bih.button.backtotop.text

ကုသမှုဆန်းစစ်ချက် : ဆေးဝါးကျွမ်းကျင်သူ၏အမြင်ရှုထောင့်

հունվարի 21, 2020
“လူနာတိုင်း မိမိမှာ ကင်ဆာရောဂါရှိကြောင်း သိရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတာ ဓမ္မတာဖြစ်ပါတယ်။ ကင်ဆာ လူနာများဟာ စိတ်ရောကိုယ်ပါ အထူးပြုစုစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဒီလူနာများ Bumrungrad ဆေးရုံမှာ ကုသမှုခံယူဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ကျမတို့ရဲ့ အသိပညာတွေကို အထူးနက်ရှိုင်းစွာ ဆန်းစစ်လေ့လာဖို့လိုအပ်ပြီး လူနာများရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်။ ကျမတို့အနေနဲ့ အဟန့်အတားများကို အပြုံးသို့ တနည်းနည်းဖြင့် ပြောင်းလဲပေးရပါမယ်။  ဘာလို့လဲဆိုတော့ အားပေးစကားတစ်ခွန်းက ဆေးဝါးကောင်းတစ်ခွက်ပမာ အလွန်အရေးပါလို့ ဖြစ်ပါတယ်။ ဒါကို ကျမတို့ ဒီလိုလုပ်ဆောင်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု Horizon ကင်ဆာဌာန ဆေးဝါးဆိုင်ရာ ရောနှောပေါင်းစပ်ရေးဝန်ဆောင်မှုဌာန အကြီးတန်းမန်နေဂျာအဖြစ် သူမ၏တာဝန်အပေါ် သဘောထားနှင့်စောင့်ရှောက်မှု အကြောင်းကို Nirachorn Kuchonthara မှ ရှင်းပြသည်။


သာမန်ဆေးဝါးဗေဒထက် ပိုမိုခြင်း

Horizon ကင်ဆာဌာန ဆေးဝါးကျွမ်းကျင်သူတယောက်၏ အဓိကတာဝန်မှာ ကင်ဆာလူနာတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာ ဆေးညွှန်းအရ ဆေးများ စီစဉ်လုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ “ဆေးတွေမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ ပါဝင်ပြီး သေချာစွာ သင်ကြားပေးထားတဲ့ အထူးကျွမ်းကျင်တဲ့ ဆေးဝါးကျွမ်းကျင်သူများကနေ ရောဂါပိုးကင်းစင်တဲ့ ထိမ်းချုပ်မှုအောက်ရှိ ပတ်ဝန်းကျင်မှာ စီစဉ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကျမတို့ ဓာတုကုထုံးအပြင် ကိုယ်ခံစွမ်းအားမြှင့်တင်ရေးကုထုံး စီစဉ်ဆောင်ရွက်မှု ပြုလုပ်တဲ့အပြင် လိုအပ်ပါက အခြားထိုးဆေးများလည်း စီစဉ်ဆောင်ရွက်ပါတယ်” ဟု Nirachorn မှ လုပ်ငန်းစဉ်ကို ရှင်းပြသည်။


“ပုံမှန်အားဖြင့် မူလဆေးစစ်မှုပြီးတဲ့နောက် လူနာများကို ကုသစောင့်ရှောက်ဖို့အချိန်ကျသည်အထိ နှစ်ပါတ်အထက် အချိန်ယူပါတယ်။ တခါတရံ အချို့သောကိုယ်ခန္ဓာစနစ်မှာ အထူးကုပါရဂူတွေနဲ့ ဥပမာ အဆုတ်အထူးကု၊ အသည်းအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု သို့မဟုတ် မီးယပ်အထူးကုများနှင့် စတင်ပါတယ်။ လူနာမှာ ကင်ဆာရောဂါရှိကြောင်း အတည်ပြုပါက သူတို့ကို အသေးစိတ်စစ်ဆေးဖို့ ကင်ဆာအထူးကုထံ ပေးပို့ပါမယ်။ ကင်ဆာရောဂါအဆင့်နဲ့ အမျိုးအစားကို အတိအကျ သတ်မှတ်ပြီးတဲ့အခါ ကုသမှုရွေးချယ်စရာများကို စဉ်းစားဆုံးဖြတ်ပါမယ်။ လူနာနဲ့ ဆရာဝန်တွေက လူနာအတွက် အသင့်လျော်ဆုံး ဆေးကုသမှုကို ဆွေးနွေးတိုင်ပင်ပါမယ်”

