bih.button.backtotop.text

Ultrasound ဖြင့်ဦးနှောက်သွေးကြောများကိုလေ့လာစစ်ဆေးခြင်း

մայիսի 16, 2024

တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဦးနှောက်သွေးကြောကျဉ်းနေသောအခြေအနေများရှိနေနိုင်သည်။ သို့သော်ကုသမှုမခံယူပါက အနာဂတ်တစ်ချိန်တွင်ဦးနှောက်သွေးကြောဆိုင်ရာပြဿနာ တစ်နည်းအားဖြင့် လေဖြတ်ခြင်းများဖြစ်လာနိုင်သည်။



တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဦးနှောက်သွေးကြောကျဉ်းနေသောအခြေအနေများရှိနေနိုင်သည်။
သို့သော်ကုသမှုမခံယူပါက အနာဂတ်တစ်ချိန်တွင်ဦးနှောက်သွေးကြောဆိုင်ရာပြဿနာ တစ်နည်းအားဖြင့် လေဖြတ်ခြင်းများဖြစ်လာနိုင်သည်။

ထို့ကြောင့်ဤအခြေအနေကိုရှာဖွေစစ်ဆေးပြီး ကြိုတင်ကာကွယ်ကုသမှုခံယူရန်အလွန်အရေးကြီးသည်။ အလွန်ကူဆုံးနှင့်အလျှင်မြန်ဆုံးနည်းလမ်းမှာ Ultrasound ရိုက်ကာဦးနှောက်သွေးကြောများကိုလေ့လာစစ်ဆေးခြင်းဖြစ်သည်။ Carotid Ultrasound ဆိုသည်မှာ လည်ပင်းတစ်ဝိုက်တွင်ရှိပြီး နှလုံးမှသွေးများကိုဦးနှောက်သို့ပို့ဆောင်ပေးနေသည့် Carotid သွေးလွှတ်ကြောမကြီးကိုလေ့လာစစ်​ဆေးခြင်းဖြစ်သည်။ ဤသို့စစ်ဆေးခြင်းဖြင့် သွေးလွှတ်ကြောအတွင်း အနည်များ၊ အဆီအနှစ်များစုဝေးနေခြင်းရှိမရှိကိုသိနိုင်သည်။

အကယ်၍အနည်အဖတ်များစုဝေးနေခဲ့လျှင် ဦးနှောက်သို့သွားသောသွေးစီးဆင်းမှုအလုံအလောက်မရှိနိုင်တော့ပေ။ ထိုသို့မဟုတ်လျှင်လည်း အဖတ်လေးတစ်ခုကသွေးကြောကိုပိတ်ဆို့သွားပြီး ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများကိုဖြစ်စေနိုင်သည်။
နောက်ထပ်နည်းလမ်းတစ်ခုမှာ TCD or Transcranial Doppler Ultrasound ဟုခေါ်သည်။ TCD မှာ ဦးနှောက်အတွင်းမှသွေးလွှတ်ကြောများနှင့် လည်ပင်းမှတက်သွားသော Carotid သွေးလွှတ်ကြောမကြီး၏သွေးကြောအခွဲများ ကျဉ်းခြင်း၊ ပိတ်ဆို့ခြင်းရှိမရှိ Ultrasound ရိုက်ကာလေ့လာခြင်းဖြစ်သည်။ အန္တရာယ်ဖြစ်နိုင်ချေများသောအချက်အလက်များ ဥပမာ - အသက် 55 နှစ်နှင့်အထက်ရှိသူများ၊ ဆေးလိပ်၊ အရက်သောက်သုံးတတ်သူများ၊ ဆီးချို၊ သွေးတိုးနှင့်သွေးတွင်းအဆီဓာတ်များခြင်းစသောရောဂါအခံရှိသူများ၊ အဝလွန်သူများ၊ အိပ်ပျော်နေစဉ်အသက်ရှူခေတ္တရပ်ခြင်းကိုခံစားနေရသူများ၊ မိသားစုထဲတွင် နှလုံးသွေးကြောကျဉ်းခြင်း နှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်တတ်သောရာဇဝင်ရှိသူများ အနေဖြင့် ဤလေ့လာစစ်ဆေးမှုများကိုခံယူသင့်သည်။ စစ်ဆေးရာတွင် သွေးကြောအတွင်းအဆီအနှစ်များပိတ်ဆို့နေသည်ကိုတွေ့ရှိလျှင် အသုံးများသောကုသမှုနည်းလမ်းမှာ သောက်ဆေးများပေးခြင်းဖြစ်သော်လည်း သွေးကြောများအလွန်ကျဉ်းမြောင်းနေပြီး ဦးနှောက်သွေးစီးဆင်းမှုမလုံလောက်သောအခြေအနေဆိုပါက သောက်ဆေးဖြင့်ကုသ၍မရနိုင်တော့ပါ။ ထိုအခါ ဦးနှောက်ဆီသို့သွေးစီးဆင်းမှုမပြတ်တောက်သွားစေရန်၊ သွေးကြောများကိုပွင့်နေစေရန် Stent ပြွန်ချောင်းများအစားထိုးထည့်သွင်းခြင်း သို့မဟုတ် အနည်အဖတ်များပိတ်ဆို့နေသောနေရာကိုခွဲထုတ်ခြင်းက အဓိကကုသမှုနည်းလမ်းဖြစ်သည်။ အချုပ်ဆိုရလျှင် Carotid Ultrasound သည်လွန်ကူလျှင်မြန်သောစစ်ဆေးမှုတစ်ခုဖြစ်သည်။ ကြာမြင့်ချိန် 15 မိနစ်မှ မိနစ် 20 ခန့်သာရှိပြီး နာကျင်မှုမရှိပဲ စစ်ဆေးမှုပြီးဆုံးသည်နှင့်အဖြေကိုချက်ချင်းသိရှိနိုင်သည်။ အစောပိုင်းတွင်ဖော်ပြခဲ့သောဖြစ်ပွားနိုင်ချေမြင့်မားသူများအတွက် Carotid Ultrasound နှင့် TCD စစ်ဆေးမှုများဖြင့် ဦးနှောက်သွေးကြောပိတ်နိုင်ချေအန္တရာယ်များကိုရှာဖွေစစ်ဆေးကာ  လေဖြတ်ခြင်းမှကြိုတင်ကာကွယ်ရန် ကျွန်ုပ်တို့ဆီလာရောက်ဖို့ဖိတ်ခေါ်အပ်ပါသည်။





 
For more information please contact:
  • Neuroscience Center
    Tel: +66 2011 3994
    Tel: +66 2011 3995
    Tel: +66 2011 3996