bih.button.backtotop.text

အရေပြားတွင် အပေါက်ငယ်လေးများဖောက်ပြီး ခါးရိုးဆစ်တွဲဆက်ခြင်း (Percutaneous Transforaminal Lumbar Interbody Fusion)

TLIF သည် ကျောဘက်မှ အပေါက်ငယ်လေးဖောက်ခါ ခါးရိုးဆစ်နှစ်ခုကြားရှိ ရိုးဆက်ချပ်ပြားဝိုင်းအား ဖယ်ထုတ်ပြီး အဆိုပါခါးရိုးဆစ်နှစ်ခုကိုတွဲဆက်ခြင်း ဖြစ်သည်။

သမရိုးကျနည်းတွင် TLIF အား နောက်ကျောအလယ်ဘက်တွင် ခွဲစိတ်ရာအကြီးကြီးပေးပြီး “ဖွင့်၍” ခွဲစိတ်နည်းကိုသုံးသည်။ အဆိုပါခွဲကြောင်းမှတဆင့် ခွဲစိတ်ဆရာဝန်သည် ခါးရိုးဆစ်နှင့်ရိုးဆက်ချပ်ပြားဝိုင်းကိုမြင်ရရန် ဘေးမှကြွက်သားနှင့်တစ်သျှူးများကို ဖြတ်တောက်ဖယ်ရှားရသည်။ ထိုသို့ပြုလုပ်ရသဖြင့် လူနာသည်ဒဏ်ရာများပြီး နာလန်ထဖို့ကြာတတ်သည်။

Overview

အဆိုပါရှေးရိုးနည်းနှင့်မတူသည်က ကျွန်ုပ်တို့၏ခွဲစိတ်ဆရာဝန်များသည် TLIF ပြုလုပ်ရာတွင် ကျောဘက်ရှိအရေပြား၌ အပေါက်ငယ်လေးဖောက်ခါပြုလုပ်သည်။ ကြွက်သားများကို အရိုးမှခွာထုတ်ဖယ်ရှားစရာမလိုသဖြင့် လူနာသည် ခွဲစိတ်ပြီးနောက် နာကျင်မှုနည်းခြင်း၊ ခွဲစိတ်စဉ်တွင်လည်း သွေးထွက်နည်းခြင်းနှင့် လူကောင်းပုံမှန်ပိုပြီးမြန်မြန်ပြန်ဖြစ်ပါသည်။

ထို့အပြင် ဘမ်ရွန်ဂရက်ရှိ ကျောရိုးခွဲစိတ်ဆရာဝန်များသည် ဤအရေပြားတွင် အပေါက်ငယ်လေးများဖောက်ပြီးပြုလုပ်သည့်ခွဲစိတ်ခြင်း၏ ကောင်းကျိုးများနှင့် အို-လက်တံ (O-arm) ဟုခေါ်သော ခေတ်မီသော ကွန်ပျူတာလမ်းညွှန်ခွဲစိတ်နည်းပညာတို့၏ အားသာချက်များကို ပေါင်းစပ်အသုံးပြုပါသည်။ အို-လက်တံသည် ကားထဲမှ ဂျီပီအက်စ်လမ်းပြမြေပုံကဲ့သို့ အလုပ်လုပ်ပါသည်။ ၎င်းကြောင့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်နေစဉ် ၉၉% တိကျမှုရှိသော အချိန်နှင့်တပြေးညီမြင်ရသည့် ပြတ်သားသော သရီးဒီပုံရိပ်များကို တွေ့မြင်နိုင်ပါသည်။ အကျိုးရလဒ်ကတော့ ဆေးရုံတက်ရက်တိုပြီး လူနာမြန်မြန်နာလန်ပြန်ထခြင်းဖြစ်ပါသည်။

ဆိုးရွားသော ခါးရိုးကျည်းပေါင်းတက်သူများ သို့မဟုတ် ခါးရိုးဆစ်မငြိမ်ခြင်း (ခါးရိုးဆစ်ရှေ့သို့ချော်ထွက်ခြင်း) ဖြစ်သူများတွင် ခါးရိုးဆစ်တွဲဆက်ရန်နှင့် ရောဂါလက္ခဏာများသက်သာစေရန် ဤခွဲစိတ်မှုကို ပြုလုပ်ပါသည်။
အရေပြားတွင် အပေါက်ငယ်လေးများဖောက်ပြီး ခါးရိုးဆစ်တွဲဆက်ခြင်းအား မေ့ဆေးဖြင့်ပြုလုပ်ပါသည်။ လူနာအားခွဲစိတ်ရန် နေရာချထားပြီးသည့်အခါ အို -လက်တံအား မခွဲခင် သရီးဒီပုံရိပ်များရရန် အသုံးပြုပါမည်။ ဝက်အူများအား အရေပြားပေါ်ရှိအပေါက်ငယ်လေးများမှတဆင့် ထည့်ပါမည်။ ထို့နောက် အာရုံကြောအားဖိနေသည့် ပျက်စီးနေသောအရာများအား အဏုကြည့်မှန်ပြောင်းအကူအညီဖြင့် သေးငယ်သောလိုဏ်ခေါင်းလေးမှတဆင့် ဖယ်ထုတ်ပါမည်။ အစားထိုးအရိုးအား အရိုးသစ်ဖြစ်လာစေရန် အထောက်အကူအဖြစ် လွတ်သွားသောရိုးဆက်ချပ်ပြားဝိုင်းနေရာတွင်ထည့်ပါမည်။
  • သမရိုးကျခွဲစိတ်နည်းများဖြင့်ယှဉ်လျင် ဆေးရုံတက်ရက်တိုခြင်း
  • ခွဲစိတ်ပြီးနောက်နာကျင်မှုနည်းခြင်း
  • သွေးသွင်းစရာမလိုခြင်း
  • ၉၉% ထက်မက ပို၍တိကျမှုရှိခြင်း
  • ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင်း လမ်းလျှောက်နိုင်ခြင်း

မည်သည့်ခါးရိုးခွဲစိတ်မှုမျိုးတွင်မဆို အောက်ပါတို့အပါအဝင် အခြားအန္တရာယ်များရှိတတ်ပါသည်။

  • မည်သည့်ခွဲစိတ်မှုမျိုးတွင်မဆိုဖြစ်တတ်သော သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးခဲဖြစ်ပေါ်ခြင်းနှင့် မေ့ဆေးနှင့်မတည့်ခြင်းစသည့် အဖြစ်များသော နောက်ဆက်တွဲပြဿနာများ
  • ဆက်လိုက်သည့်အရိုးဆစ်များနှင့် ကပ်လျက်ရှိသောအဆစ်များ ပျက်စီးခြင်း

TLIF မပြုလုပ်မီ ခွဲစိတ်ဆရာဝန်နှင့် ဖြစ်နိုင်ချေရှိသော အန္တရာယ်နှင့်နောက်ဆက်တွဲပြဿနာများအား တိုင်ပင်ရန် အကြံပြုပါသည်။ ကျောရိုးခွဲစိတ်မှုမတိုင်မီနှင့်ခွဲပြီးနောက် ဆရာဝန်မှပေးသောညွှန်ကြားချက်များအား လိုက်နာခြင်းဖြင့် ခွဲစိတ်မှုကြောင့်ရလာနိုင်သည့် အန္တရာယ်များကို လျော့နည်းစေနိုင်ပါသည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 3 vote(s)

Related Health Blogs