 
Retouch-1200.jpg

အပြန်အလှန် သဘောတူညီချက်သည် ကုသမှုကုထုံးစနစ် ဆုံးဖြတ်ရာတွင် အလွန်အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန်ကင်ဆာကုသမှုကုထုံး အများအပြားရှိသောကြောင့် ဖြစ်ပြီး ကင်ဆာအမျိုးအစားနှင့် လူနာအခြေအနေအပေါ်မူတည်၍ တစ်ခုချင်းစီအတွက် တုန့်ပြန်မှုနှုန်းနှင့် ဘေးထွက်ဆိုးကျိုးများ ရှိသည်။ လူနာမှ ကုထုံးတစ်မျိုးစီ၏ ကောင်းကျိုး ဆိုးကျိုးများကို ကောင်းစွာနားလည်သဘောပေါက်စေရန် ဆရာဝန်မှ သေချာမှု ရှိရမည်။ ကုသချိန်အတွင်း ဖြစ်ပွားနိုင်သော ဘေးထွက်ဆိုးကျိုးအနည်းဆုံး တွေ့ကြုံရသည့်အချိန်တွင် လူနာမှ ကုသမှုကို ကောင်းမွန်စွာ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသည်။ “လူနာနဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ချပြီးရင် လူနာကို ရွေးချယ်ထားတဲ့ကုထုံး အသေးစိတ် ရှင်းပြဖို့ ဆေးဝါးကျွမ်းကျင်သူကို ခေါ်ပါမယ်။ တိကျတဲ့ ပမာဏ၊ ဆေးဝါးသုံးစွဲမှု၊ အကြိမ်အရေအတွက်၊ ဘေးထွက်ဆိုးကျိုး၊ သက်ဆိုင်ရာစာရင်းအင်းနဲ့ အခြားသိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဆေးဝါးကျွမ်းကျင်သူက လူနာကို ရှင်းပြပါမယ်။ လူနာအတွက် အစားအစာနဲ့ ဓာတ်စာများက ဆေးဝါးများနဲ့ မည်သို့ ဓာတ်ပြုပုံ ကုသမှုကို မည်သို့ အကျိုးသက်ရောက်ပုံကိုလည်း ထည့်သွင်းစဉ်းစားပါတယ်”

 
ဆုံးဖြတ်ချက်ချပြီး ဆေးညွှန်းသတ်မှတ်ပြီးပါက ဆေးဝါးကျွမ်းကျင်သူ၏လုပ်ငန်းသည် ဆေးရည် သို့မဟုတ် ထိုးဆေး စီစဉ်ဆောင်ရွက်ခြင်းမပြုမီ ဆေးညွှန်းများ မှန်ကန်စေရန်၊ အဆိုပါသတ်မှတ်ထားသည့် ဆေးရည်များသည် ဓာတ်ပြုဒြပ်ပေါင်းများနှင့် လိုက်ဖက်မှု ရှိစေရန် သေချာစွာ စစ်ဆေးရမည်။ အကယ်၍ ရံဖန်ရံခါသာ အသုံးပြုသောပစ္စည်း သို့မဟုတ် မလုံလောက်သော လက်ကျန်ပစ္စည်း ရှိပါက ဆေးဝါးကျွမ်းကျင်သူသည် ဝယ်ယူရေးဌာန၊ ပစ္စည်းသိုလှောင်ရေးဌာနတို့နှင့် ဆေးဝါးများ အဆင်သင့် ရှိစေရန်နှင့် လူနာ၏ကုသရေးအတွက် အဆင့်သင့်ရှိစေရန် သေချာစွာ ဆက်သွယ်ဆောင်ရွက်မည်။
 
