bih.button.backtotop.text

ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးခြင်း : အဆုတ်ကင်ဆာကုသမှုအတွက် တွဲဖက်ဖော်အသစ်

ကင်ဆာရောဂါ ဓာတ်ခွဲစစ်ဆေးမှု အတည်ပြုရန် အချိန်အကြာမြင့်ဆုံး အသေချာဆုံးနည်းမှာ ဖြစ်ပွားသည့်နေရာမှ တစ်သျှူးဓာတ်ခွဲစစ်ဆေးခြင်းဟု လူသိများသည့် အသားစ ဖြတ်ယူစစ်ဆေးခြင်း  ဖြစ်သည်။ အချို့သောဓာတ်ခွဲစစ်ဆေးမှုများ ဥပမာ အချို့သော အဆုတ်ကင်ဆာအမျိုးအစားများအတွက် X-rays သို့မဟုတ် MRI ရိုက်ခြင်းသည် တိကျသောဓာတ်ခွဲစစ်ဆေးမှုအတွက် လုံလောက်ပြီး ဆရာဝန်များသည် အကောင်းဆုံးကုသမှု ဆုံးဖြတ်ရန် အသေးစိတ်အချက်အလက်များ ထပ်မံလိုအပ်သည်။ 

၄င်းသည် ဆရာဝန်များအတွက် မကြာခဏ အနှောင့်အယှက်ဖြစ်ပြီး အသားစဖြတ်ယူစစ်ဆေးရမည် မစစ်ဆေးရမည်ကို စိတ်သောက ဖြစ်ရသည်။ အကြောင်းမှာ ဝေဒနာခံစားရသောလူနာအား ခွဲစိတ်ဖြတ်ယူမှုလုပ်ဆောင်ခြင်းသည် ပိုမိုရှုပ်ထွေးမှု ဖြစ်ပွားစေနိုင်သည်။ အဆုတ်ကင်ဆာလူနာများအတွက် အဆုတ်သည် ခွဲစိတ်ဆရာဝန်များအတွက် ခွဲစိတ်မှုခက်ခဲရုံသာမက အဆုတ်ကင်ဆင်သမားများသည် သက်ကြီးရွယ်အိုများ ဖြစ်သောကြောင့် ခွဲစိတ်ဆရာဝန်များအတွက် ခက်ခဲနက်နဲမှုအန္တရာယ် များပြားသည်မှာ မှန်ကန်ပါသည်။ အသားစဓာတ်ခွဲစစ်ဆေးခြင်းသည် အချိန်ကြာမြင့်ပြီး စုစုပေါင်းကုသချိန်သည်လည်း ပိုမိုကြာမြင့်သည်။ ၄င်းစိန်ခေါ်မှုများသည် ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းအား “ကိုယ်တွင်းအရည်ဓာတ်ခွဲစစ်ဆေးခြင်း” ဟုခေါ်သည့် အောင်မြင်မှုရှိနေသော ဆဲများတွင်ကင်ဆာဆဲလ်တည်ရှိမှု အတည်ပြုသည့် နည်းလမ်းသစ်တစ်ခု ရှာဖွေရန် တွန်းအားဖြစ်စေခဲ့သည်။


ကိုယ်တွင်းအရည်ဓာတ်ခွဲစစ်ဆေးခြင်းဆိုသည်မှာဘာလဲ? 

၄င်းသည် လူနာထံမှ ဓာတ်ခွဲစစ်ဆေးရန် သွေးနမူနာ ၁၀ မီလီလီတာခန့် ထုတ်ယူခြင်း ဖြစ်သည်။ သို့သော်လည်း ၄င်းသွေးနမူနာကို ကင်ဆာဆဲလ်ရှိမရှိ စစ်ဆေးခြင်း မဟုတ်ဘဲ သွေးကြောအတွင်း လည်ပတ်နေသည့် ကင်ဆာဆဲလ်များ၏ DNA ကို စစ်ဆေးခြင်း ဖြစ်သည်။ ဤ DNA သည် သာမန် DNA များမှ ခွဲခြားနိုင်သည့် အဆင့်သို့ သန္ဓေပြောင်းလိမ့်မည်။ ဤအလွန်သေးငယ်သောနမူနာမှ တိကျစွာဖတ်နိုင်သော တုန့်ပြန်မှုအလွန်မြင့်မားသောကိရိယာများဖြင့် မစမ်းသပ်မီ နမူနာကို သန့်စင်ရေးလုပ်ငန်းစဉ် လုပ်ဆောင်သည်။ ဤနည်းလမ်း၏ လျှင်မြန်မှုသည် နောက်တဆင့်ကုသမှုအဆင့်သို့ လျှင်မြန်စွာ လုပ်ဆောင် နိုင်စေသည်။     

