bih.button.backtotop.text

အသည်းရောင်အသားဝါ B ပိုးပြန်လည်ပြန့်ပွားခြင်းမှကြိုတင်ကာကွယ်ခြင်း : ဖြစ်ပွားနိုင်ချေရှိသူများအတွက်လမ်းညွှန်

အသည်းရောင်အသားဝါ B ပိုးပြန်လည်ပြန့်ပွားခြင်း (HBVr) သည် ကိုယ်ခံအားစနစ်ထိန်းချုပ်ကုသမှုခံယူနေရသူများအတွက် အလွန်ဆိုးရွားသောအန္တရာယ်တစ်ခုပင်ဖြစ်သည်။ အမေရိကန်အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်း (AGA) မှ HBVr ဖြစ်ပွားခြင်းမှကြိုတင်ကာကွယ်ရန်၊ စီမံထိန်းချုပ်နိုင်ရန်နှင့် ဖြစ်ပွားနိုင်ချေရှိသူများအတွက် သင့်တော်မှန်ကန်သောစောင့်ရှောက်ကုသမှုများကိုရရှိစေရန် လမ်းညွှန်ချက်အသစ်များကိုထုတ်ပြန်ထားသည်။
 
ဤလမ်းညွှန်တွင် မည်သူကဖြစ်ပွားနိုင်ချေရှိသည်၊ မည်သို့ကာကွယ်သင့်သည် ဆိုသောအချက်များနှင့် ပိုးသတ်ဆေးအသုံးပြုကာကွယ်ခြင်း၊ အခြေအနေစောင့်ကြည့်႕လေ့လာခြင်းတို့နှင့်သက်ဆိုင်သော AGA ၏နောက်ဆုံးပေါ်လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားထားသည်။



အသည်းရောင်အသားဝါ B ပိုးပြန်လည်ပြန့်ပွားခြင်း (HBVr) ဆိုတာဘာလဲ?

HBVr သည် ကိုယ်ခံအားစနစ်ဆုတ်ယုတ်အားနည်းနေချိန်တွင်ဖြစ်ပွားလေ့ရှိပြီး အသည်းရောင်အသားဝါ B ပိုးများကိုပြန်လည်ပြန့်ပွားစေနိုင်သည်။ ထိုသို့ပြန့်ပွားလာမှုက အသည်းရောင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများထိခိုက်ပျက်စီးခြင်းနှင့် ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်သည်။
 

ဘယ်သူတွေမှာ HBVr ဖြစ်ပွားနိုင်ချေရှိသလဲ?

HBVr ဖြစ်ပွားနိုင်ချေမြင့်မားသူများ -
  • အသည်းရောင်အသားဝါ B ပိုး Antigen (HBsAg) တွေ့ရှိသူ သို့မဟုတ် B ပိုးပင်မ Antibody (Anti-HBc) ရှိနေသူများ - ၎င်းတို့သည် ယခင်ကအသည်းရောင်အသားဝါ B ပိုးနှင့်ထိတွေ့မှုရှိခဲ့သည်ဟုဖော်ပြသည်။
  • ကိုယ်ခံအားစနစ်ထိန်းချုပ်ကုသမှုခံယူနေရသူများ -  ဤလူနာများတွင် ခန္ဓာကိုယ်၏ခုခံအားစနစ်အားနည်းနေ​ခြင်းကြောင့် အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုးများကိုထိန်းချုပ်နိုင်စွမ်းမရှိပါ။.


ကိုယ်ခံအားစနစ်ထိန်းချုပ်ကုသမှုအပေါ်တွင်မူတည်သောဖြစ်နိုင်ချေအဆင့်များ

AGA မှ HBVr ဖြစ်ပွားနိုင်ချေများကိုသတ်မှတ်ရာတွင် ပိုးပြန့်ပွားမှုအခြေအနေနှင့် ခံယူနေသောထိန်းချုပ်ကုသမှုအမျိုးအစားအလိုက် Low, Moderate နှင့် High ဟူ၍ အဆင့်များခွဲခြားထားသည်။

 

HBsAg တွေ့ရှိရသောလူနာများ

  • Low Risk (<1%): Short-term corticosteroids (<1 week), joint injections.
  • Moderate Risk (1-10%): Low-dose corticosteroids (<10 mg/day for ≥4 weeks), anti-T cell therapy.
  • High Risk (>10%): B cell–depleting agents (e.g., rituximab), anti-TNF therapy, CAR-T cell therapy, JAK inhibitors.
 

HBsAg မရှိသော်လည်း Anti-HBc တွေ့ရှိရသောလူနာများ

  • Low Risk (<1%): Checkpoint inhibitors, short-term corticosteroids.
  • Moderate Risk (1-10%): Anti-TNF therapy, JAK inhibitors.
  • High Risk (>10%): B cell–depleting agents.



HBVr မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ : AGA မှအကြံပြုချက်များ

1. ဖြစ်ပွားနိုင်ချေမြင့်မားသူများ : ပိုးသတ်ဆေးကြိုတင်သောက်သုံးရန်အထူးလိုအပ်သည်။ 
  • ကိုယ်ခံအားထိန်းချုပ်ကုသမှုမစတင်မီ ပိုးသတ်ဆေးကုထုံးအားရှေးဦးစွာခံယူသင့်သည်။
  • ကိုယ်ခံအားထိန်းချုပ်ကုသမှုရပ်တန့်ပီးနောက်ပိုင်းတွင်လဲ  အနည်းဆုံး 6 လခန့် နှင့် B-cell depleting agent အသုံးပြုသူများတွင် 12 လခန့်ဆက်လက်သောက်သုံးရန်လိုအပ်သည်။
  • အသုံးပြုရန်သင့်လျော်သောဆေးဝါးများ - Entecavir, Tenofovir disoproxil fumarate (TDF), Tenofovir alafenamide (TAF)
2. ဖြစ်ပွားနိုင်ချေအသင့်အတင့်ရှိသူများ : ပိုးသတ်ဆေးကုသမှု သို့မဟုတ် စောင့်ကြည့်လေ့လာစစ်ဆေးခြင်း
  • ပိုးသတ်ဆေးပေး၍ကုသရန်အကြံပြုထားသော်လည်း  အခြားနည်းလမ်းအဖြစ် အခြေအနေစောင့်ကြည့်စစ်ဆေးခြင်းကိုလည်းပြုလုပ်နိုင်သည်။
  • အကယ်၍ဤနည်းလမ်းကိုရွေးချယ်ခဲ့လျှင် HBV DNA နှင့် ALT ဟုခေါ်သည့်အသည်းအင်ဇိုင်းတစ်မျိုးကို ၁ လ သို့မဟုတ် ၃ လတစ်ကြိမ်ပုံမှန်စစ်ဆေးသင့်သည်။
3.  ဖြစ်ပွားနိုင်ချေနည်းသူများ : စောင့်ကြည့်လေ့လာစစ်ဆေးခြင်းကပိုမိုသင့်လျော်သည်။
  • ဖြစ်ပွားနိုင်ချေနည်းသူများအတွက် +ပုံမှန်စောင့်ကြည့်လေ့လာစစ်ဆေးခြင်းဖြင့်လုံလောက်သည်။
  • များစွာသောကုသမှုများကိုခံယူလျှက်ရှိသည့်လူနာများတွင် ဖြစ်နိုင်ချေအန္တရာယ်ကိုထပ်မံလျော့ကျစေရန် ပိုးသတ်ဆေးနှင့်ကုသမှုများကိုလည်းရွေးချယ်နိုင်သည်။
4. အသည်းရောင်အသားဝါ B ပိုးစစ်ဆေးခြင်းကိုပုံမှန်ပြုလုပ်ရမည်။
ဖြစ်ပွားနိုင်ချေအန္တရာယ်ရှိသူများအားလုံးသည် အသည်းရောင်အသားဝါ B ပိုးစစ်ဆေးခြင်းကိုပုံမှန်ပြုလုပ်ရန် AGA မှအကြံပြုထားသည်။ 

 

ဘယ်သူတွေကစစ်ဆေးမှုခံယူသင့်သလဲ?

  • အသက် ၁၈ နှစ်ပြည့်ပီးသူများ (CDC လမ်းညွှန်ချက်များအရ)
  • ကိုယ်ခံအားစနစ်ထိန်းချုပ်ကုသမှုစတင်ခံယူမည့်သူများ



ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်ဖို့လိုအပ်မလဲ?