Anatomy2-1200.jpg

“ကျမတို့ ဆေးညွှန်းကိုဘဲ စစ်ဆေးရုံတင် မဟုတ်ပါဘူး။ ဆေးဝါးများရဲ့ တိကျတဲ့ အန္တရာယ်ကင်းဝေးမှုနဲ့ လူနာတဦးချင်းစီရဲ့ လက်ရှိအခြေအနေတွေ လူနာရဲ့ သွေးဖြူဥ သွေးနီဥဆဲလ်အရေအတွက်၊ အသည်းနဲ့ ကျောက်ကပ်တို့ကိုပါ ကျမတို့ စစ်ဆေးပါတယ်။ ဆေးဝါးပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျမတို့ထင်ရင် ကင်ဆာပါရဂူကို ချက်ချင်း သတင်းပို့ပါမယ်။ ဆက်လက်လုပ်ဆောင်ဖို့ ညွှန်ကြားခြင်းခံရမှသာ ကျမတို့ စီမံခန့်ခွဲရေးအတွက် ဆေးဝါးစီစဉ်ဆောင်ရွက်ဖို့ စတင်ပါမယ်” ဟု ဆေးဝါးကျွမ်းကျင်သူတစ်ယောက်၏ တာဝန်အတိအကျကို Nirachorn မှ အသေးစိတ်ရှင်းပြသည်။


ဆေးဝါးထုတ်ပေးခြင်းထက် ပိုမိုခြင်း

ဘေးထွက်ဆိုးကျိုးများသည် ကင်ဆာကုသမှုတစ်ခုအတွက် အဓိကစဉ်းစားရမည့်အရာ ဖြစ်ပြီး အလွန် ကွဲပြားခြားနားနိုင်သည်။ လူနာသည် ဆေးညွှန်းသစ် စတင်ခြင်း ကုသမှုအကြိမ်သစ် သို့မဟုတ် နောက်ထပ်ကုထုံးစတင်ခြင်း ရှိပါက ဆေးဝါးကျွမ်းကျင်သူသည် လူနာသို့ အသိပေးအကြောင်းကြားရမည်။ “ကျမတို့မှာ လူနာတွေကို ဆေးဝါးအသေးစိတ် အချက်အလက်များ ရှင်းပြရာမှာ အထူးကျွမ်းကျင်တဲ့ ဆေးဝါးကျွမ်းကျင်သူများ ရှိပါတယ်။ ထိုင်းစကားနားမလည်တဲ့ နိုင်ငံခြားလူနာများအတွက် ဘာသာပြန်ရာမှာ အဓိကအကြောင်းအရာ သို့မဟုတ် အချက်အလက်တွေ မကျန်ရစ်အောင် သေချာမှုရှိစေဖို့ ဆေးဘက်ဆိုင်ရာစကားပြန်များနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ အချို့သောလူနာများအတွက် လူနာမှာ အားအင်ပြည့်ဖြိုးမှု ရှိစေရန် အလွန်လိုအပ်တဲ့ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ခံနိုင်မှုရှိစေရန် အဟာရကျွမ်းကျင်သူရဲ့ ပါဝင်မှု လိုအပ်ပါတယ်။ လူနာရဲ့ကိုယ်ခန္ဓာက ဆေးဝါးအတွက် အဆင်သင့်မရှိရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။”
 