ဤစစ်ဆေးနည်းသည် မသေးငယ်သောဆဲလ်အဆုတ်ကင်ဆာ (NSCLC) ကုသရေးတွင် အလွန်အကျိုးရှိသည်။ အကြောင်းမှာ ၄င်းသည် ကင်ဆာဆဲလ်များကို တိုက်ရိုက်ပစ်မှတ်ထားပြီး ဘေးထွက်ဆိုးကျိုးနဲသည့် ပစ်မှတ်ထားကုထုံး အသုံးပြုမှုအတွက် ပိုမိုလျှင်မြန်စွာ ခွဲခြားနိုင်စေသည့်အခြေအနေ ဖန်တီးပေးသည်။ ဤကုသမှုနည်းလမ်း၏ တိကျမှုသဘောသဘာဝသည် ဆရာဝန်များအား မှန်ကန်သည့် ပစ်မှတ်ထားကုထုံးရွေးချယ်ရန် ကင်ဆာဆဲလ်တည်ရှိမှုတိကျသောအမျိုးအစားကို အလွန်အသေးစိတ်သည့်ရုပ်ပုံ လိုအပ်သည်။ 

၂၀၁၉ ခုနှစ် ဥရောပဆေးဘက်ဆိုင်ရာကင်ဆာအဖွဲ့အစည်း (ESMO) အစည်းအဝေးတွင် များပြားသောလေ့လာ တွေ့ရှိချက်များသည် ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးမှုကို ပိုမိုထိရောက်မှု ရှိစေခဲ့သည်။ ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးမှုသည် BFAST လေ့လာမှုတွင် တန်းဖိုးကြီးမားကြောင်း သက်သေပြခဲ့ပြီး သုတေသနပြုလုပ်သူများအား သမားရိုးကျအသားစစစ်ဆေးမှုဖြင့် တွေ့ရှိရသည့် အလားတူအချိုးကျ ALK သန္ဓေပြောင်းမှုဖြင့် NSCLC လူနာများ ခွဲခြားပေးရန် ကူညီပေး၍ လူနာများအား ပိုမို အချိန်မီ ထိရောက်သည့် ကုသမှုရှိစေရန် ပံ့ပိုးပေးသည်။ အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးအုပ်ချုပ်ရေးဌာနသည် NSCLC လူနာများအား EGFR tyrosine kinase inhibitor ဖြင့် ကုသမည် မကုသနည်ကို ဆုံးဖြတ်ရန် ကင်ဆာဆဲလ်များတွင် EGFR မျိုးရိုးဗီဇ သန္ဓေပြောင်းမှု စမ်းသပ်ရန် ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးမှု အသုံးပြုခြင်းကို အတည်ပြုခဲ့သည်။  

Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ဤဆေးဘက်ဆိုင်ရာနည်းပညာသစ်၏ အကျိုးကျေးဇူးများကို အထူးအလေးထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် Thermo Fisher Scientific မှ Oncomine™ Pan-Cancer Cell-Free Assay ကိုယ်ခန္ဓာအရည် ဓာတ်ခွဲစစ်ဆေးမှုစနစ်ကို တပ်ဆင်ရခြင်း ဖြစ်သည်။ ကိုယ်ပိုင်ရောဂါစစ်ဆေးမှုလုပ်ငန်းစဉ်ကို အစအဆုံး ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် အဖြေကို ပိုမိုလျှင်မြန်စွာနှင့် ဈေးသက်သာစွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ၄င်းသည် ဆရာဝန်များအား ကုသမှုကို အမြန်ဆုံး စတင်နိုင်မည့်အခွင့်အလမ်း ရှိမည်ဖြစ်ပြီး လူနာအတွက်လည်း ကုန်ကျစရိတ် သက်သာမည် ဖြစ်ပါသည်။ ထို့အပြင် Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် အချို့သောကင်ဆာအမျိုးအစားဝိသေသလက္ခဏာတစ်ခုဖြစ်သော မျိုးရိုးဗီဇပေါင်းစပ်မှုစမ်းသပ်ခြင်း ပြုလုပ်နိုင်သည့် ထိုင်းနိုင်ငံမှ တစ်ခုတည်းသောဌာန ဖြစ်သည်။  
 

ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးခြင်းသည် ကင်ဆာကုသရေးတွင် မည်သို့တိုးတက်မှုရှိမည်နည်း? 


လက်ရှိအချိန်တွင် ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးမှုအသုံးပြုခြင်းသည် အချို့သောဆေးဝါးများ တွဲဖက်စစ်ဆေးရေး ကိရိယာအဖြစ် ကန့်သတ်ချက်ရှိနေသေးသည်။ သို့သော်လည်း DNA သန္ဓေပြောင်းသက်သေပြချက်သည် သွေးကြောအတွင်း လည်ပတ်နေပြီး ဖြစ်သောကြောင့် နည်းပညာသည် ကင်ဆာကုသရေးအခြားအဆင့်အတွက် ဥပမာ ကင်ဆာရောဂါ ရောဂါနုသည့်အဆင့် စစ်ဆေးခြင်း၊ ကင်ဆာအသားပိုမဖြစ်ပွားမီအဆင့်အတွက် ထိရောက်မှုရှိသည်ဟု ထင်ရသည်။ ကိုယ်ခန္ဓာအရည် ဓာတ်ခွဲစစ်ဆေးခြင်းသည် နောက်ဆက်တွဲစစ်ဆေးမှုအတွက်လည်း ရည်ရွယ်သည်။ လူနာသည် ကုသမှုကောင်းစွာတုန့်ပြန်မှုရှိပါက သွေးကြောတွင်တွေ့ရှိရသည့် DNA သန္ဓေပြောင်းအဆင့်သည် ကျဆင်းလိမ့်မည်။ ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးခြင်းကို ထင်ရှားသည့်ရောဂါလက္ခဏာ ပြန်လည်ဖြစ်ပွားသည်အထိ စောင့်ဆိုင်းရန်မလိုဘဲ ကင်ဆာရောဂါပျောက်ကင်းကြောင်း အတည်ပြုရန် အသုံးပြုနိုင်သည်။ ခရီးဆက်ရန် အချိန်များစွာ ကျန်ရှိနေပါသေးသည်။ သို့သော်လည်း ကမ္ဘာတဝှမ်းမှ သုတေသနပြုလုပ်သူများသည် ဤစိတ်လှုပ်ရှားစရာကောင်းသည့် ဖြစ်နိုင်ဖွယ်များကို လုပ်ဆောင်နေပါသည်။ 

ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးခြင်းသည် လျှင်မြန်မှု အဆင်ပြေမှု လူနာအတွက်အနည်းဆုံးခံစားရမှုတို့ကြောင့် ကင်ဆာရောဂါ ကုသမှုတွင် မကြုံဖူးသေးသော တိုးတက်မှုတခုဟုဆိုလျှင် ချဲ့ကားပြောခြင်း မဟုတ်ပါ။ ဘက်စုံအသုံးပြုနိုင်မှုကြောင့် ၄င်းသည် ကိုလက်စထရော သို့မဟုတ် ဆီးချိုတိုင်းကိရိယာကဲ့သို့ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ် နှစ်ခုကြာ လုပ်ငန်းစဉ် စံချိန်တခု ဖြစ်လာလိမ့်မည်ဟု ကတိပြုလျှက်ရှိသည်။ လူနာတွင် ကြိုတင်လက္ခဏာပြသတိပေးခြင်းသည် ရောဂါအနုဆုံး အဆင့်တွင် ပြသနာဖြစ်လာနိုင်ကြောင်း ကြိုတင်ကာကွယ်ရန် ကုသမှုရွေးချယ်ရန် ချိန်ဆနိုင်ကြောင်း ဆိုလိုသည်။  
For more information please contact:

Related Packages

Related Health Blogs