ပါဝင်သည်။
အမေရိကန်ကင်ဆာရောဂါအသင်းမှ ဤဆေးဝါးများမိတ်ဆက်ခြင်းသည် အဆုတ်ကင်ဆာကုသမှုအတွက် လုံးဝဥဿုံပြောင်းလဲခြင်းမဟုတ်ကြောင်း ကြေညာခဲ့သည်။ ယခင်က ပြန့်ပွားမှုအဆင့်ရှိ ကင်ဆာရောဂါလူနာများ၏ ငါးရာခိုင်နှုန်းသာ ရောဂါတွေ့ရှိပြီးနောက်ပိုင်း ၅ နှစ် အသက်ရှင်သန်နိုင်သည်။ သို့သော်လည်း ယခုအခါ ကိုယ်ခံစွမ်းအားစစ်ဆေးရေးပွိုင့်ကုထုံးသည် ယခုနှုန်းကို ၁၅-၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။ ကီမိုဓာတုကုထုံး သို့မဟုတ် အခြားကုသမှုနှင့် တွဲဖက်ကုသပါက ကိုယ်ခံစွမ်းအားကုထုံးသည် လူနာများအတွက် ပျောက်ကင်းမှုနှုန်း ပိုမိုတိုးမြှင့်ပေးသည်။
ကိုယ်ခံစွမ်းအားကုထုံးသည် မသေးငယ်သောဆဲလ်ကင်ဆာအတွက် ကုသရေးတွင် အဓိပ္ပါယ်ရှိလာခဲ့သည်။ ကိုယ်ခံစွမ်းအားစစ်ဆေးရေးပွိုင့်ကုထုံး ရှာဖွေတွေ့ရှိချက်သည် ဘဝအရည်အသွေးမြင့်မားရေးအတွက် စံနှုန်းသစ်တခု ဖြစ်လာပြီး လူနာများ သက်တောင့်သက်သာရှိလာ၍ လုံးဝပျောက်ကင်းစေရန် မျှော်လင့်ချက်သစ်များ ယူဆောင်ပေးသည်။
For more information please contact:
- ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
Hot line Tel. +66 92 493 9909: Horizon Cancer Center
Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။
Last modify: մարտի 29, 2025