  • HBsAg နှင့် Anti-HBc စစ်ဆေးခြင်း (ယခင်/ယခုလတ်တလောတွင် ကူးစက်မှုရှိမရှိစစ်ဆေးနိုင်ရန်)
  • အကယ်၍အထက်ဖော်ပြပါစစ်ဆေးမှုတစ်ခုခုတွင် လက္ခဏာတွေ့ရှိခဲ့လျှင် HBV DNA ကိုဆက်လက်စစ်ဆေးပါ။



ဒါတွေကဘာကြောင့်အရေးပါသလဲ? : သင့်ကျန်းမာရေးကိုကာကွယ်ပါ။ 

HBVr သည်ပြင်းထန်သောအသည်းပျက်စီးခြင်း၊ လုပ်ငန်းစဉ်ဖောက်ပြန်ယိုယွင်းခြင်း သို့မဟုတ် အသက်သေဆုံးသည်အထိဖြစ်စေနိုင်သည်။ ဖြစ်ပွားနိုင်ချေရှိသူများကိုစောစီးစွာရှာဖွေစစ်ဆေးပြီး ကာကွယ်စောင့်ရှောက်ကုသမှုများကြိုတင်ပြုလုပ်ထားခြင်းဖြင့် လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်သည်။
  • ကုသမှုမစတင်မီ သင်၏အသည်းရောင်အသားဝါ B ပိုးကူးစက်မှုအခြေအနေကို သိရှိရန်လိုအပ်သည်။ 
  • သင်၏ရောဂါဖြစ်ပွားနိုင်ချေအဆင့်ကိုလည်းကောင်းစွာနားလည်သိရှိရန်လိုအပ်သည်။ (Low, Moderate, High)
  • ပိုးသတ်ဆေးကုသမှု သို့မဟုတ် စောင့်ကြည့်လေ့လာစစ်ဆေးခြင်းအတွက် AGA မှချမှတ်ထားသောလမ်းညွှန်ချက်များကိုလိုက်နာပါ။
  • ဖြစ်ပွားနိုင်ချေအသင့်အတင့်ရှိသောအဆင့်သို့ရောက်ရှိနေလျှင် HBV DNA နှင့် အသည်းအင်ဇိုင်းများကိုပုံမှန်စောင့်ကြည့်စစ်ဆေးပါ။ 
  • သင့်ဆရာဝန်နှင့် ကြိုတင်ကာကွယ်ကုသရေးနည်းလမ်းများကိုဆွေးနွေးတိုင်ပင်ပါ။



နိဂုံး

AGA လမ်းညွှန်ချက်များသည် အသည်းရောင်အသားဝါ B ပိုးပြန်လည်ပြန့်ပွားခြင်းမှကြိုတင်ကာကွယ်ရန် နှင့် ကိုယ်ခံအားစနစ်ထိန်းချုပ်ကုသမှုခံယူနေရသူများအတွက် ကာကွယ်စောင့်ရှောက်မှုများပေးစွမ်းနိုင်ရန် ရှင်းလင်းတိကျသောလုပ်ဆောင်ချက်အဆင့်ဆင့်ကို ဖော်ပြထားသည်။ အကယ်၍သင့်တွင်ဖြစ်ပွားနိုင်ချေရှိနေပါက အသည်းရောင်အသားဝါ B ပိုးစစ်ဆေးရန်နှင့် ကြိုတင်ကာကွယ်ကုသမှုများပြုလုပ်နိုင်ရန် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။

 

သတင်းအချက်အလက်များပိုမိုသိရှိလိုပါသလား?

မိမိတို့အတွက်ကိုက်ညီသောသီးသန့်လမ်းညွှန်ချက်များရယူနိုင်ရန် အသည်းအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု သို့မဟုတ် ကူးစက်ရောဂါအထူးကုသမားတော်များနှင့်ဆွေးနွေးတိုင်ပင်ပါ။ စောစီးစွာရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတို့က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ပါသည်။
 
 
Tossapol Kerdsirichairat, MD, FACG, FASGE
Clinical Associate Professor of Medicine
Advanced/Bariatric Endoscopy, Digestive Disease Center
Bumrungrad International Hospital
 



 
For more information please contact:
  • အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန
    Tel. +662 011 2167 - 8
    Tel. +9595105105
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Last modify: մարտի 26, 2025

Related Packages

Related Health Blogs