အိပ်ပျော်မှုအခက်အခဲ ရှိစေနိုင်ပါတယ်။ အိပ်ပျော်ခြင်းဟာ ကင်ဆာလူနာများအတွက် အလွန်အရေးကြီး ပါတယ်။ ဘာလို့လဲဆိုတော့ သွေးဆဲလ်များကို ညသန်းခေါင်းနဲ့ မနက် ၄ နာရီအကြားမှ အဓိက ထုတ်လုပ်ပေးသောကြောင့် ဖြစ်ပါတယ်။ လူနာက အဲဒီအချိန်များမှာ အိပ်မပျော်ဘူးဆိုရင် ဆေးကုသမှု ခံယူနိုင်ခြင်းရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လူနာတွေကို ညဘက်မှာ အိပ်ပျော်ခြင်းရှိမရှိ အမြဲ မေးရခြင်း ဖြစ်ပါတယ်။ လိုအပ်ပါက အိပ်ဆေး အကြံပြုနိုင်ပါတယ်။ ကျမတို့ ဂရုစိုက် စောင့်ရှောက်တဲ့အတွက် ကျမတို့ အသေးစိတ်တိုင်းကို အထူးအာရုံစိုက်ပါတယ်။”
 
Nirachorn ၏ ၁၅ နှစ်ကြာ အတွေ့အကြုံသည် သူမအား ကင်ဆာရောဂါဆေးဝါးနှင့် သက်ဆိုင်သည့်အကြောင်းအရာအားလုံးတွင် ကျွမ်းကျင်မှုတိုးတက်စေပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် လူနာများ၏ ယုံကြည်စိတ်ချမှု ရရှိခြင်း ခံရသည်။ သူမ၏ ဦးဆောင်မှုသည် Horizon ကင်ဆာဌာန ဆေးဝါးဆိုင်ရာရောနှောပေါင်းစပ်ရေးဝန်ဆောင်မှုဌာနအဖွဲ့ကို ကင်ဆာလူနာများ၏ အဆုံးစွန်သော ချမ်းသာသုခရှိစေရန် အမြစ်တွယ်နေသော တာဝန်ဝတ္တရားနှင့် ပြုစုစောင့်ရှောက်မှုအသိစိတ် တဖြည်းဖြည်း မွေးမြူပေးသည်။ သူမသည် သူမ၏အဖွဲ့သားများအား သင်ကြားပေးရန် ကျွမ်းကျင်မှုတိုးမြှင့်ပေးရန် တစိုက်မတ်မတ် လုပ်ဆောင်ပြီး သာမန်ထက် အချိန်ပိုမြင့်စွာ အလုပ်လုပ်ကိုင်ရသော်လည်း လူနာများ၏ လက်ငင်းလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များကို ပထမဦးစားပေး အမြဲလုပ်ဆောင်ပေးရန် လှုံ့ဆော်ပေးသည်။

Nirachorn သည် သူတို့ အဘယ့်ကြောင့် အလုပ်လုပ်ကိုင်သလဲဆိုသည်ကို ကျွန်ုပ်တို့အား သတိပေးရန် နှုတ်ဆက်စကား ထားခဲ့သည်။ “လူနာတွေမှာ ကန့်သတ်ချက်ရှိတဲ့ အခွင့်အလန်းရှိတယ် လူနာတွေက ကျမတို့ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကင်ဆာရောဂါနဲ့ အတူနေထိုင် တိုက်ပွဲဝင်နေရတယ်ဆိုတာ အဖွဲ့မှာရှိတဲ့ ကျမတို့အားလုံး သိပါတယ်။ ကျမတို့ သူတို့ကို စာနာထောက်ထားမိပါတယ်။ အဲဒါကြောင့် ကျမတို့ အထူးဝိရိယထားပြီး စောင့်ရှာက်တာ ကျမတို့ အလုပ်လုပ်တဲ့အခါ လိုတာထက်ပိုပြီး အလုပ်လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ သူတို့ရဲ့ အကောင်းဆုံး ဘဝနေထိုင်မှုဆီသို့ ပြန်ရောက်နိုင်ပါမယ်။”
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs