bih.button.backtotop.text

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်းအတွက် အတွင်းကြည့်မှန်ပြောင်းဖြင့် အာရုံကြောပိနေခြင်းအား လွတ်အောင်လုပ်ခြင်း (Endoscopic Decompression for Spinal Canal Stenosis)

ကျောရိုးပျက်စီးလာသည့်အခါ ကယ်လ်စီယမ်ဓါတ်များစုခြင်းဖြင့် ခန္ဓာကိုယ်မှတုန့်ပြန်သည်။ ထို့ကြောင့် အရိုးများကြီးလာပြီး အရွတ်များသည် ပိုကြီးလာသောအရိုးကိုထိန်းရန် ပိုပြီးထူလာသည်။ ဤသို့ ပိုမိုကြီးထွားလာသော အရိုးနှင့်အရွတ်တို့သည် အချို့သောသူများတွင် အာရုံကြောများရှိနေသည့် ကျောရိုးတိုင်အတွင်းပေါက်ကို ကျဉ်းသွားစေသည်။ သို့ပါ၍ ထိုအပေါက်ထဲရှိအာရုံကြောများကို ဖိမိသွားသည်။ ပုံမှန်အားဖြင့် ကျောရိုးတိုင်အတွင်းပေါက်မှ ဖြာထွက်လာသောအာရုံကြောများ ပထမဆုံးအဖိခံရသည်။ ယင်းနောက် အခြေအနေပိုဆိုးလာပါက အာရုံကြောမကြီးနေရာတွင်ပါ ကျဉ်းသွားသည်။

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်းဆိုသည်မှာဘာလဲ။

ကျောရိုးပျက်စီးလာသည့်အခါ ကယ်လ်စီယမ်ဓါတ်များစုခြင်းဖြင့် ခန္ဓာကိုယ်မှတုန့်ပြန်သည်။ ထို့ကြောင့် အရိုးများကြီးလာပြီး အရွတ်များသည် ပိုကြီးလာသောအရိုးကိုထိန်းရန် ပိုပြီးထူလာသည်။ ဤသို့ ပိုမိုကြီးထွားလာသော အရိုးနှင့်အရွတ်တို့သည် အချို့သောသူများတွင် အာရုံကြောများရှိနေသည့် ကျောရိုးတိုင်အတွင်းပေါက်ကို ကျဉ်းသွားစေသည်။ သို့ပါ၍ ထိုအပေါက်ထဲရှိအာရုံကြောများကို ဖိမိသွားသည်။ ပုံမှန်အားဖြင့် ကျောရိုးတိုင်အတွင်းပေါက်မှ ဖြာထွက်လာသောအာရုံကြောများ ပထမဆုံးအဖိခံရသည်။ ယင်းနောက် အခြေအနေပိုဆိုးလာပါက အာရုံကြောမကြီးနေရာတွင်ပါ ကျဉ်းသွားသည်။

 


 

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်း ကြောင့် ရောဂါလက္ခဏာ ( ခုဖြစ်တတ်သည်။ ယင်းတို့မှာ နာခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် ထုံကျင်ခြင်းတို့ဖြစ်သည်။

နာခြင်း

အာရုံကြောဖိမိခြင်းကြောင့် လက်နှင့်ခြေထောက်တို့တွင် နာကျင်မည်။ ကိုက်သလိုမျိုးခံစားရပြီး အဆိုပါအာရုံကြောသွားသည့်တစ်လျှောက် ခံစားရမည်။ အဖိခံရသည့်အာရုံကြောအပေါ်မူတည်ပြီး နာကျင်မှုကလည်း အဆိုပါအာရုံကြောနှင့်သက်ဆိုင်သောနေရာများတွင် ဖြစ်ပေါ်သည်။

ကြွက်သားအားနည်းခြင်း

ကျောရိုးရှိအာရုံကြောများသည် ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သည်။ အဆိုပါအာရုံကြောများအားဖိမိပါက အာရုံကြောမှ ကြွက်သားတစ်လျှောက် လျှပ်စစ်အချက်ပြခြင်းဖြစ်စဉ် အနှောက်အယှက်ဖြစ်ပြီး ကြွက်သားများ အားနည်းလာမည်။

ထုံကျင်ခြင်း

အာရုံကြောများကိုဖိမိပါက အဆိုပါအာရုံကြောနှင့်ဆက်နွယ်နေသည့် အရေပြားမျက်နှာပြင်တွင် ခံစားမှုအာရုံမရှိခြင်း ဖြစ်တတ်သည်။


လူအများသိကြသည်မှာ ကျောရိုးပြဿနာရှိလျှင် ခါးနာမည်ဆိုသည်လောက်ပင်ဖြစ်သည်။ အမှန်မှာ ခြေလက်တို့တွင်ဖြစ်သော လက္ခဏာများသည် ပိုမိုအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ခြေလက်တို့တွင်ဖြစ်သော လက္ခဏာများသည် အာရုံကြောထိခိုက်နေခြင်းကို ပြဆိုသောကြောင့် ဖြစ်သည်။


ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်း၏လက္ခဏာများသည် ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်းနှင့်မတူပါ။ အတွင်းပေါက်ကျဉ်း၍ဖြစ်သောလက္ခဏာများသည် ဖြည်းဖြည်းခြင်းပေါ်လာပြီး အထူးသဖြင့် လမ်းအကွာအဝေးများများလျှောက်ခြင်း သို့မဟုတ် တစ်နေရာတည်းတွင် အကြာကြီးမတ်တပ်ရပ်ပြီးနောက် ခြေထောက်များတွင် ကိုက်ကာ၊ လေးနေတတ်သည်။ လက္ခဏာများသည် ကွေးလိုက်သောအခါ သိို့မဟုတ် ဆောင့်ကြောင့်ထိုင်လိုက်သောအခါ ကောင်းသွားသည်။ ထို့ကြောင့် ကုသ၍ရသောကျောရိုးပြဿနာဟု မသိဘဲ ပုံမှန် အသက်ကြီးပင်ပန်း၍ဖြစ်သည်ဟု နားလည်မှုလွဲတတ်သည်။

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်း၏လက္ခဏာများသည် ဆေးသောက်၍လည်းမပျောက်၊ ပုံမှန် လေ့ကျင့်ခန်းဖြင့်လည်းမပျောက်၊ ခွဲစိတ်ရန်လည်းမသင့်တော်ပါက ကျောရိုးတွင်းသို့ စတီးရွိုက်ဆေးများထိုးခြင်းသည် အခြားကုသနည်းလမ်းတစ်ခုဖြစ်သည်။

အဏုကြည့်မှန်ပြောင်းကိုသုံးပြီး ခွဲစိတ်ဆရာဝန်သည် မပျက်စီးသော တစ်သျှူးအကောင်းများကိုမထိစေဘဲ အာရုံကြောများအားဖိနေသော အရိုးအပိုနှင့် ရိုးဆက်ချပ်ပြားဝိုင်းတို့ကို ဖယ်ရှားပါသည်။ တစ်ခါတစ်ရံတွင် မြင်ကွင်းပိုကောင်းစေရန် ခွဲကြောင်းရာကို ချဲ့ဖို့လိုအပ်ပါသည်။


အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်သည် ၈ မီလီမီတာခန့်ရှိသော ခွဲကြောင်းမှတဆင့် အတွင်းကြည့်မှန်ပြောင်းကိုထည့်ပါသည်။ အတွင်းကြည့်မှန်ပြောင်းထိပ်ရှိ မှန်ဘီလူးသည် လူ့ခန္ဓာကိုယ်တွင်းတွင် ခွဲစိတ်ဆရာဝန်၏ မျက်စိနှင့်တူပါသည်။ ထိုမှန်ဘီလူးက ပျက်စီးနေသောအပိုင်းများကို ပိုမိုရှင်းလင်းတိကျစွာ မြင်စေနိုင်ပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်သည် အကောင်းအတိုင်းရှိနေသော ပတ်ဝန်းကျင်မှ ကြွက်သားနှင့်တစ်သျှူးများကိုမထိဘဲ ပြဿနာရှိသောနေရာကိုသာ ခွဲထုတ်ပါသည်။

ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းသည့်ရောဂါတွင် ခွဲစိတ်ဆရာဝန်သည် အနည်းငယ်ပိုကြီးသည့်အတွင်းကြည့်မှန်ပြောင်းနှင့် အထူးပြုလုပ်ထားသောကိရိယာများကိုသုံးခြင်းဖြင့် ခွဲစိတ်မှုပိုမိုထိရောက်ပြီး လူနာ နာလန်ထပိုမြန်စေပါသည်။

အတွင်းကြည့်မှန်ပြောင်းသည် ခွဲစိတ်ကိရိယာတစ်ခုဖြစ်ပြီး ကင်မရာတပ်ဆင်ထားကာ “သင့်လက်ချောင်းထိပ်ထက် ပိုသေးငယ်ပါသည်။” အတွင်းကြည့်မှန်ပြောင်းသည် ပိုက်ငယ်လေးသဖွယ်ဖြစ်ပြီး လုံးပတ်မှာ ၈ မီလီမီတာသာရှိပြီး ထိပ်တွင် မှန်ဘီလူးပါရှိပါသည်။ မှန်ဘီလူးအား ဘေးဘက်ရှိအင်္ဂါများကို ပိုမိုမြင်နိုင်ရန် အနည်းငယ်စောင်းထားပါသည်။ ထို့အပြင် အတွင်းကြည့်မှန်ပြောင်းတွင် ဖိုက်ဘာအော့ပ်တစ် အလင်းမျှင်များပါသဖြင့် မြင်ကွင်းပိုကောင်းပြီး သေးငယ်သောရေပိုက်ကလေးလည်း ပါရှိပါသည်။ ခွဲစိတ်ကိရိယာအားလုံးသည် ဤပိုက်ငယ်လေးတွင်းမှဖြတ်သန်းရသဖြင့် ခွဲကြောင်းရာသည်လည်း ၈ မီလီမီတာသာလိုပါသည်။

အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း၏ အကျိုးကျေးဇူးများ

  • ခွဲစိတ်ရာသေးငယ်ခြင်း
  • ခွဲစိတ်မှုကြောင့် နာကျင်ခြင်းအနည်းငယ်သာရှိခြင်း
  • ပိုးဝင်နိုင်ခြေနည်းခြင်း
  • ခွဲစိတ်သည့်နေရာတွင် ဘေးရှိတစ်သျှူးအကောင်းများအား ထိခိုက်မှုနည်းခြင်း
  • နာလန်ထမြန်ခြင်း - ၂၄ နာရီအတွင်းဆေးရုံဆင်းနိုင်ခြင်း
  • စရိတ်သက်သာခြင်း
လူနာအားမေ့ဆေးပေးပြီးသောအခါ ခွဲစိတ်ဆရာဝန်သည် ၈ မီလီမီတာခန့်ရှိခွဲကြောင်းလေးမှတဆင့် အတွင်းကြည့်မှန်ပြောင်းအား ပိနေသောအာရုံကြောများရှိရာသို့ ဘေးမှတစ်သျှူးအကောင်းများအား မပျက်စီးစေဘဲ တိုက်ရိုက်ထည့်သွင်းပါမည်။ အတွင်းကြည့်မှန်ပြောင်းမှတဆင့် ဆရာဝန်သည် အာရုံကြောများအား ကောင်းစွာမြင်ရပြီး ဖိနေသည့်အရာမှာ ဖောင်းလာသောရိုးဆက်ချပ်ပြားဝိုင်းဖြစ်စေ၊ အဆစ်၊ အရွတ်များကြီးလာသောကြောင့် ကျဉ်းနေသောအပိုင်းဖြစ်စေ အာရုံကြောအား ဖိနေသောအပိုင်းကိုသာဖယ်ရှားပါမည်။ ခွဲစိတ်မှုတစ်ခုလုံးသည် မိနစ် ၃၀ မှ ၄၅ မိနစ်သာကြာပါသည်။ ခွဲပြီးပြီးခြင်း လူနာသည် လမ်းလျှောက်နိုင်ပါသည်။

 

一般情况下,建议接受此手术的适应症有:经过保守治疗无效者、慢性疼痛者、腿部明显无力者、大小便失禁者等。

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 8.40 of 10, based on 5 vote(s)

Related Health Blogs